ကမ္ဘာ့အဆင့်မြင့်ဆုံး နျူကလီးယားလက်နက်များကို ရုရှားကပိုင်ဆိုင်ထားကြောင်း သမ္မတပူတင်ပြော

 543

Pika (Ref : RT)
ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် အဆင့်မြင့်ဆုံး နျူကလီးယားလက်နက်များကို ပိုင်ဆိုင်ထားကြောင်း ရုရှား သမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါပိုင်ဆိုင်မှုများက ရုရှားနိုင်ငံ၏အချုပ်အခြာအာဏာနှင့် တစ်ကမ္ဘာ လုံးတွင် ရုရှား၏အင်အားကြီးမားမှုကို အာမခံချက်ပေးထားခြင်းဖြစ် ကြောင်း ပူတင်က ထပ်မံပြောဆိုခဲ့သည်။
အမျိုးသားလက်နက်တပ်ဆင်ရေးအစီ အစဉ်နှင့်ပတ်သက်သည့် အစိုးရအစည်းအဝေးတွင် မိန့်ခွန်းပြောကြားစဉ် အချိန်အတွင်း ရုရှားနိုင်ငံ၏ စစ်တပ်ဖွဲ့စည်းပုံအခြေခံသုံးရပ်(Nuclear triad)၏ ဆက်လက်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးအာရုံ စိုက်လုပ်ဆောင်ရန် ပူတင်ကတိုက်တွန်းခဲ့ကြောင်း သိရသည်။ Nuclear triad ဆိုသည်မှာ နျူကလီးယား ထိပ် ဖူးများသယ်ဆောင်နိုင်သည့် မြေပြင်အခြေစိုက် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များ၊ ရေငုပ်သင်္ဘောမှ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များနှင့် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များပေါင်း စပ်မှုကိုဖော်ပြရန်အသုံးပြုသည့် ဝေါဟာရ တစ်ခု ဖြစ်ကြောင်းသိရသည်။
အဆိုပါလက်နက်စနစ်များသည် နိုင်ငံတစ်နိုင်ငံ၏တပ်ဖွဲ့များကို ပထမဆုံးအကြိမ် တိုက်ခိုက်မှုအတွင်း မဖျက် ဆီးနိုင်ရန် သေချာစေကြောင်းလည်းသိရသည်။ ပူတင်က ‘လက်ရှိအချိန်မှာ ကျွန် တော်တို့ရဲ့မဟာဗျူဟာမြောက်နျူက လီးယား တပ်ဖွဲ့တွေမှာ ခေတ်မီဆန်းသစ်တဲ့လက်နက်စနစ်တွေနဲ့ ပစ္စည်းတွေရဲ့ ရှယ်ယာတွေဟာ (၉၅)ရာခိုင်နှုန်း အထိရှိ လာပါပြီ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့တိုးတက်မှုတွေကို လုပ်ဆောင်နေပါတယ်။ ဒါက ကမ္ဘာ့နျူကလီးယား အင်အားကြီးနိုင်ငံတွေ အားလုံးထဲမှာ အမြင့်ဆုံးအဆင့်တစ်ခုပဲဖြစ်ပါတယ်’ဟု ပြောဆိုခဲ့သည်။

Zawgyi Version:
ကမာၻ႔အဆင့္ျမင့္ဆုံး န်ဴကလီးယားလက္နက္မ်ားကို ႐ုရွားကပိုင္ဆိုင္ထားေၾကာင္း သမၼတပူတင္ေျပာ
Pika (Ref : RT)
႐ုရွားႏိုင္ငံသည္ ကမာၻေပၚတြင္ အဆင့္ျမင့္ဆုံး န်ဴကလီးယားလက္နက္မ်ားကို ပိုင္ဆိုင္ထားေၾကာင္း ႐ုရွား သမၼတပူတင္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ အဆိုပါပိုင္ဆိုင္မႈမ်ားက ႐ုရွားႏိုင္ငံ၏အခ်ဳပ္အျခာအာဏာႏွင့္ တစ္ကမာၻ လုံးတြင္ ႐ုရွား၏အင္အားႀကီးမားမႈကို အာမခံခ်က္ေပးထားျခင္းျဖစ္ ေၾကာင္း ပူတင္က ထပ္မံေျပာဆိုခဲ့သည္။
အမ်ိဳးသားလက္နက္တပ္ဆင္ေရးအစီ အစဥ္ႏွင့္ပတ္သက္သည့္ အစိုးရအစည္းအေဝးတြင္ မိန႔္ခြန္းေျပာၾကားစဥ္ အခ်ိန္အတြင္း ႐ုရွားႏိုင္ငံ၏ စစ္တပ္ဖြဲ႕စည္းပုံအေျခခံသုံးရပ္(Nuclear triad)၏ ဆက္လက္ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အထူးအာ႐ုံ စိုက္လုပ္ေဆာင္ရန္ ပူတင္ကတိုက္တြန္းခဲ့ေၾကာင္း သိရသည္။ Nuclear triad ဆိုသည္မွာ န်ဴကလီးယား ထိပ္ ဖူးမ်ားသယ္ေဆာင္ႏိုင္သည့္ ေျမျပင္အေျခစိုက္ တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္မ်ား၊ ေရငုပ္သေဘၤာမွ ပစ္လႊတ္ေသာ ပဲ့ထိန္းဒုံးက်ည္မ်ားႏွင့္ မဟာဗ်ဴဟာေျမာက္ ဗုံးႀကဲေလယာဥ္မ်ားေပါင္း စပ္မႈကိုေဖာ္ျပရန္အသုံးျပဳသည့္ ေဝါဟာရ တစ္ခု ျဖစ္ေၾကာင္းသိရသည္။
အဆိုပါလက္နက္စနစ္မ်ားသည္ ႏိုင္ငံတစ္ႏိုင္ငံ၏တပ္ဖြဲ႕မ်ားကို ပထမဆုံးအႀကိမ္ တိုက္ခိုက္မႈအတြင္း မဖ်က္ ဆီးႏိုင္ရန္ ေသခ်ာေစေၾကာင္းလည္းသိရသည္။ ပူတင္က ‘လက္ရွိအခ်ိန္မွာ ကြၽန္ ေတာ္တို႔ရဲ႕မဟာဗ်ဴဟာေျမာက္န်ဴက လီးယား တပ္ဖြဲ႕ေတြမွာ ေခတ္မီဆန္းသစ္တဲ့လက္နက္စနစ္ေတြနဲ႔ ပစၥည္းေတြရဲ႕ ရွယ္ယာေတြဟာ (၉၅)ရာခိုင္ႏႈန္း အထိရွိ လာပါၿပီ။ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေကာင္းမြန္တဲ့တိုးတက္မႈေတြကို လုပ္ေဆာင္ေနပါတယ္။ ဒါက ကမာၻ႔န်ဴကလီးယား အင္အားႀကီးႏိုင္ငံေတြ အားလုံးထဲမွာ အျမင့္ဆုံးအဆင့္တစ္ခုပဲျဖစ္ပါတယ္’ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.