ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ လုပ်ငန်းသစ် သုံးခုကိုခွင့်ပြု

 2596

ပြည့်ဖြိုး (NP News) - မေ ၃ဝ

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအနေဖြင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း (၁၂၀၀)ကျော်ဖန်တီးပေးနိုင်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၃)ခုကို ခွင့်ပြုပေးခဲ့ကြောင်း အဆိုပါကော်မတီမှ သိရသည်။

ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများအတွက် ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုနှင့် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုလုပ်ငန်း(၁)ခုတို့ကို မေလ ၂၉ ရက်က ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အတည်ပြုပေးခဲ့သည့်လုပ်ငန်းများတွင် မိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်ချုပ်လုပ်ခြင်းလုပ်ငန်းတို့ဖြစ်ပြီး အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ရင်းနှီးငွေပမာဏသည် ငွေကျပ်သန်း (၆,၆၁၃ ဒသမ ၂၅၀)နှင့် အမေရိကန်ဒေါ်လာ (၀ ဒသမ ၈၆၆)သန်းတို့ဖြစ်ရာ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၂၂၀)ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ပြည်တွင်းဝန်ထမ်း(၂၅၀၀)ထပ်မံတိုးမြှင့်ခန့်အပ်မည့် ကုမ္ပဏီတစ်ခုအပါအဝင် အထွေထွေကိစ္စရပ်များတင်ပြလာသည့် ကုမ္ပဏီ(၁၄)ခု၏ တင်ပြချက်များကိုပါ ဆွေးနွေးခဲ့ကြောင်းသိရသည်။

zawgyi version
ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီမွ လုပ္ငန္းသစ္ သုံးခုကိုခြင့္ျပဳ
ျပည့္ၿဖိဳး (NP News) - ေမ ၃ဝ

ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီအေနျဖင့္ ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္းေပါင္း (၁၂၀၀)ေက်ာ္ဖန္တီးေပးႏိုင္ေသာ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၃)ခုကို ခြင့္ျပဳေပးခဲ့ေၾကာင္း အဆိုပါေကာ္မတီမွ သိရသည္။

ျပည္တြင္းအလုပ္အကိုင္အခြင့္အလမ္းမ်ားအတြက္ ခြင့္ျပဳေပးခဲ့သည့္ လုပ္ငန္းမ်ားမွာ ဟိုတယ္ႏွင့္ ခရီးသြားက႑တြင္ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၂)ခုႏွင့္ စက္မႈက႑တြင္ ရာခိုင္ႏႈန္းျပည့္ ႏိုင္ငံျခားရင္း ႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း(၁)ခုတို႔ကို ေမလ ၂၉ ရက္က က်င္းပခဲ့သည့္ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ၏ (၅/၂၀၂၅)ႀကိမ္ေျမာက္ အစည္းအေဝးဆုံးျဖတ္ခ်က္အရ ခြင့္ျပဳေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အတည္ျပဳေပးခဲ့သည့္လုပ္ငန္းမ်ားတြင္ မိုတယ္ဝန္ေဆာင္မႈလုပ္ငန္း၊ ဟိုတယ္ဝန္ေဆာင္မႈလုပ္ငန္း၊ CMP စနစ္ျဖင့္ အဝတ္အထည္ခ်ဳပ္လုပ္ျခင္းလုပ္ငန္းတို႔ျဖစ္ၿပီး အဆိုပါရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ရင္းႏွီးေငြပမာဏသည္ ေငြက်ပ္သန္း (၆,၆၁၃ ဒသမ ၂၅၀)ႏွင့္ အေမရိကန္ေဒၚလာ (၀ ဒသမ ၈၆၆)သန္းတို႔ျဖစ္ရာ ျပည္တြင္းအလုပ္အကိုင္ အခြင့္အလမ္းေပါင္း (၁,၂၂၀)ကို ဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။

ထို႔ျပင္ ျပည္တြင္းဝန္ထမ္း(၂၅၀၀)ထပ္မံတိုးျမႇင့္ခန႔္အပ္မည့္ ကုမၸဏီတစ္ခုအပါအဝင္ အေထြေထြကိစၥရပ္မ်ားတင္ျပလာသည့္ ကုမၸဏီ(၁၄)ခု၏ တင္ျပခ်က္မ်ားကိုပါ ေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.