တိုက်ပွဲများကြောင့် ရှမ်းတောင်မှ ဂေါ်ဖီစိုက်တောင်သူများ အကြီးကျယ်အရှုံးပေါ်ပြီး အလကားပေးနေ

 310

သက်ပိုင် (NP News) - မေ ၃၁

ဂေါ်ဖီတင်ပို့ရာလမ်းကြောင်းများတွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ရှမ်းပြည်နယ် တောင်ပိုင်းဒေသမှ ဂေါ်ဖီစိုက်တောင်သူများ အကြီးအကျယ် အရှုံးပေါ်လျက်ရှိနေသောကြောင့် အလကားပေးနေကြရကြောင်း ကုန်သည်များထံမှ သိရသည်။
ဂေါ်ဖီများကို အဓိကတင်ပို့နေသော မြဝတီ-ကော့ကရိတ်လမ်းမကြီးတွင် တပ်မတော် နှင့် PDF တို့ တိုက်ပွဲဖြစ်ပွား နေမှုများကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းဒေသတွင် ဂေါ်ဖီဝယ်လိုအားကျဆင်းနေပြီး တစ်ထုပ်လျှင် ငွေကျပ် (၂၀ဝ) ခန့်သာ ပေါက်ဈေးရှိနေကြောင်း ပင်လောင်းမြို့မှ ကုန်သည်တစ်ဦးက NP News သို့ပြောသည်။
“ဂေါ်ဖီထုပ်ကို (၁၂) ဘီးကားကြီးတွေနဲ့ သယ်ပြီး မြဝတီလမ်းကြောင်းကနေပြီးတော့ မြဝတီတို့၊ ကော့ကရိတ်တို့၊ ရေးတို့၊ ထားဝယ်တို့ကို ပို့ကြတာ။ ဒါပေမဲ့ အဲဒီဘက်မှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်။ အဓိကဖြုန်းတဲ့နေရာ တွေက တိုက်ပွဲ တွေဖြစ်နေတော့ ဝယ်လိုအားမရှိတော့ ဒီဘက်မှာ သောင်တင်ပြီး အကြီးကျယ်ရှုံးကုန်တာပေါ့။ အဲဒီ ဘက်ကိုတင်ပို့တဲ့သူတွေကလည်း တင်ရင်ရှုံးဖို့က (၉၀) ရာခိုင်နှုန်းလောက်အထိ ရှိနေတော့ ဘယ်သူမှ မလုပ်ချင်ကြ တော့ဘူး” ဟု ၎င်းက ရှင်းပြသည်။
ယခင်နှစ်က ဂေါ်ဖီတစ်ထုပ်လျှင် ငွေကျပ် (၄၀ဝ) မှ (၈၀ဝ) ကျပ်အကြားရှိခဲ့သော်လည်း ယခုနှစ်တွင် ငွေကျပ် (၂၀ဝ) ကျပ်သာ ဈေးရရှိသည့်အပြင် ဝယ်ယူသူမရှိသည့်အတွက် စိုက်ခင်းအတွင်းရှိ ဂေါ်ဖီထုပ်များကို လှူဒါန်းခြင်း သို့မဟုတ် နွားစာကျွေးခြင်း တို့ ပြုလုပ်နေရကြောင်း ဂေါ်ဖီစိုက်တောင်သူတစ်ဦး ကဆိုသည်။
“ဒီကုန်တွေက ကုန်ခြောက်လို နှစ်လလောက်စောင့်လို့မရဘူးလေ၊ ဒီတော့ သတ်မှတ်ရက်ပြည့်တာနဲ့ ခူးရတာပဲ။ ဝယ်မယ့်သူတွေမရှိတော့ အလကားပေးတဲ့နေရာပေးတယ်။ နွားစာကျွေးတယ်။ ဘယ်သူမှ ယူမယ့်သူလည်းမရှိ နွားလည်း မစားနိုင်တော့ဘူးဆိုရင်တော့ ဒီအတိုင်းအပုပ်ခံလိုက်ရတော့ပါပဲ” ဟု ၎င်းကဆိုသည်။
ရှမ်းပြည်နယ် တောင်ပိုင်းဒေသများမှ ထွက်ရှိသော ဂေါ်ဖီများကို မြဝတီ၊ ကော့ကရိတ်တို့ အပြင် ကချင်ပြည် နယ်၊ မြစ်ကြီးနားနှင့် ဗန်းမော်ဘက် သို့လည်း တင်ပို့မှုများရှိပြီး ယင်းဒေသများတွင်လည်း တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ယခုနှစ်တွင် မတင်ပို့ နိုင်ကြောင်း သိရသည်။

Zawgyi Version:
တိုက္ပြဲမ်ားေၾကာင့္ ရွမ္းေတာင္မွ ေဂၚဖီစိုက္ေတာင္သူမ်ား အႀကီးက်ယ္အရႈံးေပၚၿပီး အလကားေပးေန
သက္ပိုင္ (NP News) - ေမ ၃၁

ေဂၚဖီတင္ပို႔ရာလမ္းေၾကာင္းမ်ားတြင္ တိုက္ပြဲမ်ားျဖစ္ပြားေနသည့္အတြက္ ရွမ္းျပည္နယ္ ေတာင္ပိုင္းေဒသမွ ေဂၚဖီစိုက္ေတာင္သူမ်ား အႀကီးအက်ယ္ အရႈံးေပၚလ်က္ရွိေနေသာေၾကာင့္ အလကားေပးေနၾကရေၾကာင္း ကုန္သည္မ်ားထံမွ သိရသည္။
ေဂၚဖီမ်ားကို အဓိကတင္ပို႔ေနေသာ ျမဝတီ-ေကာ့ကရိတ္လမ္းမႀကီးတြင္ တပ္မေတာ္ ႏွင့္ PDF တို႔ တိုက္ပြဲျဖစ္ပြား ေနမႈမ်ားေၾကာင့္ ရွမ္းျပည္နယ္ ေတာင္ပိုင္းေဒသတြင္ ေဂၚဖီဝယ္လိုအားက်ဆင္းေနၿပီး တစ္ထုပ္လွ်င္ ေငြက်ပ္ (၂၀ဝ) ခန႔္သာ ေပါက္ေဈးရွိေနေၾကာင္း ပင္ေလာင္းၿမိဳ႕မွ ကုန္သည္တစ္ဦးက NP News သို႔ေျပာသည္။
“ေဂၚဖီထုပ္ကို (၁၂) ဘီးကားႀကီးေတြနဲ႔ သယ္ၿပီး ျမဝတီလမ္းေၾကာင္းကေနၿပီးေတာ့ ျမဝတီတို႔၊ ေကာ့ကရိတ္တို႔၊ ေရးတို႔၊ ထားဝယ္တို႔ကို ပို႔ၾကတာ။ ဒါေပမဲ့ အဲဒီဘက္မွာ တိုက္ပြဲေတြ မၾကာခဏ ျဖစ္ေနတယ္။ အဓိကျဖဳန္းတဲ့ေနရာ ေတြက တိုက္ပြဲ ေတြျဖစ္ေနေတာ့ ဝယ္လိုအားမရွိေတာ့ ဒီဘက္မွာ ေသာင္တင္ၿပီး အႀကီးက်ယ္ရႈံးကုန္တာေပါ့။ အဲဒီ ဘက္ကိုတင္ပို႔တဲ့သူေတြကလည္း တင္ရင္ရႈံးဖို႔က (၉၀) ရာခိုင္ႏႈန္းေလာက္အထိ ရွိေနေတာ့ ဘယ္သူမွ မလုပ္ခ်င္ၾက ေတာ့ဘူး” ဟု ၎က ရွင္းျပသည္။
ယခင္ႏွစ္က ေဂၚဖီတစ္ထုပ္လွ်င္ ေငြက်ပ္ (၄၀ဝ) မွ (၈၀ဝ) က်ပ္အၾကားရွိခဲ့ေသာ္လည္း ယခုႏွစ္တြင္ ေငြက်ပ္ (၂၀ဝ) က်ပ္သာ ေဈးရရွိသည့္အျပင္ ဝယ္ယူသူမရွိသည့္အတြက္ စိုက္ခင္းအတြင္းရွိ ေဂၚဖီထုပ္မ်ားကို လႉဒါန္းျခင္း သို႔မဟုတ္ ႏြားစာေကြၽးျခင္း တို႔ ျပဳလုပ္ေနရေၾကာင္း ေဂၚဖီစိုက္ေတာင္သူတစ္ဦး ကဆိုသည္။
“ဒီကုန္ေတြက ကုန္ေျခာက္လို ႏွစ္လေလာက္ေစာင့္လို႔မရဘူးေလ၊ ဒီေတာ့ သတ္မွတ္ရက္ျပည့္တာနဲ႔ ခူးရတာပဲ။ ဝယ္မယ့္သူေတြမရွိေတာ့ အလကားေပးတဲ့ေနရာေပးတယ္။ ႏြားစာေကြၽးတယ္။ ဘယ္သူမွ ယူမယ့္သူလည္းမရွိ ႏြားလည္း မစားႏိုင္ေတာ့ဘူးဆိုရင္ေတာ့ ဒီအတိုင္းအပုပ္ခံလိုက္ရေတာ့ပါပဲ” ဟု ၎ကဆိုသည္။
ရွမ္းျပည္နယ္ ေတာင္ပိုင္းေဒသမ်ားမွ ထြက္ရွိေသာ ေဂၚဖီမ်ားကို ျမဝတီ၊ ေကာ့ကရိတ္တို႔ အျပင္ ကခ်င္ျပည္ နယ္၊ ျမစ္ႀကီးနားႏွင့္ ဗန္းေမာ္ဘက္ သို႔လည္း တင္ပို႔မႈမ်ားရွိၿပီး ယင္းေဒသမ်ားတြင္လည္း တိုက္ပြဲျဖစ္ပြားေနျခင္းေၾကာင့္ ယခုႏွစ္တြင္ မတင္ပို႔ ႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.