လမ်းဘေးနေ လေလွင့်ကလေးငယ်အချို့ အနေဖြင့် တောင်းရုံသာမက လုယူသည်အထိဖြစ်လာ

 688

နိုးနိုး (NP News) - - ဇွန် ၁

လမ်းဘေးနေ လေလွင့်ကလေးငယ်အချို့ အနေဖြင့် တောင်းရုံသာမက လုယူသည်အထိဖြစ်လာကြောင်း ကိုယ်တိုင် ကြုံခဲ့ရသူ အချို့ထံ NP News က မေးမြန်းထားသော အချက်အလက်များအရ သိရသည်။
ရန်ကုန်မြို့တွင် အဆိုပါ ကလေးငယ်များကို မြင်တွေ့ရသည့် ပမာဏ များပြားလာပြီး လူစည်ကားသည့် နေရာများ၊ လမ်းဆုံလမ်းခွများ၊ မီးပွိုင့်များတွင် အများဆုံး တွေ့ရလေ့ရှိကြောင်း သိရသည်။
အဆိုပါကလေးငယ်များအနေဖြင့် ပိုက်ဆံတောင်းခြင်း၊ မုန့်တောင်းစားခြင်းတို့ကို ပြုလုပ်လေ့ရှိရာမှ အဆင့်တက် ကာ ပစ္စည်းများကို လုယက်သည့်အထိ ရှိလာခြင်းဖြစ်ပြီး ငွေမပေးပါက အချို့က ကိုယ်အမူအရာ၊ နှုတ်အမူအရာ တို့ဖြင့် ဆဲဆိုခြင်းအထိ ရှိနေကြောင်း သိရသည်။
"ပစ္စည်းတစ်ခု ဝယ်လာတာကို အတင်းတောင်းတယ်။ ကောင်းကောင်း ပြောလို့မရတဲ့အပြင် အတင်းလုယူသလို လုပ်နေလို့ သူငယ်ချင်းနဲ့ မြန်မြန် ထွက်ခဲ့ရတယ်။ ဒါတောင်မှ အနောက်ကနေ ဆဲလိုက်သေးတယ်” ဟု ယခု လပိုင်း အတွင်း ညနေပိုင်း ၄ နာရီခွဲ အချိန်ခန့်က လှည်းတန်းလမ်းဆုံတွင် ကြုံရသော အခြေအနေကို သတင်းရင်းမြစ် တစ်ဦးက ပြောပြသည်။
အချို့သော အငှားယာဉ်မောင်း အချို့ကလည်း မီးပွိုင့်တွင် စောင့်ဆိုင်းနေစဉ် ကားမှန်ကို တင်ထားရန်၊ တံခါးကို လော့ချထားရန်အတွက် သတိပေးခြင်းများကို ပြုလုပ်လာကြကြောင်း စုံစမ်း သိရရှိရသည်။
"တစ်ခါတုန်းက လှိုင်သာယာသွားတာ နည်းနည်းတော့မိုးချုပ်နေပြီ။ အဲဒီမှာမီးပွိုင့်မိနေတုန်း ကလေးနှစ်ယောက် လာပြီး ပိုက်ဆံလာတောင်းတာ အကြွေမပါဘူးပြောလိုက်တာကို မုန့်ပါရင်မုန့်ပေးတဲ့ဆိုပြီး ခုံနောက်မှာ ကြွပ်ကြွပ် အိတ်နဲ့ အမှိုက်ထုပ်ထားတာကိုအတင်းဆွဲယူသွားတယ်" ဟု ကိုယ်တိုင်ကြုံတွေ့ရသူတစ်ဦးက ပြောသည်။
ပုံစာ - အွန်လိုင်းတွင် ပြန့်နှံ့နေသော ဓာတ်ပုံ

လမ္းေဘးေန ေလလြင့္ကေလးငယ္အခ်ိဳ႕ အေနျဖင့္ ေတာင္း႐ုံသာမက လုယူသည္အထိျဖစ္လာ
ႏိုးႏိုး (NP News) - - ဇြန္ ၁

လမ္းေဘးေန ေလလြင့္ကေလးငယ္အခ်ိဳ႕ အေနျဖင့္ ေတာင္း႐ုံသာမက လုယူသည္အထိျဖစ္လာေၾကာင္း ကိုယ္တိုင္ ႀကဳံခဲ့ရသူ အခ်ိဳ႕ထံ NP News က ေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
ရန္ကုန္ၿမိဳ႕တြင္ အဆိုပါ ကေလးငယ္မ်ားကို ျမင္ေတြ႕ရသည့္ ပမာဏ မ်ားျပားလာၿပီး လူစည္ကားသည့္ ေနရာမ်ား၊ လမ္းဆုံလမ္းခြမ်ား၊ မီးပြိဳင့္မ်ားတြင္ အမ်ားဆုံး ေတြ႕ရေလ့ရွိေၾကာင္း သိရသည္။
အဆိုပါကေလးငယ္မ်ားအေနျဖင့္ ပိုက္ဆံေတာင္းျခင္း၊ မုန႔္ေတာင္းစားျခင္းတို႔ကို ျပဳလုပ္ေလ့ရွိရာမွ အဆင့္တက္ ကာ ပစၥည္းမ်ားကို လုယက္သည့္အထိ ရွိလာျခင္းျဖစ္ၿပီး ေငြမေပးပါက အခ်ိဳ႕က ကိုယ္အမူအရာ၊ ႏႈတ္အမူအရာ တို႔ျဖင့္ ဆဲဆိုျခင္းအထိ ရွိေနေၾကာင္း သိရသည္။
"ပစၥည္းတစ္ခု ဝယ္လာတာကို အတင္းေတာင္းတယ္။ ေကာင္းေကာင္း ေျပာလို႔မရတဲ့အျပင္ အတင္းလုယူသလို လုပ္ေနလို႔ သူငယ္ခ်င္းနဲ႔ ျမန္ျမန္ ထြက္ခဲ့ရတယ္။ ဒါေတာင္မွ အေနာက္ကေန ဆဲလိုက္ေသးတယ္” ဟု ယခု လပိုင္း အတြင္း ညေနပိုင္း ၄ နာရီခြဲ အခ်ိန္ခန႔္က လွည္းတန္းလမ္းဆုံတြင္ ႀကဳံရေသာ အေျခအေနကို သတင္းရင္းျမစ္ တစ္ဦးက ေျပာျပသည္။
အခ်ိဳ႕ေသာ အငွားယာဥ္ေမာင္း အခ်ိဳ႕ကလည္း မီးပြိဳင့္တြင္ ေစာင့္ဆိုင္းေနစဥ္ ကားမွန္ကို တင္ထားရန္၊ တံခါးကို ေလာ့ခ်ထားရန္အတြက္ သတိေပးျခင္းမ်ားကို ျပဳလုပ္လာၾကေၾကာင္း စုံစမ္း သိရရွိရသည္။
"တစ္ခါတုန္းက လႈိင္သာယာသြားတာ နည္းနည္းေတာ့မိုးခ်ဳပ္ေနၿပီ။ အဲဒီမွာမီးပြိဳင့္မိေနတုန္း ကေလးႏွစ္ေယာက္ လာၿပီး ပိုက္ဆံလာေတာင္းတာ အေႂကြမပါဘူးေျပာလိုက္တာကို မုန႔္ပါရင္မုန႔္ေပးတဲ့ဆိုၿပီး ခုံေနာက္မွာ ႂကြပ္ႂကြပ္ အိတ္နဲ႔ အမႈိက္ထုပ္ထားတာကိုအတင္းဆြဲယူသြားတယ္" ဟု ကိုယ္တိုင္ႀကဳံေတြ႕ရသူတစ္ဦးက ေျပာသည္။
ပုံစာ - အြန္လိုင္းတြင္ ျပန႔္ႏွံ႔ေနေသာ ဓာတ္ပုံ

Related news

© 2021. All rights reserved.