ဇဝနဗုဒ္ဓတက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့် ဘွဲ့သင်တန်းများမှသင်တန်းသား (၂၈၀)ကို အောင်မြင်စွာ မွေးထုတ်ထား

 134

Pearl (NP News) - ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့၊ ဇဝနဗုဒ္ဓတက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့်ဘွဲ့ သင် တန်းများမှ သင်တန်းသား (၂၈၀)ကို အောင်မြင်စွာ မွေးထုတ်ပေးထားနိုင်ကြောင်း သိရသည်။

ဆရာကြီးဦးမြင့်ဆွေ(မဟာဝိဇ္ဇာ-လန် ဒန်)၏ ပညာရေးရပ်ဝန်းကျောင်းတစ်ခုဖြစ်သည့် ဇဝန
ဗုဒ္ဓ တက္ကသိုလ်၏ အဋ္ဌမအကြိမ် ကျောင်းသားသစ် ကြိုဆိုပွဲအခမ်းအနားကို ပြီးခဲ့သည့် ဇွန်လ (၁၀)ရက် (၁၃၈၇-ခု၊ နယုန် လပြည့်) ၊ နေ့လယ်(၃) နာရီခွဲတွင် ပညာဝေပုလ္လစာကြည့်တိုက်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည် ။

အဆိုပါ အခမ်းအနား၌ ရှေးဦးစွာ ကထိက ဆရာတော်များနှင့် သင်တန်းအသီးသီးသို့ တက် ရောက်ကြမည့် သင်တန်းသား/သင်တန်းသူများ အလှူရှင်မိသားစုဝင်များမှ ဘုရားကန်တော့၍ အခမ်း အနားကို ဖွင့်လှစ်ခဲ့ကြပြီး ကထိကဆရာတော် ဦးဇိနက ကျောင်းတော်၏ သင်ကြားရေးဆိုင်ရာနှင့် ပတ်သက်၍ ဩဝါဒစကားအချို့ကို မိန့်ကြားပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇဝနဗုဒ္ဓတက္ကသိုလ် အကျိုးတော် ဆောင်အဖွဲ့၏ ဂုဏ်ထူးဆောင်နာယကကြီး အဂ္ဂ မဟာ ဥပကာရပါရဂူ ဦးစိန်ကြည်က သင်တန်းအသီး သီးသို့တက်ရောက်ကြမည့် သင်တန်းသားသင် တန်းသူ များအား ဂုဏ်ယူဝမ်းမြောက်ကြောင်း စကား လျှောက်ထားပြောကြားခဲ့ပြီးနောက် (၁၃၈၇)ခု ပညာသင် နှစ်တွင် ပညာသင်ယူကြမည့် သင်တန်းသား သင်တန်းသူများက ကျောင်းတက်လျှောက်လွှာများကို ကထိက ဆရာတော် ဦးဇိနထံ စာရင်းသွင်း အပ်နှံပေးသွင်းခဲ့ကြောင်း သိရသည်။

ထို့နောက် ဇဝနဗုဒ္ဓတက္ကသိုလ် အကျိုးတော် ဆောင်အဖွဲ့၏ ဂုဏ်ထူးဆောင်နာယကကြီး အဂ္ဂ မဟာ ဥပကာရပါရဂူ ဦးစိန်ကြည်က (၁၃၈၆)ခု နှစ် ပညာသင်နှစ်တွင်ပြုလုပ်ခဲ့သော အပတ်စဉ်စာမေးပွဲ များတွင် ပီအေဘီအီး ဒီပလိုမာသင်တန်း၌ အမှတ်အများဆုံးရရှိတော်မူခဲ့သည့် ဦးဇာနေယျ၊ ပီအက်စ် ဘီ အီး ဒီပလိုမာ ပထမနှစ်သင်တန်း၌ အမှတ်အများဆုံးရရှိတော်မူခဲ့သည့် ဦးမာနိတ၊ ပီအက်စ်ဘီအီး ဒီပလို မာ ဒုတိယနှစ်သင်တန်း၌ အမှတ် အများဆုံးရရှိတော်မူခဲ့သည့် ဦးပညာနန္ဒတို့ကို အမှတ်အများဆုံး ကျောင်းသားဆု ဂုဏ်ပြုလွှာများကို လည်းကောင်း၊ ပီအေဘီအီး ဒီပလိုမာသင်တန်း၌ သုံးပတ်ဆက်တိုက် ပထမ ရရှိခဲ့သည့် ဦးဇာနေယျ၊ ပီအက်စ်ဘီအီး ဒီပလိုမာ ဒုတိယနှစ်သင်တန်း၌ သုံးပတ်ဆက်တိုက် ပထမရရှိခဲ့သည့် ဦးပညာနန္ဒတို့ကို တစ်နှစ်တာ ထူးချွန်ကျောင်းသားဆု ဂုဏ်ပြုလွှာကိုများ ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။

အလားတူ တက္ကသိုလ်၏မော်ကွန်းထိန်းဌာနမှ ဦးကုဏ္ဍလ၊ ဦးဥက္ကံသ၊ ဦးဥတ္တမ၊ ဦးဩဘာသ နှင့် ဦးသိရီပါလတို့ကို ကထိက(တွဲဖက်)ဆရာအသစ်များအဖြစ် အတည်ပြုခန့်အပ်ခဲ့ပြီး ရွှေဟင်္သာ ပရိဘောဂတိုက်မိသားစုမှ ဆရာတော်ကြီးအမှူး ရှိသော ကထိကဆရာတော်များနှင့် သင်တန်းသား၊ သင်တန်းသူများအား ပညာရေးဆိုင်ရာ အသုံး အဆောင်များနှင့် နဝကမ္မများကို လှူဒါန်းခဲ့ပြီး ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ကျောင်းသား သစ်ကြိုဆိုပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဇဝနဗုဒ္ဓတက္ကသိုလ်တွင် ဖွင့်လှစ်ထားပြီး ဘွဲ့သင်တန်းများတွင် အောင်မြင်ထားသည့်အရေ အတွက်မှာ (၁)နှစ်သင် PABE Diploma သင်တန်းတွင် (၁၄၅)ဦး၊ (၂)နှစ်သင် PSBE Diploma သင်တန်း တွင် (၈၂)ဦး ၊ (၂)နှစ်သင် BA ( Buddha Desana ) ဗုဒ္ဓဒေသနာ ဘွဲ့သင်တန်းတွင် (၁၃)ဦး၊ (၂)နှစ်သင် BA (Indo Aryan) ဘာသန္တရဆေကဓမ္မာစရိယဘွဲ့သင် တန်းတွင် (၃၇)ဦး ၊ (၅)နှစ်သင် BA ( Buddha Dhamma ) ဝိဇ္ဇာလယာလင်္ကာရဘွဲ့သင်တန်းတွင် (၃)ဦးတို့ အောင်မြင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယခုနှစ်ပညာသင်နှစ်တွင် ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မနှင့်တကွ ကထိက ဆရာတော် များဖြစ်ကြသည့် ဦးသုဝဏ္ဏ၊ ဦးသုမင်္ဂလ၊ ဦးဇိန၊ ဦးဉာဏဝရ၊ ဦးစန္ဒိမာ၊ ဦးကေသရ၊ ဦးဝိမလ၊ ဦးကော သလ္လ၊ ဦးခေမာဝံသ၊ ဦးကုဏ္ဍလ၊ ဦးဥက္ကံသ၊ ဦးဥတ္တမ၊ ဦးဩဘာသ၊ ဦးသိရီပါလတို့က အတန်းစုံရှိ သင် တန်းသား (၁၀ဝ)ခန့် ဗုဒ္ဓဓမ္မနှင့် ဘာသန္တရဆိုင်ရာ စာပေများကို သင်ကြားပို့ချပေးကြမည်ဖြစ်ကြောင်း လည်း သိရသည်။

zawgyi version
ဇဝနဗုဒၶတကၠသိုလ္တြင္ ဖြင့္လွစ္ထားသည့္ ဘြဲ႕သင္တန္းမ်ားမွသင္တန္းသား (၂၈၀)ကို ေအာင္ျမင္စြာ ေမြးထုတ္ထား
Pearl (NP News) - ဇြန္ ၁၇

ဧရာဝတီတိုင္းေဒသႀကီး၊ က်ိဳက္လတ္ၿမိဳ႕၊ ဇဝနဗုဒၶတကၠသိုလ္တြင္ ဖြင့္လွစ္ထားသည့္ဘြဲ႕ သင္ တန္းမ်ားမွ သင္တန္းသား (၂၈၀)ကို ေအာင္ျမင္စြာ ေမြးထုတ္ေပးထားႏိုင္ေၾကာင္း သိရသည္။

ဆရာႀကီးဦးျမင့္ေဆြ(မဟာဝိဇၨာ-လန္ ဒန္)၏ ပညာေရးရပ္ဝန္းေက်ာင္းတစ္ခုျဖစ္သည့္ ဇဝန
ဗုဒၶ တကၠသိုလ္၏ အ႒မအႀကိမ္ ေက်ာင္းသားသစ္ ႀကိဳဆိုပြဲအခမ္းအနားကို ၿပီးခဲ့သည့္ ဇြန္လ (၁၀)ရက္ (၁၃၈၇-ခု၊ နယုန္ လျပည့္) ၊ ေန႔လယ္(၃) နာရီခြဲတြင္ ပညာေဝပုလႅစာၾကည့္တိုက္အတြင္း က်င္းပျပဳလုပ္ခဲ့ေၾကာင္း သိရသည္ ။

အဆိုပါ အခမ္းအနား၌ ေရွးဦးစြာ ကထိက ဆရာေတာ္မ်ားႏွင့္ သင္တန္းအသီးသီးသို႔ တက္ ေရာက္ၾကမည့္ သင္တန္းသား/သင္တန္းသူမ်ား အလႉရွင္မိသားစုဝင္မ်ားမွ ဘုရားကန္ေတာ့၍ အခမ္း အနားကို ဖြင့္လွစ္ခဲ့ၾကၿပီး ကထိကဆရာေတာ္ ဦးဇိနက ေက်ာင္းေတာ္၏ သင္ၾကားေရးဆိုင္ရာႏွင့္ ပတ္သက္၍ ဩဝါဒစကားအခ်ိဳ႕ကို မိန႔္ၾကားေပးခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ဇဝနဗုဒၶတကၠသိုလ္ အက်ိဳးေတာ္ ေဆာင္အဖြဲ႕၏ ဂုဏ္ထူးေဆာင္နာယကႀကီး အဂၢ မဟာ ဥပကာရပါရဂူ ဦးစိန္ၾကည္က သင္တန္းအသီး သီးသို႔တက္ေရာက္ၾကမည့္ သင္တန္းသားသင္ တန္းသူ မ်ားအား ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း စကား ေလွ်ာက္ထားေျပာၾကားခဲ့ၿပီးေနာက္ (၁၃၈၇)ခု ပညာသင္ ႏွစ္တြင္ ပညာသင္ယူၾကမည့္ သင္တန္းသား သင္တန္းသူမ်ားက ေက်ာင္းတက္ေလွ်ာက္လႊာမ်ားကို ကထိက ဆရာေတာ္ ဦးဇိနထံ စာရင္းသြင္း အပ္ႏွံေပးသြင္းခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ဇဝနဗုဒၶတကၠသိုလ္ အက်ိဳးေတာ္ ေဆာင္အဖြဲ႕၏ ဂုဏ္ထူးေဆာင္နာယကႀကီး အဂၢ မဟာ ဥပကာရပါရဂူ ဦးစိန္ၾကည္က (၁၃၈၆)ခု ႏွစ္ ပညာသင္ႏွစ္တြင္ျပဳလုပ္ခဲ့ေသာ အပတ္စဥ္စာေမးပြဲ မ်ားတြင္ ပီေအဘီအီး ဒီပလိုမာသင္တန္း၌ အမွတ္အမ်ားဆုံးရရွိေတာ္မူခဲ့သည့္ ဦးဇာေနယ်၊ ပီအက္စ္ ဘီ အီး ဒီပလိုမာ ပထမႏွစ္သင္တန္း၌ အမွတ္အမ်ားဆုံးရရွိေတာ္မူခဲ့သည့္ ဦးမာနိတ၊ ပီအက္စ္ဘီအီး ဒီပလို မာ ဒုတိယႏွစ္သင္တန္း၌ အမွတ္ အမ်ားဆုံးရရွိေတာ္မူခဲ့သည့္ ဦးပညာနႏၵတို႔ကို အမွတ္အမ်ားဆုံး ေက်ာင္းသားဆု ဂုဏ္ျပဳလႊာမ်ားကို လည္းေကာင္း၊ ပီေအဘီအီး ဒီပလိုမာသင္တန္း၌ သုံးပတ္ဆက္တိုက္ ပထမ ရရွိခဲ့သည့္ ဦးဇာေနယ်၊ ပီအက္စ္ဘီအီး ဒီပလိုမာ ဒုတိယႏွစ္သင္တန္း၌ သုံးပတ္ဆက္တိုက္ ပထမရရွိခဲ့သည့္ ဦးပညာနႏၵတို႔ကို တစ္ႏွစ္တာ ထူးခြၽန္ေက်ာင္းသားဆု ဂုဏ္ျပဳလႊာကိုမ်ား ကပ္လႉပူေဇာ္ခဲ့ေၾကာင္း သိရသည္။

အလားတူ တကၠသိုလ္၏ေမာ္ကြန္းထိန္းဌာနမွ ဦးကု႑လ၊ ဦးဥကၠံသ၊ ဦးဥတၱမ၊ ဦးဩဘာသ ႏွင့္ ဦးသိရီပါလတို႔ကို ကထိက(တြဲဖက္)ဆရာအသစ္မ်ားအျဖစ္ အတည္ျပဳခန႔္အပ္ခဲ့ၿပီး ေ႐ႊဟသၤာ ပရိေဘာဂတိုက္မိသားစုမွ ဆရာေတာ္ႀကီးအမႉး ရွိေသာ ကထိကဆရာေတာ္မ်ားႏွင့္ သင္တန္းသား၊ သင္တန္းသူမ်ားအား ပညာေရးဆိုင္ရာ အသုံး အေဆာင္မ်ားႏွင့္ နဝကမၼမ်ားကို လႉဒါန္းခဲ့ၿပီး ဗုဒၶ သာသနံ စိရံတိ႒တု သုံးႀကိမ္႐ြတ္ဆို၍ ေက်ာင္းသား သစ္ႀကိဳဆိုပြဲအခမ္းအနားကို ႐ုပ္သိမ္းခဲ့ေၾကာင္း သိရသည္။

ဇဝနဗုဒၶတကၠသိုလ္တြင္ ဖြင့္လွစ္ထားၿပီး ဘြဲ႕သင္တန္းမ်ားတြင္ ေအာင္ျမင္ထားသည့္အေရ အတြက္မွာ (၁)ႏွစ္သင္ PABE Diploma သင္တန္းတြင္ (၁၄၅)ဦး၊ (၂)ႏွစ္သင္ PSBE Diploma သင္တန္း တြင္ (၈၂)ဦး ၊ (၂)ႏွစ္သင္ BA ( Buddha Desana ) ဗုဒၶေဒသနာ ဘြဲ႕သင္တန္းတြင္ (၁၃)ဦး၊ (၂)ႏွစ္သင္ BA (Indo Aryan) ဘာသႏၲရေဆကဓမၼာစရိယဘြဲ႕သင္ တန္းတြင္ (၃၇)ဦး ၊ (၅)ႏွစ္သင္ BA ( Buddha Dhamma ) ဝိဇၨာလယာလကၤာရဘြဲ႕သင္တန္းတြင္ (၃)ဦးတို႔ ေအာင္ျမင္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္ပညာသင္ႏွစ္တြင္ ေက်ာင္းအုပ္ဆရာေတာ္ ဘဒၵႏၲအဂၢဓမၼႏွင့္တကြ ကထိက ဆရာေတာ္ မ်ားျဖစ္ၾကသည့္ ဦးသုဝဏၰ၊ ဦးသုမဂၤလ၊ ဦးဇိန၊ ဦးဉာဏဝရ၊ ဦးစႏၵိမာ၊ ဦးေကသရ၊ ဦးဝိမလ၊ ဦးေကာ သလႅ၊ ဦးေခမာဝံသ၊ ဦးကု႑လ၊ ဦးဥကၠံသ၊ ဦးဥတၱမ၊ ဦးဩဘာသ၊ ဦးသိရီပါလတို႔က အတန္းစုံရွိ သင္ တန္းသား (၁၀ဝ)ခန႔္ ဗုဒၶဓမၼႏွင့္ ဘာသႏၲရဆိုင္ရာ စာေပမ်ားကို သင္ၾကားပို႔ခ်ေပးၾကမည္ျဖစ္ေၾကာင္း လည္း သိရသည္။

Related news

© 2021. All rights reserved.