ရွှေလုပ်ငန်းလိုင်စင်လျှောက်ထားမှု ဆိုင်ပေါင်း ၁၅၀၀ ဝန်းကျင်အထိရောက်ရှိလာ

 259

(NP News) မေ ၃၁ ရက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်ငန်းလိုင်စင်လျှောက်ထားသည့် ရွှေဆိုင် ၁၅၀၀ အထိရှိလာပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ သိရသည်။
“လက်ရှိအချိန် လုပ်ငန်းလိုင်စင်လျှောက်ထားတဲ့ ဆိုင် ၁၅၀၀ လောက်မှာ ၁၀၀၀ လောက် လိုင်စင်ထုတ်ယူပြီးပါပြီ။ အခု လျှောက်ထားတာ ဆိုင်ကြီးတွေများပါတယ်။ ဆိုင်သေးတွေတော့ ကျန်နေသေးတယ်”လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြား သည်။
လိုင်စင်လျှောက်ထားရာတွင် မူလသတ်မှတ်ထားသည့် နောက်ဆုံးလျှောက်ထားရမယ့် ရက်သတ်မှတ်ချက်ကိုလည်း ဖြေလျှော့ပေးထားကာ ထပ်မံလျှောက်ထားခွင့်ပေးနေကြောင်း၊ ဓာတ်သတ္တု (ရွှေ)ရောင်းဝယ်သည့် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် လုပ်ငန်းပမာဏ၏ ၂၅ ရာခိုင်နှုန်းနှင့် ညီမျှသည့် ငွေကြေးပမာဏကို ဘဏ်တွင် အပ်နှံထားသောအထောက်အထား (Bank Statement) တင်ပြရမှာဖြစ်ပြီး အရောင်းအဝယ်ပမာဏကို ရွှေအချိန်နှင့် ဖော်ပြပေးရမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း (သို့မဟုတ်) YGEA ၏ အဖွဲ့ဝင်ဖြစ်ကြောင်းထောက်ခံချက်၊ မြို့နယ် ထွေအုပ် ဦးစီးမှူး၏ ရွှေဆိုင်အတွက် လိုင်စင်လျှောက်ထားခြင်းကို ကန့်ကွက်မှုမရှိကြောင်းထောက်ခံချက်၊ ရဲတပ်ဖွဲ့၏ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံချက်တို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။
ထို့အတူအခွန်ဆောင်ထားသည့် သက်ဆိုင်ရာပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်းထောက်ခံချက်နှင့် စည်ပင်သာယာရေးကော်မတီမှ ထုတ်ပေးထားသည့် လုပ်ငန်းလိုင်စင် ရှိပါကလည်း ပူးတွဲတင်ပြရမည်ဟုသိရသည်။
လက်ရှိတွင် ရွှေဆိုင်များအနေဖြင့် မြေပြင်တွင် ရွှေရောင်းဝယ်ခြင်းလုပ်ကိုင်ဆောင်ရွက်ရန်အတွက် လုပ်ငန်းလိုင်စင်လျှောက်ထားရယူရန် နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကိုလိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူခြင်းခံရမှာဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားကာ အွန်လိုင်းတွင် ရောင်းချပါက အွန်လိုင်းလိုင်စင်လျှောက်ထားရန် မေတ္တာရပ်ခံထားကြောင်း YGEA မှ သိရသည်။

Zawgyi Version:
ေ႐ႊလုပ္ငန္းလိုင္စင္ေလွ်ာက္ထားမႈ ဆိုင္ေပါင္း ၁၅၀၀ ဝန္းက်င္အထိေရာက္ရွိလာ
(NP News) ေမ ၃၁ ရက္
ရန္ကုန္တိုင္းေဒသႀကီးအတြင္း လုပ္ငန္းလိုင္စင္ေလွ်ာက္ထားသည့္ ေ႐ႊဆိုင္ ၁၅၀၀ အထိရွိလာၿပီျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA)မွ သိရသည္။
“လက္ရွိအခ်ိန္ လုပ္ငန္းလိုင္စင္ေလွ်ာက္ထားတဲ့ ဆိုင္ ၁၅၀၀ ေလာက္မွာ ၁၀၀၀ ေလာက္ လိုင္စင္ထုတ္ယူၿပီးပါၿပီ။ အခု ေလွ်ာက္ထားတာ ဆိုင္ႀကီးေတြမ်ားပါတယ္။ ဆိုင္ေသးေတြေတာ့ က်န္ေနေသးတယ္”လို႔ YGEA ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာၾကား သည္။
လိုင္စင္ေလွ်ာက္ထားရာတြင္ မူလသတ္မွတ္ထားသည့္ ေနာက္ဆုံးေလွ်ာက္ထားရမယ့္ ရက္သတ္မွတ္ခ်က္ကိုလည္း ေျဖေလွ်ာ့ေပးထားကာ ထပ္မံေလွ်ာက္ထားခြင့္ေပးေနေၾကာင္း၊ ဓာတ္သတၱဳ (ေ႐ႊ)ေရာင္းဝယ္သည့္ ဝန္ေဆာင္မႈလုပ္ငန္းေဆာင္႐ြက္သူမ်ားအေနျဖင့္ လုပ္ငန္းလိုင္စင္ေလွ်ာက္ထားရာတြင္ လုပ္ငန္းပမာဏ၏ ၂၅ ရာခိုင္ႏႈန္းႏွင့္ ညီမွ်သည့္ ေငြေၾကးပမာဏကို ဘဏ္တြင္ အပ္ႏွံထားေသာအေထာက္အထား (Bank Statement) တင္ျပရမွာျဖစ္ၿပီး အေရာင္းအဝယ္ပမာဏကို ေ႐ႊအခ်ိန္ႏွင့္ ေဖာ္ျပေပးရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ ျမန္မာႏိုင္ငံေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (သို႔မဟုတ္) YGEA ၏ အဖြဲ႕ဝင္ျဖစ္ေၾကာင္းေထာက္ခံခ်က္၊ ၿမိဳ႕နယ္ ေထြအုပ္ ဦးစီးမႉး၏ ေ႐ႊဆိုင္အတြက္ လိုင္စင္ေလွ်ာက္ထားျခင္းကို ကန႔္ကြက္မႈမရွိေၾကာင္းေထာက္ခံခ်က္၊ ရဲတပ္ဖြဲ႕၏ ျပစ္မႈကင္းရွင္းေၾကာင္းေထာက္ခံခ်က္တို႔ကို ပူးတြဲတင္ျပရမည္ျဖစ္သည္။
ထို႔အတူအခြန္ေဆာင္ထားသည့္ သက္ဆိုင္ရာျပည္တြင္းအခြန္မ်ားဦးစီးဌာန၏ အခြန္ကင္းရွင္းေၾကာင္းေထာက္ခံခ်က္ႏွင့္ စည္ပင္သာယာေရးေကာ္မတီမွ ထုတ္ေပးထားသည့္ လုပ္ငန္းလိုင္စင္ ရွိပါကလည္း ပူးတြဲတင္ျပရမည္ဟုသိရသည္။
လက္ရွိတြင္ ေ႐ႊဆိုင္မ်ားအေနျဖင့္ ေျမျပင္တြင္ ေ႐ႊေရာင္းဝယ္ျခင္းလုပ္ကိုင္ေဆာင္႐ြက္ရန္အတြက္ လုပ္ငန္းလိုင္စင္ေလွ်ာက္ထားရယူရန္ ႏွင့္ သတ္မွတ္ထားသည့္ စည္းကမ္းခ်က္မ်ားကိုလိုက္နာျခင္းမရွိပါက အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒအရအေရးယူျခင္းခံရမွာျဖစ္ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိမ္းသိမ္းေရးဝန္ႀကီးဌာနမွ အသိေပးေၾကညာထားကာ အြန္လိုင္းတြင္ ေရာင္းခ်ပါက အြန္လိုင္းလိုင္စင္ေလွ်ာက္ထားရန္ ေမတၱာရပ္ခံထားေၾကာင္း YGEA မွ သိရသည္။

Related news

© 2021. All rights reserved.