"Squid Game 3" နောက်ဆုံး season အတွက် အမြည်းဗီဒီယို ထွက်ရှိ

 91

ရောင်နီ (NP News) - ဇွန် ၂

"Squid Game" ဇာတ်လမ်းရဲ့နောက်ဆုံး Season ဖြစ်တဲ့ Season 3 အတွက် နောက်ဆုံးအမြည်းဗီဒီယို ထွက်ရှိလာ ခဲ့ပါတယ်။
ဇွန်လ ၁ ရက်မှာ နာမည်ကြီး Netflix စီးရီးဖြစ်တဲ့ Squid Game ရဲ့တတိယရာသီ Season 3 အတွက် အမြည်း ဗီဒီယိုသစ်ကို ပြသလာခဲ့တာဖြစ်ပါတယ်။ "Squid Game 3" မှာ ဂိမ်းကို အဆုံးသတ်ဖို့ ပြန်ဝင်ရောက်လာတဲ့ ဇာတ်ဆောင်ဆောင်ဂီဟွန်းနဲ့ သူကြုံတွေ့ရမယ့် ပြင်းထန်တဲ့ဂိမ်းတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ အသစ်ထွက်လာ တဲ့ အမြည်းဗီဒီယိုမှာ Squid Game ရဲ့ signature ဧရာမအရုပ်ကြီး ယောင်းဟီးကို ပြန်လည်တွေ့မြင်ရပြီး နောက်ထပ် ရင်ခုန်စရာ သွေးထွက်သံယိုဂိမ်းတွေ ဆက်တိုက်မြင်တွေ့ရပါတယ်။ ဗီဒီယိုရဲ့အဆုံးသတ်ကိုတော့ FrontMan ရဲ့ "မင်းလူတွေအပေါ် ယုံကြည်ချင်နေသေးလား Player 456" ဆိုတဲ့ ဒိုင်ယာလောခ်နဲ့ အဆုံးသတ်ထား ပါတယ်။
Squid Game Season 3 ဟာလာမယ့် ဇွန်လ ၂၇ ရက်မှာ Netflix မှ စတင်ပြသမှာဖြစ်ပြီး ဒီ Season ဟာ Squide Game ရဲ့ နောက်ဆုံး အဆုံးပိတ် Season ဖြစ်လာမှာပဲဖြစ်ပါတယ်။

Zawgyi Version:
"Squid Game 3" ေနာက္ဆုံး season အတြက္ အျမည္းဗီဒီယို ထြက္ရွိ
ေရာင္နီ (NP News) - ဇြန္ ၂
"Squid Game" ဇာတ္လမ္းရဲ႕ေနာက္ဆုံး Season ျဖစ္တဲ့ Season 3 အတြက္ ေနာက္ဆုံးအျမည္းဗီဒီယို ထြက္ရွိလာ ခဲ့ပါတယ္။
ဇြန္လ ၁ ရက္မွာ နာမည္ႀကီး Netflix စီးရီးျဖစ္တဲ့ Squid Game ရဲ႕တတိယရာသီ Season 3 အတြက္ အျမည္း ဗီဒီယိုသစ္ကို ျပသလာခဲ့တာျဖစ္ပါတယ္။ "Squid Game 3" မွာ ဂိမ္းကို အဆုံးသတ္ဖို႔ ျပန္ဝင္ေရာက္လာတဲ့ ဇာတ္ေဆာင္ေဆာင္ဂီဟြန္းနဲ႔ သူႀကဳံေတြ႕ရမယ့္ ျပင္းထန္တဲ့ဂိမ္းေတြကို ၾကည့္ရႈရမွာျဖစ္ပါတယ္။ အသစ္ထြက္လာ တဲ့ အျမည္းဗီဒီယိုမွာ Squid Game ရဲ႕ signature ဧရာမအ႐ုပ္ႀကီး ေယာင္းဟီးကို ျပန္လည္ေတြ႕ျမင္ရၿပီး ေနာက္ထပ္ ရင္ခုန္စရာ ေသြးထြက္သံယိုဂိမ္းေတြ ဆက္တိုက္ျမင္ေတြ႕ရပါတယ္။ ဗီဒီယိုရဲ႕အဆုံးသတ္ကိုေတာ့ FrontMan ရဲ႕ "မင္းလူေတြအေပၚ ယုံၾကည္ခ်င္ေနေသးလား Player 456" ဆိုတဲ့ ဒိုင္ယာေလာခ္နဲ႔ အဆုံးသတ္ထား ပါတယ္။
Squid Game Season 3 ဟာလာမယ့္ ဇြန္လ ၂၇ ရက္မွာ Netflix မွ စတင္ျပသမွာျဖစ္ၿပီး ဒီ Season ဟာ Squide Game ရဲ႕ ေနာက္ဆုံး အဆုံးပိတ္ Season ျဖစ္လာမွာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.