စစ်လက်နက်ပစ္စည်းတပ်ဆင်မှုများအတွက် ယူရို(၁၅၀)ဘီလျံအစီအစဉ်ကို ဥရောပသမဂ္ဂသဘောတူ

 94

Pika (NP News) - မေ ၂၅

ဥရောပသမဂ္ဂ၏ စစ်လက်နက်ပစ္စည်း တပ်ဆင်မှုဆိုင်ရာကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးပေးမှုများ လုပ်ဆောင်ရန် အတွက် အမေရိကန်ဒေါ်လာ (၁၆၉)ဘီလျံတန် ကြွေးမြီအစီအစဉ်ကို ဥရောပသမဂ္ဂသံတမန်များက အတည်ပြုခဲ့ ကြောင်း သိရသည်။
SAFE (ခဲယမ်းမီးကျည်ထောက်ပံ့ရေး၊ စစ်ဘက်ဆိုင်ရာဘဏ္ဍာရေးနှင့် ဥရောပ ကာကွယ်ရေး” အတွက် ပဏာမ ခြေလှမ်းကို မေလ(၂၁)ရက် တွင် ပထမဆုံးထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါသဘောတူညီချက်သည် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ဒရုန်းများ၊ ခဲယမ်းမီးကျည် များနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ အပါအဝင် စစ်ဘက်ဆိုင်ရာပစ္စည်းများအတွက် အတိုးနည်းသော ကြွေးမြီများကို သုံးစွဲခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဗြိတိန်နှင့် ယူကရိန်းတို့အပါအဝင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံမဟုတ်သော နိုင်ငံများသည်လည်း အဆိုပါအစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့သည် ယူကရိန်းကို နောက်ထပ်စစ်ရေးအကူအညီများ ပေးအပ်ရန် အတွက် အဆိုပါချေးငွေကို အသုံးပြုရန် စဉ်းစားနေကြောင်း Euronews က ရေးသားဖော်ပြခဲ့သည်။ ထို့ပြင် မည်သည့်စစ်လက်နက်ပစ္စည်းစနစ် အတွက်မဆို အစိတ်အပိုင်းများ၏ အနည်းဆုံး(၆၅) ရာခိုင်နှုန်းကို ဥရောပသမဂ္ဂ၊ ယူကရိန်း သို့မဟုတ် ဥရောပစီးပွားရေးနယ်မြေ/ဥရောပလွတ်လပ်သော ကုန်သွယ်မှုအသင်းအတွင်း ထုတ်လုပ်ရမည်ဖြစ်ပြီး ကျန်ရှိနေသော(၃၅)ရာခိုင်နှုန်းကို အခြားနိုင်ငံများတွင် ထုတ်လုပ်ရမည်ဖြစ်ကြောင်း သိရသည်။ ပြင်သစ်၊ ဂျာမနီ နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့ကဲ့သို့သော ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများအပြားသည် ဘတ်ဂျက်လိုငွေပြမှုနှင့် ကြွေးမြီများ မြင့်တက်လာခြင်းကြောင့် လူမှုထောက်ပံ့ရေးအစီအစဉ်များတွင် အသုံးစရိတ်ကို ဖြတ်တောက်လိုက်သည့်အချိန်တွင် အဆိုပါ ကြွေးမြီ အစီအစဉ်အသစ်ထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version:
စစ္လက္နက္ပစၥည္းတပ္ဆင္မႈမ်ားအတြက္ ယူ႐ို(၁၅၀)ဘီလ်ံအစီအစဥ္ကို ဥေရာပသမဂၢသေဘာတူ
Pika (NP News) - ေမ ၂၅
ဥေရာပသမဂၢ၏ စစ္လက္နက္ပစၥည္း တပ္ဆင္မႈဆိုင္ရာႀကိဳးပမ္းအားထုတ္မႈမ်ားကို ပံ့ပိုးေပးမႈမ်ား လုပ္ေဆာင္ရန္ အတြက္ အေမရိကန္ေဒၚလာ (၁၆၉)ဘီလ်ံတန္ ေႂကြးၿမီအစီအစဥ္ကို ဥေရာပသမဂၢသံတမန္မ်ားက အတည္ျပဳခဲ့ ေၾကာင္း သိရသည္။
SAFE (ခဲယမ္းမီးက်ည္ေထာက္ပံ့ေရး၊ စစ္ဘက္ဆိုင္ရာဘ႑ာေရးႏွင့္ ဥေရာပ ကာကြယ္ေရး” အတြက္ ပဏာမ ေျခလွမ္းကို ေမလ(၂၁)ရက္ တြင္ ပထမဆုံးထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါသေဘာတူညီခ်က္သည္ ဥေရာပ သမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားကို ဒ႐ုန္းမ်ား၊ ခဲယမ္းမီးက်ည္ မ်ားႏွင့္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား အပါအဝင္ စစ္ဘက္ဆိုင္ရာပစၥည္းမ်ားအတြက္ အတိုးနည္းေသာ ေႂကြးၿမီမ်ားကို သုံးစြဲခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ၿဗိတိန္ႏွင့္ ယူကရိန္းတို႔အပါအဝင္ ဥေရာပသမဂၢ အဖြဲ႕ဝင္ႏိုင္ငံမဟုတ္ေသာ ႏိုင္ငံမ်ားသည္လည္း အဆိုပါအစီအစဥ္တြင္ ပါဝင္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံအခ်ိဳ႕သည္ ယူကရိန္းကို ေနာက္ထပ္စစ္ေရးအကူအညီမ်ား ေပးအပ္ရန္ အတြက္ အဆိုပါေခ်းေငြကို အသုံးျပဳရန္ စဥ္းစားေနေၾကာင္း Euronews က ေရးသားေဖာ္ျပခဲ့သည္။ ထို႔ျပင္ မည္သည့္စစ္လက္နက္ပစၥည္းစနစ္ အတြက္မဆို အစိတ္အပိုင္းမ်ား၏ အနည္းဆုံး(၆၅) ရာခိုင္ႏႈန္းကို ဥေရာပသမဂၢ၊ ယူကရိန္း သို႔မဟုတ္ ဥေရာပစီးပြားေရးနယ္ေျမ/ဥေရာပလြတ္လပ္ေသာ ကုန္သြယ္မႈအသင္းအတြင္း ထုတ္လုပ္ရမည္ျဖစ္ၿပီး က်န္ရွိေနေသာ(၃၅)ရာခိုင္ႏႈန္းကို အျခားႏိုင္ငံမ်ားတြင္ ထုတ္လုပ္ရမည္ျဖစ္ေၾကာင္း သိရသည္။ ျပင္သစ္၊ ဂ်ာမနီ ႏွင့္ ဘယ္လ္ဂ်ီယံႏိုင္ငံတို႔ကဲ့သို႔ေသာ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံအမ်ားအျပားသည္ ဘတ္ဂ်က္လိုေငြျပမႈႏွင့္ ေႂကြးၿမီမ်ား ျမင့္တက္လာျခင္းေၾကာင့္ လူမႈေထာက္ပံ့ေရးအစီအစဥ္မ်ားတြင္ အသုံးစရိတ္ကို ျဖတ္ေတာက္လိုက္သည့္အခ်ိန္တြင္ အဆိုပါ ေႂကြးၿမီ အစီအစဥ္အသစ္ထြက္ေပၚလာျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.