ပညာရေးဝန်ထမ်းများအနေဖြင့် စာပေနှင့် လူမှုဆက်ဆံရေးအသိပညာများရရှိရေး သင်ကြားပေးရန် နစကဥက္ကဋ္ဌ တိုက်တွန်း

 443

သန့်ဇင် (NP News) - ဇွန် ၁၁

ပညာရေးဝန်ထမ်းများအနေဖြင့် စာပေပညာနှင့် လူမှုဆက်ဆံရေးအသိပညာများရရှိရေး သင်ကြားပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယမန်နေ့(ဇွန်လ ၁၀ ရက်)က စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့တွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် ပညာရည်မြင့်မားရေးအတွက် KG + 9 အထိ အခမဲ့ပညာရေးစနစ်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။ ပညာတတ်များဖြစ်မှသာလျှင် အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် လူသားအရင်းအမြစ်ကောင်းများလည်း ရရှိနိုင်မည်ဖြစ်ပြီး ဒေသနှင့်နိုင်ငံ၏အကျိုးကိုလည်း ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ပညာရေးဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ယူထားရသည့် သင်ကြားရေးလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန်နှင့် စာပေပညာ၊ လူမှုဆက်ဆံရေး အသိပညာများရရှိစေရေး သင်ကြားပေးသွားရမည်ဖြစ်ကြောင်းလည်း နစကဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

“အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့်အတိုင်း ကလေးငယ်များအနေဖြင့် ငယ်စဉ်ကလေးဘဝကတည်းကပင် စည်းကမ်းစနစ်တကျဖြင့် နေထိုင်သွားလာပြောဆိုတတ်စေရေး သင်ကြားပေးသွားရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက်လည်း စည်းရုံးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ဆိုသည်။

zawgyi version
ပညာေရးဝန္ထမ္းမ်ားအေနျဖင့္ စာေပႏွင့္ လူမႈဆက္ဆံေရးအသိပညာမ်ားရရွိေရး သင္ၾကားေပးရန္ နစကဥကၠ႒ တိုက္တြန္း
သန႔္ဇင္ (NP News) - ဇြန္ ၁၁

ပညာေရးဝန္ထမ္းမ်ားအေနျဖင့္ စာေပပညာႏွင့္ လူမႈဆက္ဆံေရးအသိပညာမ်ားရရွိေရး သင္ၾကားေပးရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒က ယမန္ေန႔(ဇြန္လ ၁၀ ရက္)က စစ္ကိုင္းၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ ငလ်င္ေဘးဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးဆုံးရႈံးမႈမ်ားအေပၚ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးေနမႈမ်ားအား သြားေရာက္ၾကည့္ရႈစစ္ေဆးရာ စစ္ကိုင္းၿမိဳ႕၊ အမွတ္(၁)အေျခခံပညာအထက္တန္းေက်ာင္းသို႔ေရာက္ရွိစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ႏိုင္ငံေတာ္အေနျဖင့္ ပညာရည္ျမင့္မားေရးအတြက္ KG + 9 အထိ အခမဲ့ပညာေရးစနစ္ျဖင့္ သင္ၾကားေပးလ်က္ရွိေၾကာင္း နစကဥကၠ႒က ဆိုသည္။ ပညာတတ္မ်ားျဖစ္မွသာလွ်င္ အေကာင္းအဆိုး၊ အေၾကာင္းအက်ိဳးကို ေဝဖန္ပိုင္းျခားႏိုင္သည့္ လူသားအရင္းအျမစ္ေကာင္းမ်ားလည္း ရရွိႏိုင္မည္ျဖစ္ၿပီး ေဒသႏွင့္ႏိုင္ငံ၏အက်ိဳးကိုလည္း ပိုမိုေဖာ္ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာၾကားခဲ့သည္။

ပညာေရးဝန္ထမ္းမ်ားအေနျဖင့္ မိမိတို႔တာဝန္ယူထားရသည့္ သင္ၾကားေရးလုပ္ငန္းတာဝန္မ်ားကို ေက်ပြန္စြာထမ္းေဆာင္သြားၾကရန္ႏွင့္ စာေပပညာ၊ လူမႈဆက္ဆံေရး အသိပညာမ်ားရရွိေစေရး သင္ၾကားေပးသြားရမည္ျဖစ္ေၾကာင္းလည္း နစကဥကၠ႒က ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

“အမ်ိဳးသားစည္းကမ္းအစ စာသင္ေက်ာင္းက” ဟူသည့္အတိုင္း ကေလးငယ္မ်ားအေနျဖင့္ ငယ္စဥ္ကေလးဘဝကတည္းကပင္ စည္းကမ္းစနစ္တက်ျဖင့္ ေနထိုင္သြားလာေျပာဆိုတတ္ေစေရး သင္ၾကားေပးသြားရမည္ျဖစ္ေၾကာင္း နစကဥကၠ႒က ဆိုသည္။ ေက်ာင္းေနအ႐ြယ္ကေလးမ်ားအားလုံး ပညာသင္ၾကားႏိုင္ေရးအတြက္လည္း စည္း႐ုံးေဆာင္႐ြက္သြားၾကရန္ လိုအပ္ေၾကာင္းလည္း နစက ဥကၠ႒က ဆိုသည္။

Related news

© 2021. All rights reserved.