ကုန်သွယ်ရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် တရုတ်၊ ပါကစ္စတန် နှင့် အာဖဂန်တို့ သဘောတူ

 41

Pika (NP News) - မေ ၂၅

တရုတ်၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သည် ကုန်သွယ်မှုနှင့် လုံခြုံရေးအပါအဝင် ကဏ္ဍအမျိုးမျိုးတွင် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပြောဆိုခဲ့သည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Ishaq Dar၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အာဖဂန် နစ္စတန် ယာယီနိုင်ငံခြားရေးဝန်ကြီး Amir Khan Muttaqi တို့သည် မေလ(၂၁)ရက်တွင် တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ အလွတ် သဘောဆွေးနွေးမှုတစ်ခုကို လုပ်ဆောင်ခဲ့ပြီးနောက် အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက “တရုတ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး တွေဟာ ဒေသတွင်းလုံခြုံရေးနဲ့ စီးပွားရေး ချိတ်ဆက်မှုကိုမြှင့်တင်ဖို့ သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှုကို အရေးကြီး တဲ့ ပလက်ဖောင်းတစ်ခုအဖြစ် ထပ်မံ အတည်ပြုခဲ့ပါတယ်။
၎င်းတို့သုံးဦးဟာ သံတမန်ဆက်ဆံရေး တိုးမြှင့်ရေး၊ ဆက်သွယ်ရေး အားကောင်းစေရေးနဲ့ ကုန်သွယ်မှု၊ အခြေခံ အဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို မြှင့်တင်ဖို့အတွက် လက်တွေ့ကျတဲ့ခြေလှမ်းတွေကို လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့သည် တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ် ပိုးလမ်းမ စီမံကိန်းကို တရုတ်-ပါကစ္စတန်စီးပွားရေး စင်္ကြံ (CPEC) မှ တစ်ဆင့် အာဖဂန်နစ္စတန်နိုင်ငံသို့ တိုးချဲ့ရန် သဘောတူညီခဲ့ကြကြောင်းလည်းသိရသည်။
တရုတ်နှင့် ပါကစ္စတန်နိုင်ငံတို့သည် အဆိုပါကိစ္စများအပြင် နှစ်နိုင်ငံကြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များကို ပိုမိုနက်ရှိုင်းလာအောင်လုပ်ဆောင်ရန်အတွက် သဘောတူညီခဲ့ကြကြောင်းလည်း သိရသည်။

Zawgyi Version:
ကုန္သြယ္ေရးႏွင့္ လုံၿခဳံေရးပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ရန္ တ႐ုတ္၊ ပါကစၥတန္ ႏွင့္ အာဖဂန္တို႔ သေဘာတူ
Pika (NP News) - ေမ ၂၅

တ႐ုတ္၊ ပါကစၥတန္ႏွင့္ အာဖဂန္နစၥတန္ႏိုင္ငံတို႔သည္ ကုန္သြယ္မႈႏွင့္ လုံၿခဳံေရးအပါအဝင္ က႑အမ်ိဳးမ်ိဳးတြင္ သုံးႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ေျပာဆိုခဲ့သည္။
ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီး Ishaq Dar၊ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိႏွင့္ အာဖဂန္ နစၥတန္ ယာယီႏိုင္ငံျခားေရးဝန္ႀကီး Amir Khan Muttaqi တို႔သည္ ေမလ(၂၁)ရက္တြင္ တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕၌ အလြတ္ သေဘာေဆြးေႏြးမႈတစ္ခုကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ အဆိုပါထုတ္ျပန္ခ်က္ ထြက္ေပၚလာျခင္းျဖစ္သည္။ ပါကစၥတန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက “တ႐ုတ္၊ ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္ႏိုင္ငံတို႔ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး ေတြဟာ ေဒသတြင္းလုံၿခဳံေရးနဲ႔ စီးပြားေရး ခ်ိတ္ဆက္မႈကိုျမႇင့္တင္ဖို႔ သုံးႏိုင္ငံပူးေပါင္းေဆာင္႐ြက္မႈကို အေရးႀကီး တဲ့ ပလက္ေဖာင္းတစ္ခုအျဖစ္ ထပ္မံ အတည္ျပဳခဲ့ပါတယ္။
၎တို႔သုံးဦးဟာ သံတမန္ဆက္ဆံေရး တိုးျမႇင့္ေရး၊ ဆက္သြယ္ေရး အားေကာင္းေစေရးနဲ႔ ကုန္သြယ္မႈ၊ အေျခခံ အေဆာက္အအုံဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကို ျမႇင့္တင္ဖို႔အတြက္ လက္ေတြ႕က်တဲ့ေျခလွမ္းေတြကို လုပ္ေဆာင္ဖို႔ ေဆြးေႏြးခဲ့ၾကပါတယ္” ဟု သတင္းထုတ္ျပန္ခဲ့သည္။
ထို႔ျပင္ ပါကစၥတန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ တ႐ုတ္ႏိုင္ငံ၏ ကမာၻလုံးဆိုင္ရာ အေျခခံအေဆာက္အအုံဖြံ႕ၿဖိဳး တိုးတက္ေရးအစီအစဥ္ ပိုးလမ္းမ စီမံကိန္းကို တ႐ုတ္-ပါကစၥတန္စီးပြားေရး စႀကႍ (CPEC) မွ တစ္ဆင့္ အာဖဂန္နစၥတန္ႏိုင္ငံသို႔ တိုးခ်ဲ႕ရန္ သေဘာတူညီခဲ့ၾကေၾကာင္းလည္းသိရသည္။
တ႐ုတ္ႏွင့္ ပါကစၥတန္ႏိုင္ငံတို႔သည္ အဆိုပါကိစၥမ်ားအျပင္ ႏွစ္ႏိုင္ငံၾကားကုန္သြယ္မႈႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ မ်ားကို ပိုမိုနက္ရႈိင္းလာေအာင္လုပ္ေဆာင္ရန္အတြက္ သေဘာတူညီခဲ့ၾကေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.