မိုးရွာနေစဉ် အမြန်လမ်းပေါ်တက်မောင်းသော ဆိုင်ကယ်ကို ကားမှဝင်တိုက်မိသောကြောင့် အမျိုးသား(၂)ဦး ပွဲချင်းပြီးသေဆုံး

1414

လင်းနောင်(NP News)-မေ ၂၇
မိုးရွာနေစဉ် ရန်ကုန်-နေပြည်တော်အမြန်လမ်းပိုင်းပေါ်တက်မောင်းသော ဆိုင်ကယ်ကို ကားမှဝင်တိုက်မိသောကြောင့် အမျိုးသား(၂)ဦး ပွဲချင်းပြီးသေဆုံးသွား အမြန်လမ်းမီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ယမန်နေ့(မေလ ၂၆ ရက်)၊ ည ၁၁နာရီ ၃၀မိနစ်အချိန်ခန့်က ရန်ကုန်-နေပြည်တော် အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၈/၇) တွင်ဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အသက်(၃၈)နှစ်အရွယ် ယာဉ်မောင်း ဇင်မင်းထွန်း မောင်းနှင်ပြီး တစ်မြို့တည်းနေ အသက်(၅၂)နှစ်အရွယ် ကျော်ဦး လိုက်ပါ လာသော Nissan ADကားသည် အထက်ပါ မိုင်တိုင်အနီးအရောက်တွင် အမျိုးသား(၂)ဦးစီးနင်းလိုက်ပါလာသော ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
"မိုးကလည်း အားကောင်းတယ်။ မှောင်ကလည်းမှောင် ဆိုတော့ကားတွေရဲ့သဘောသဘာဝအရ ကားထဲမှာ ရေငွေ့ ပျံတော့ အရှေ့က မြင်ကွင်းကိုရှင်းရှင်းလင်းလင်း မမြင်ရဘူး။ အဲဒီမှာ ရုတ်တရက်ဆိုင်ကယ် သမားကလည်း ဝင်လာတဲ့အချိန်အချက်ပြ ဖို့ အားနည်း ဝာာကြောင့်တိုက်မိတာ"ဟု အမြန်လမ်းမီသတ်စခန်းမှ တာဝန်ရှိသူတစ်ဦး NP News ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်တွင် စီးနင်းလိုက်ပါလာသော အသက်(၃၅)နှစ်အရွယ် အောင်ကျော်ဝင်းသည် အခင်းဖြစ် နေရာ တွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ အမည်မသိ အမျိုးသားသည်လည်း ကားအရှေ့ခေါင်းရှိ မှန်ဖြင့်ချိတ် ပါသွားကာ ၁ ဖာလုံအကွာတွင် ကားပေါ်မှပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ယာဉ်မောင်း ဇင်မင်းထွန်းကို အမြန်လမ်း (အမှတ်-၃)ရဲစခန်းက ယာဉ်(ပ) ၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၄-က အရ အမှုဖွင့်အရေးယူထားပြီး အမြန်လမ်းမကြီးပေါ် ဆိုင်ကယ်တက်ရောက်မောင်းနှင်သူ ဆိုင်ကယ်ယာဉ်မောင်း အမည်မသိသေဆုံးသူ ကိုလည်း (အမှတ်-၃)ရဲစခန်းက (ပ)၇/၂၀၂၅၊ အမြန်လမ်းမကြီးဥပဒေပုဒ်မ- ၁၈ အရ အမှုဖွင့်ထားကြောင်း သိရသည်။

Zawgyi Version:
မိုး႐ြာေနစဥ္ အျမန္လမ္းေပၚတက္ေမာင္းေသာ ဆိုင္ကယ္ကို ကားမွဝင္တိုက္မိေသာေၾကာင့္ အမ်ိဳးသား(၂)ဦး ပြဲခ်င္းၿပီးေသဆုံး
လင္းေနာင္(NP News)-ေမ ၂၇
မိုး႐ြာေနစဥ္ ရန္ကုန္-ေနျပည္ေတာ္အျမန္လမ္းပိုင္းေပၚတက္ေမာင္းေသာ ဆိုင္ကယ္ကို ကားမွဝင္တိုက္မိေသာေၾကာင့္ အမ်ိဳးသား(၂)ဦး ပြဲခ်င္းၿပီးေသဆုံးသြား အျမန္လမ္းမီးသတ္စခန္းမွတာဝန္ရွိသူတစ္ဦးထံမွ သိရသည္။
ယမန္ေန႔(ေမလ ၂၆ ရက္)၊ ည ၁၁နာရီ ၃၀မိနစ္အခ်ိန္ခန႔္က ရန္ကုန္-ေနျပည္ေတာ္ အျမန္လမ္း၊ မိုင္တိုင္အမွတ္ (၁၈/၇) တြင္ျဖစ္ပြား ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ အသက္(၃၈)ႏွစ္အ႐ြယ္ ယာဥ္ေမာင္း ဇင္မင္းထြန္း ေမာင္းႏွင္ၿပီး တစ္ၿမိဳ႕တည္းေန အသက္(၅၂)ႏွစ္အ႐ြယ္ ေက်ာ္ဦး လိုက္ပါ လာေသာ Nissan ADကားသည္ အထက္ပါ မိုင္တိုင္အနီးအေရာက္တြင္ အမ်ိဳးသား(၂)ဦးစီးနင္းလိုက္ပါလာေသာ ဆိုင္ကယ္အား ဝင္တိုက္မိခဲ့ေၾကာင္း သိရသည္။
"မိုးကလည္း အားေကာင္းတယ္။ ေမွာင္ကလည္းေမွာင္ ဆိုေတာ့ကားေတြရဲ႕သေဘာသဘာဝအရ ကားထဲမွာ ေရေငြ႕ ပ်ံေတာ့ အေရွ႕က ျမင္ကြင္းကိုရွင္းရွင္းလင္းလင္း မျမင္ရဘူး။ အဲဒီမွာ ႐ုတ္တရက္ဆိုင္ကယ္ သမားကလည္း ဝင္လာတဲ့အခ်ိန္အခ်က္ျပ ဖို႔ အားနည္း ဝာာေၾကာင့္တိုက္မိတာ"ဟု အျမန္လမ္းမီသတ္စခန္းမွ တာဝန္ရွိသူတစ္ဦး NP News ကိုေျပာသည္။
အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေပၚတြင္ စီးနင္းလိုက္ပါလာေသာ အသက္(၃၅)ႏွစ္အ႐ြယ္ ေအာင္ေက်ာ္ဝင္းသည္ အခင္းျဖစ္ ေနရာ တြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး ဆိုင္ကယ္ေမာင္းႏွင္သူ အမည္မသိ အမ်ိဳးသားသည္လည္း ကားအေရွ႕ေခါင္းရွိ မွန္ျဖင့္ခ်ိတ္ ပါသြားကာ ၁ ဖာလုံအကြာတြင္ ကားေပၚမွျပဳတ္က်ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ယာဥ္ေမာင္း ဇင္မင္းထြန္းကို အျမန္လမ္း (အမွတ္-၃)ရဲစခန္းက ယာဥ္(ပ) ၉/၂၀၂၅၊ ရာဇသတ္ႀကီးပုဒ္မ- ၃၀၄-က အရ အမႈဖြင့္အေရးယူထားၿပီး အျမန္လမ္းမႀကီးေပၚ ဆိုင္ကယ္တက္ေရာက္ေမာင္းႏွင္သူ ဆိုင္ကယ္ယာဥ္ေမာင္း အမည္မသိေသဆုံးသူ ကိုလည္း (အမွတ္-၃)ရဲစခန္းက (ပ)၇/၂၀၂၅၊ အျမန္လမ္းမႀကီးဥပေဒပုဒ္မ- ၁၈ အရ အမႈဖြင့္ထားေၾကာင္း သိရသည္။