စားအုန်းဆီရည်ညွှန်းဈေးကျဆင်းလာသော်လည်း ဒေသအချို့တွင်ဈေးကြီးပေး ဝယ်နေရ

419

နိုးနိုး(NP News)-မေ ၂၇
စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ စားအုန်းဆီရည်ညွှန်းဈေး ကျဆင်းလာ သော်လည်း ဒေသအချို့တွင်ဈေးကြီးပေး ဝယ်ယူနေရကြောင်း ဒေသခံများထံ NP Newsသတင်းဌာနက ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
စာအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ (မေလ၂၆ရက်)မှ ဇွန်၁ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စာအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် (၆၃၉၀) ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ မြန်မာ နိုင်ငံသို့ CIF စနစ်အရ တင်သွင်းနေသည့် စားအုန်းဆီ တစ်တန်ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှဆက်တိုက်ကျဆင်းလာခဲ့ရာ ပြည်တွင်းတစ်ပိဿာလက်ကားရည်ညွှန်းဈေးနှုန်းမှာ လည်း အဆိုပါ ၅ လတာကာလအတွင်း (၈၉၀)ကျပ် ကျဆင်းလာကြောင်း သိရပါသည်။
သို့သော် အခြားသောဒေသများတွင် သယ်ယူပို့ဆောင်ခစရိတ်မြင့်မားခြင်းကြောင့် စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးနှုန်းထက် အဆမ တန်ပိုသော ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနေရကြရကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းမှ ဒေသခံတစ်ဦးက ဆိုသည်။
"အစိုးရကသတ်မှတ်ထားတာက တစ်ပိဿာကို ကျပ်(၆၃၉၀) တကယ်တမ်းကြတော့ အပြင်မှာရောင်းနေတာက တစ်လီတာဘူး (၅၀သား) ကို ကျပ်(၈၀၀၀)နဲ့ ရောင်းတယ်။အဲ့ဒါတောင် မြို့ပေါ်မှာပဲရှိသေးတယ်။တောင်ပေါ်မှာဆိုရင်တစ်လီတာဘူး တစ်ဘူးကို (၈၅၀၀) ကျပ် တစ်ပိဿာဆိုရင် တွက်ကြည့်ပေတော့" ဟုရှမ်းပြည်နယ်တောင်ပိုင်းမှ ဒေသခံတစ်ဦးကပြောသည်။
ထို့ကြောင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင် မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း စာအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီကအသိပေး ထုတ်ပြန်ထားသည်။

Zawgyi Version:
စားအုန္းဆီရည္ၫႊန္းေဈးက်ဆင္းလာေသာ္လည္း ေဒသအခ်ိဳ႕တြင္ေဈးႀကီးေပး ဝယ္ေနရ
ႏိုးႏိုး(NP News)-ေမ ၂၇
စားအုန္းဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီ၏ ထုတ္ျပန္ခ်က္အရ စားအုန္းဆီရည္ၫႊန္းေဈး က်ဆင္းလာ ေသာ္လည္း ေဒသအခ်ိဳ႕တြင္ေဈးႀကီးေပး ဝယ္ယူေနရေၾကာင္း ေဒသခံမ်ားထံ NP Newsသတင္းဌာနက ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
စာအုန္းဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီ၏ ယေန႔ (ေမလ၂၆ရက္)မွ ဇြန္၁ရက္အထိ ရန္ကုန္အထိုင္ေဈး အေျခခံလက္ကားရည္ၫႊန္းေဈးႏႈန္းမွာ စာအုန္းဆီတစ္ပိႆာလွ်င္ ေငြက်ပ္ (၆၃၉၀) ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
စားအုန္းဆီ အဓိကထုတ္လုပ္တင္ပို႔သည့္ အင္ဒိုနီးရွားႏွင့္ မေလးရွားႏိုင္ငံတို႔မွ ျမန္မာ ႏိုင္ငံသို႔ CIF စနစ္အရ တင္သြင္းေနသည့္ စားအုန္းဆီ တစ္တန္ေဈးႏႈန္းမွာ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလမွဆက္တိုက္က်ဆင္းလာခဲ့ရာ ျပည္တြင္းတစ္ပိႆာလက္ကားရည္ၫႊန္းေဈးႏႈန္းမွာ လည္း အဆိုပါ ၅ လတာကာလအတြင္း (၈၉၀)က်ပ္ က်ဆင္းလာေၾကာင္း သိရပါသည္။
သို႔ေသာ္ အျခားေသာေဒသမ်ားတြင္ သယ္ယူပို႔ေဆာင္ခစရိတ္ျမင့္မားျခင္းေၾကာင့္ စားအုန္းဆီသတ္မွတ္ရည္ၫႊန္းေဈးႏႈန္းထက္ အဆမ တန္ပိုေသာ ေဈးႏႈန္းျဖင့္ ဝယ္ယူသုံးစြဲေနရၾကရေၾကာင္း ရွမ္းျပည္နယ္ေတာင္ပိုင္းမွ ေဒသခံတစ္ဦးက ဆိုသည္။
"အစိုးရကသတ္မွတ္ထားတာက တစ္ပိႆာကို က်ပ္(၆၃၉၀) တကယ္တမ္းၾကေတာ့ အျပင္မွာေရာင္းေနတာက တစ္လီတာဘူး (၅၀သား) ကို က်ပ္(၈၀၀၀)နဲ႔ ေရာင္းတယ္။အဲ့ဒါေတာင္ ၿမိဳ႕ေပၚမွာပဲရွိေသးတယ္။ေတာင္ေပၚမွာဆိုရင္တစ္လီတာဘူး တစ္ဘူးကို (၈၅၀၀) က်ပ္ တစ္ပိႆာဆိုရင္ တြက္ၾကည့္ေပေတာ့" ဟုရွမ္းျပည္နယ္ေတာင္ပိုင္းမွ ေဒသခံတစ္ဦးကေျပာသည္။
ထို႔ေၾကာင့္ ေဈးကစားရန္ ရည္႐ြယ္ခ်က္ျဖင့္ သိုေလွာင္ျခင္းႏွင့္ မသမာသည့္ လုပ္ေဆာင္မႈမ်ားျပဳလုပ္ပါက အေရးႀကီး ကုန္စည္ႏွင့္ ဝန္ေဆာင္ မႈဥပေဒအရ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း စာအုန္းဆီတင္သြင္းသိုေလွာင္ျဖန႔္ျဖဴးျခင္း လုပ္ငန္းႀကီး ၾကပ္ေရးေကာ္မတီကအသိေပး ထုတ္ျပန္ထားသည္။