တရုတ်မိဘများက အမေရိကန်တွင်သားသမီးများ ပညာသင်ကြားစေမည့် အစီအစဉ်ကို ယခင်လောက် လိုလားမှုမရှိတော့ဟုဆို

3027

ဂျန်ဇက် (Ref: CNA)
တရုတ်နှင့် အမေရိကန်နိုင်ငံကြား ဖြစ်ပွားနေသော ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် တရုတ် နိုင်ငံသားမိဘ များသည် ၎င်းတို့၏သားသမီးများကို အမေရိကန်နိုင်ငံသို့ စေလွှတ်ပညာသင်ကြားမည့် အစီအစဉ်ကို လိုလားနှစ်သက်မှု မရှိတော့ကြောင်း သိရသည်။
တရုတ်နိုင်ငံသားမိဘအချို့သည် ၎င်းတို့သား သမီးများကို ယှဉ်ပြိုင်မှုများတွင် အားသာချက်ရရှိ စေရန်အင်္ဂလိပ် ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင် သူများဖြစ်လာစေရန် လိုလားနှစ်သက်နေကြောင်း သိရသည်။ အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း တရုတ်နှင့်အမေရိကန်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲအပြင် ပထဝီနိုင်ငံရေး တင်းမာမှုများဖြစ်လာခဲ့ကြောင်း သိရသည်။
တရုတ်ပညာရေးဝန်ကြီးဌာနက (၂၀၂၀) ပြည့်နှစ်မှ (၂၀၂၃) ခုနှစ်အတွင်း အာရှတိုက်အတွင်းရှိ တက္ကသိုလ် များမှဘွဲ့ရရှိပြီး ပြန်လာသောအရေ အတွက်သည် (၂၁) ရာခိုင်နှုန်းမှ (၃၁) ရာခိုင်နှုန်း အထိ မြင့် တက်လာခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါသုံးနှစ်တာကာလအတွင်း မြောက်ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်များမှ ဘွဲ့ရရှိပြီး ပြန်လာသော တရုတ် နိုင်ငံသားအရေအတွက်သည် (၂၅) ရာခိုင်နှုန်းမှ (၁၈) ရာခိုင်နှုန်းအထိ ကျဆင်း ခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံသား အများစုသည် အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် သမ္မတအဖြစ်ပြန်လည် ရွေးကောက်ခံရပြီးနောက် အမေရိကန်တွင် ပညာသင်ကြားမည့် အစီအစဉ် များကို ပြန်လည်စဉ်းစားဖွယ်ရှိနေကြောင်းသိရသည်။
တရုတ်နိုင်ငံမှ ကျောင်းသား (၂၈၀ဝဝဝ) ကျော်သည် ပြီးခဲ့သည့်နှစ်က အမေရိကန်နိုင်ငံတွင် ပညာသင် ကြားရန်အပ်နှံခဲ့သည့် နိုင်ငံတကာ ကျောင်းသားများ စာရင်းတွင်ပါဝင်ခဲ့ကြောင်းသိရသည်။ အမေရိကန် အစိုးရသည် ပြီးခဲ့သည့်လတွင် ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်တွင် နိုင်ငံတကာ ကျောင်းသားများ ကျောင်းအပ်နှံခွင့်ပေးသည့် အစီအစဉ်ကို ပိတ်ပင်ခဲ့ကြောင်း၊ ယင်းအစီအစဉ်က အမေရိကန်နိုင်ငံဟားဗတ်တက္ကသိုလ်တွင် တရုတ် ကျောင်းသားများ လာရောက်တက်ခြင်းကို ပစ်မှတ် ထားသည့်အစီအစဉ်ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

Zawgyi Version:
တ႐ုတ္မိဘမ်ားက အေမရိကန္တြင္သားသမီးမ်ား ပညာသင္ၾကားေစမည့္ အစီအစဥ္ကို
ယခင္ေလာက္ လိုလားမႈမရွိေတာ့ဟုဆို
ဂ်န္ဇက္ (Ref: CNA)
တ႐ုတ္ႏွင့္ အေမရိကန္ႏိုင္ငံၾကား ျဖစ္ပြားေနေသာ ပထဝီႏိုင္ငံေရးတင္းမာမႈမ်ားေၾကာင့္ တ႐ုတ္ ႏိုင္ငံသားမိဘ မ်ားသည္ ၎တို႔၏သားသမီးမ်ားကို အေမရိကန္ႏိုင္ငံသို႔ ေစလႊတ္ပညာသင္ၾကားမည့္ အစီအစဥ္ကို လိုလားႏွစ္သက္မႈ မရွိေတာ့ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံသားမိဘအခ်ိဳ႕သည္ ၎တို႔သား သမီးမ်ားကို ယွဥ္ၿပိဳင္မႈမ်ားတြင္ အားသာခ်က္ရရွိ ေစရန္အဂၤလိပ္ ဘာသာစကားကို ကြၽမ္းက်င္ပိုင္ႏိုင္ သူမ်ားျဖစ္လာေစရန္ လိုလားႏွစ္သက္ေနေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္ သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း တ႐ုတ္ႏွင့္အေမရိကန္ႏိုင္ငံၾကား ကုန္သြယ္ေရးစစ္ပြဲအျပင္ ပထဝီႏိုင္ငံေရး တင္းမာမႈမ်ားျဖစ္လာခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ပညာေရးဝန္ႀကီးဌာနက (၂၀၂၀) ျပည့္ႏွစ္မွ (၂၀၂၃) ခုႏွစ္အတြင္း အာရွတိုက္အတြင္းရွိ တကၠသိုလ္ မ်ားမွဘြဲ႕ရရွိၿပီး ျပန္လာေသာအေရ အတြက္သည္ (၂၁) ရာခိုင္ႏႈန္းမွ (၃၁) ရာခိုင္ႏႈန္း အထိ ျမင့္ တက္လာခဲ့ေၾကာင္း ေဖာ္ျပထားသည္။
အဆိုပါသုံးႏွစ္တာကာလအတြင္း ေျမာက္ကိုရီးယားႏိုင္ငံရွိ တကၠသိုလ္မ်ားမွ ဘြဲ႕ရရွိၿပီး ျပန္လာေသာ တ႐ုတ္ ႏိုင္ငံသားအေရအတြက္သည္ (၂၅) ရာခိုင္ႏႈန္းမွ (၁၈) ရာခိုင္ႏႈန္းအထိ က်ဆင္း ခဲ့ေၾကာင္းသိရသည္။ တ႐ုတ္ႏိုင္ငံသား အမ်ားစုသည္ အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္ သမၼတအျဖစ္ျပန္လည္ ေ႐ြးေကာက္ခံရၿပီးေနာက္ အေမရိကန္တြင္ ပညာသင္ၾကားမည့္ အစီအစဥ္ မ်ားကို ျပန္လည္စဥ္းစားဖြယ္ရွိေနေၾကာင္းသိရသည္။
တ႐ုတ္ႏိုင္ငံမွ ေက်ာင္းသား (၂၈၀ဝဝဝ) ေက်ာ္သည္ ၿပီးခဲ့သည့္ႏွစ္က အေမရိကန္ႏိုင္ငံတြင္ ပညာသင္ ၾကားရန္အပ္ႏွံခဲ့သည့္ ႏိုင္ငံတကာ ေက်ာင္းသားမ်ား စာရင္းတြင္ပါဝင္ခဲ့ေၾကာင္းသိရသည္။ အေမရိကန္ အစိုးရသည္ ၿပီးခဲ့သည့္လတြင္ ကမာၻေက်ာ္ ဟားဗတ္တကၠသိုလ္တြင္ ႏိုင္ငံတကာ ေက်ာင္းသားမ်ား ေက်ာင္းအပ္ႏွံခြင့္ေပးသည့္ အစီအစဥ္ကို ပိတ္ပင္ခဲ့ေၾကာင္း၊ ယင္းအစီအစဥ္က အေမရိကန္ႏိုင္ငံဟားဗတ္တကၠသိုလ္တြင္ တ႐ုတ္ ေက်ာင္းသားမ်ား လာေရာက္တက္ျခင္းကို ပစ္မွတ္ ထားသည့္အစီအစဥ္ျဖစ္ေၾကာင္း သုံးသပ္မႈမ်ား ရွိေနသည္။