မြောက်အမေရိကရုံတင်လက်မှတ်ရောင်းချမှုတွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိခဲ့သည့် နောက်ဆုံးထွက် Superman ရုပ်ရှင်

 206

Pika (NP News)-ဇူလိုင် ၂၁
နောက်ဆုံးထွက်ရှိထားသော ဘတ်ဂျက် ကြီးမားသည့်ရုပ်ရှင်တစ်ခုဖြစ်သော Superman ရုပ်ရှင် သည် ထွက်ရှိသည့်သီတင်းပတ်အတွင်း လက်မှတ်ရောင်းရငွေ အမေရိကန်ဒေါ်လာ(၁၂၂)သန်းဖြင့် မြောက် အမေရိကရုံတင်လက်မှတ်ရောင်းချမှုတွင် ထိပ်ဆုံးနေရာသို့ ရောက်ရှိခဲ့ကြောင်းသိရသည်။ Franchise Entertainment Research မှ သုတေသီ David A Gross က “ ဒီအောင်မြင်မှုဟာ (၇၅)နှစ် ကျော်ကြာ ရိုက်ကူးလာတဲ့ စူပါဟီးရိုးဇာတ် လမ်းတွဲတွေထဲမှာ ထူးခြားတဲ့ပြည်တွင်းရုံတင်ဖွင့်လှစ်မှု တစ် ခုဖြစ်ခဲ့ပါတယ်” ဟုပြောဆိုခဲ့သည်။ ဒါရိုက်တာ James Gunn ရိုက်ကူးထားသော Superman ရုပ်ရှင် ဇာတ်ကားတွင် စူပါမန်းအဖြစ် David Corenswet က သရုပ်ဆောင်ထားပြီး ၎င်း၏ချစ်သူအဖြစ် Rachel Brosnahan က ပါဝင်သရုပ်ဆောင်ထားကြောင်းသိရသည်။
ထို့ပြင် ဒိုင်နိုဆောဇာတ်လမ်းတွဲများတွင် နောက်ဆုံးထွက်ရှိထားသော Jurassic World: Rebirth ရုပ်ရှင်သည် ထွက်ရှိပြီးနောက် ဒုတိယ သီတင်းပတ်အတွင်း အမေရိကန်နှင့် ကနေဒါ နိုင်ငံတို့တွင် ရုံတင် ပြသငွေ အမေရိကန်ဒေါ်လာ သန်း(၄၀)ဖြင့် မြောက်အမေရိကရုံတင်လက်မှတ် ရောင်းချမှုတွင် ဒုတိယ နေရာသို့ ကျဆင်းသွားခဲ့ကြောင်း Exhibitor Relations အဖွဲ့ကပြောကြားခဲ့သည်။
Scarlett Johansson ၊ Jonathan Bailey နှင့် Mahershala Ali တို့ပါဝင်သရုပ်ဆောင်ထားသည့် Jurassic World: Rebirth ရုပ်ရှင်သည် မူလ Jurassic Park နှင့်ပတ်သက်သည့် စွန့်ပစ်ထားသော ကျွန်း ပေါ်ရှိ သုတေသနအဆောက်အအုံသို့ သွားရောက်စဉ်အချိန်အတွင်း ကြုံတွေ့ရမည့်အရာများကို ရိုက်ကူး ထားခြင်းဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ေျမာက္အေမရိက႐ုံတင္လက္မွတ္ေရာင္းခ်မႈတြင္ ထိပ္ဆုံးေနရာသို႔ ေရာက္ရွိခဲ့သည့္ ေနာက္ဆုံးထြက္ Superman ႐ုပ္ရွင္
Pika (NP News)-ဇူလိုင္ ၂၁
ေနာက္ဆုံးထြက္ရွိထားေသာ ဘတ္ဂ်က္ ႀကီးမားသည့္႐ုပ္ရွင္တစ္ခုျဖစ္ေသာ Superman ႐ုပ္ရွင္ သည္ ထြက္ရွိသည့္သီတင္းပတ္အတြင္း လက္မွတ္ေရာင္းရေငြ အေမရိကန္ေဒၚလာ(၁၂၂)သန္းျဖင့္ ေျမာက္ အေမရိက႐ုံတင္လက္မွတ္ေရာင္းခ်မႈတြင္ ထိပ္ဆုံးေနရာသို႔ ေရာက္ရွိခဲ့ေၾကာင္းသိရသည္။ Franchise Entertainment Research မွ သုေတသီ David A Gross က “ ဒီေအာင္ျမင္မႈဟာ (၇၅)ႏွစ္ ေက်ာ္ၾကာ ႐ိုက္ကူးလာတဲ့ စူပါဟီး႐ိုးဇာတ္ လမ္းတြဲေတြထဲမွာ ထူးျခားတဲ့ျပည္တြင္း႐ုံတင္ဖြင့္လွစ္မႈ တစ္ ခုျဖစ္ခဲ့ပါတယ္” ဟုေျပာဆိုခဲ့သည္။ ဒါ႐ိုက္တာ James Gunn ႐ိုက္ကူးထားေသာ Superman ႐ုပ္ရွင္ ဇာတ္ကားတြင္ စူပါမန္းအျဖစ္ David Corenswet က သ႐ုပ္ေဆာင္ထားၿပီး ၎၏ခ်စ္သူအျဖစ္ Rachel Brosnahan က ပါဝင္သ႐ုပ္ေဆာင္ထားေၾကာင္းသိရသည္။
ထို႔ျပင္ ဒိုင္ႏိုေဆာဇာတ္လမ္းတြဲမ်ားတြင္ ေနာက္ဆုံးထြက္ရွိထားေသာ Jurassic World: Rebirth ႐ုပ္ရွင္သည္ ထြက္ရွိၿပီးေနာက္ ဒုတိယ သီတင္းပတ္အတြင္း အေမရိကန္ႏွင့္ ကေနဒါ ႏိုင္ငံတို႔တြင္ ႐ုံတင္ ျပသေငြ အေမရိကန္ေဒၚလာ သန္း(၄၀)ျဖင့္ ေျမာက္အေမရိက႐ုံတင္လက္မွတ္ ေရာင္းခ်မႈတြင္ ဒုတိယ ေနရာသို႔ က်ဆင္းသြားခဲ့ေၾကာင္း Exhibitor Relations အဖြဲ႕ကေျပာၾကားခဲ့သည္။
Scarlett Johansson ၊ Jonathan Bailey ႏွင့္ Mahershala Ali တို႔ပါဝင္သ႐ုပ္ေဆာင္ထားသည့္ Jurassic World: Rebirth ႐ုပ္ရွင္သည္ မူလ Jurassic Park ႏွင့္ပတ္သက္သည့္ စြန႔္ပစ္ထားေသာ ကြၽန္း ေပၚရွိ သုေတသနအေဆာက္အအုံသို႔ သြားေရာက္စဥ္အခ်ိန္အတြင္း ႀကဳံေတြ႕ရမည့္အရာမ်ားကို ႐ိုက္ကူး ထားျခင္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.