ပညာရေးနယ်ပယ်အတွင်း ပါဝင်သူများကို ကာကွယ်ပေးရန် လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

336

စော (NP News)- ဇွန် ၂၁
ပညာရေးနယ်ပယ်အတွင်းရှိ ဆရာ၊ဆရာမများ၊ ကျောင်းသားလူငယ်များ အပါအဝင် ပါဝင်ဆောင်ရွက်လျက်ရှိသူ အားလုံးကို ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ထားသည်။
ယခုပညာသင်နှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းဘုရား (ညောင်ပင်ကန်)ကျေးရွာရှိ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ခင်ပွန်းတို့ သတ်ဖြတ်ခံရခြင်းနှင့် မကွေးတိုင်း ဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ ပွင့်တောက်ကျေးရွာ စက်လှေဆိပ်၌ အထက်တန်းပြဆရာမနှင့် ပညာရေးကောလိပ် တက်ရောက်မည့်ကျောင်းသူများအား အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်ခြင်းများ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် နတ်မောက်မြို့နယ် ကူနီကျေးရွာရှိ အခြေခံ ပညာမူလတန်းကျောင်း(မူလွန်)မှ ကျောင်းအုပ်ဆရာမကြီး တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရခြင်းအပါအဝင် ဝက်ချုပ်ကျေးရွာတွင် အလယ်တန်းပြ ဆရာမတစ်ဦးနှင့်၎င်း၏ ခင်ပွန်းတို့သတ်ဖြတ်ခံရခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည် အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်၊ လွတ်လပ်စွာ ပညာသင်ကြားခွင့်နှင့် တည်ငြိမ်အေးချမ်းမှုရရှိခံစားခွင့် စသည့် အခြေခံလူ့အခွင့်အရေးများကို ထိခိုက်စေကြောင်း ထုတ်ပြန်ထားသည်။
ထိုကဲ့သို့ ငြိမ်းချမ်းစွာပညာသင်ယူခွင့်ရရှိခံစားနိုင်ရေးအတွက် အဓိကတာဝန်ယူဖော်ဆောင်ပေးနေသော ဆရာ၊ ဆရာမများ အပါအဝင် ကျောင်းသူ၊ ကျောင်းသားများ၊ စာသင်ကျောင်းများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ရန်ရှာဖမ်းဆီးခြင်း၊ ခြိမ်းခြောက်နှောင့်ယှက်ခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် ပျက်စီးရာ ပျက်စီးကြောင်း လုပ်ဆောင်နေခြင်းတို့သည် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၃ ပါ အသက်ရှင်သန်ခွင့်၊ လူပုဂ္ဂိုလ်လုံခြုံခွင့်နှင့် အပိုဒ် ၂၆ ပါ ပညာသင်ယူခွင့် အခွင့်အရေးတို့ကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့ပြင် ၂ဝ၁၄ ခုနှစ် အမျိုးသား ပညာရေးဥပဒေအရ “နိုင်ငံသားများ၏ မွေးရာပါအခွင့်အရေးဖြစ်သော ပညာသင်ယူခွင့်ကို နိုင်ငံသားတိုင်း ခံစားရရှိစေရေး" အလေးအနက် အသိအမှတ်ပြုကာ ပညာရေးနယ်ပယ် အတွင်း ရှိ ဆရာ ဆရာမများ၊ ကျောင်းသားလူငယ်များအပါအဝင် ပါဝင်ဆောင်ရွက်လျက်ရှိသူအားလုံး ထိခိုက်နစ်နာမှုမရှိ စေရေး ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။
အလားတူ လမ်းတံတားများ၊တာဝါတိုင်များ၊ လူနေအိမ်အဆောက်အဦများ၊ ဆေးရုံများ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များသည်လည်း တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝကို ထိခိုက်နစ်နာစေသည့်အပြင် အဆိုပါအကြမ်းဖက်လုပ်ရပ်များသည် နိုင်ငံနှင့်ပြည်သူအတွက် ကြီးမားသောဆုံးရှုံးမှုများဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အဆိုးရွားဆုံး ခြိမ်းခြောက်မှုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ထို့ကြောင့် မည်သည့်အကြမ်းဖက်လုပ်ရပ်မဆို ရာဇဝတ်မှုမြောက်၍ တရားမျှတမှုမရှိဟု ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုထားသည့်နည်းတူ မြန်မာနိုင်ငံတွင် လည်း(၂၀၁၄) ခုနှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပြဋ္ဌာန်း၍ အကြမ်းဖက်လုပ်ရပ်များကို ကြိုးပမ်းတိုက်ဖျက်လျက်ရှိသည်ကို တွေ့မြင်သိရှိရကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာ ပညာသင်ယူခွင့်ရရှိစေရန်နှင့် အကြမ်းဖက်လုပ်ရပ်များ လျော့နည်းပပျောက်စေရန် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့မှာ မရှိမဖြစ်လိုအပ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

Zawgyi Version:
ပညာေရးနယ္ပယ္အတြင္း ပါဝင္သူမ်ားကို ကာကြယ္ေပးရန္ လူ႔အခြင့္အေရးေကာ္မရွင္ တိုက္တြန္း
ေစာ (NP News)- ဇြန္ ၂၁
ပညာေရးနယ္ပယ္အတြင္းရွိ ဆရာ၊ဆရာမမ်ား၊ ေက်ာင္းသားလူငယ္မ်ား အပါအဝင္ ပါဝင္ေဆာင္႐ြက္လ်က္ရွိသူ အားလုံးကို ထိခိုက္နစ္နာမႈမရွိေစေရးအတြက္ ဝိုင္းဝန္းကာကြယ္ေစာင့္ေရွာက္ေပးရန္ လိုအပ္ေၾကာင္း ျမန္မာႏိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က ထုတ္ျပန္ထားသည္။
ယခုပညာသင္ႏွစ္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕နယ္၊ ကုန္းဘုရား (ေညာင္ပင္ကန္)ေက်း႐ြာရွိ အေျခခံ ပညာအထက္တန္းေက်ာင္း(ခြဲ)မွ ေက်ာင္းအုပ္ဆရာမႀကီးႏွင့္ ၎၏ခင္ပြန္းတို႔ သတ္ျဖတ္ခံရျခင္းႏွင့္ မေကြးတိုင္း ေဒသႀကီး၊ ေစတုတၱရာၿမိဳ႕နယ္၊ ပြင့္ေတာက္ေက်း႐ြာ စက္ေလွဆိပ္၌ အထက္တန္းျပဆရာမႏွင့္ ပညာေရးေကာလိပ္ တက္ေရာက္မည့္ေက်ာင္းသူမ်ားအား အၾကမ္းဖက္သမားမ်ားက ဖမ္းဆီးေခၚေဆာင္ျခင္းမ်ား ရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ နတ္ေမာက္ၿမိဳ႕နယ္ ကူနီေက်း႐ြာရွိ အေျခခံ ပညာမူလတန္းေက်ာင္း(မူလြန္)မွ ေက်ာင္းအုပ္ဆရာမႀကီး တစ္ဦး ဖမ္းဆီးသတ္ျဖတ္ခံရျခင္းအပါအဝင္ ဝက္ခ်ဳပ္ေက်း႐ြာတြင္ အလယ္တန္းျပ ဆရာမတစ္ဦးႏွင့္၎၏ ခင္ပြန္းတို႔သတ္ျဖတ္ခံရျခင္းစသည့္ အၾကမ္းဖက္လုပ္ရပ္မ်ားသည္ အသက္ရွင္သန္ခြင့္၊ လူပုဂၢိဳလ္လုံၿခဳံခြင့္၊ လြတ္လပ္စြာ ပညာသင္ၾကားခြင့္ႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈရရွိခံစားခြင့္ စသည့္ အေျခခံလူ႔အခြင့္အေရးမ်ားကို ထိခိုက္ေစေၾကာင္း ထုတ္ျပန္ထားသည္။
ထိုကဲ့သို႔ ၿငိမ္းခ်မ္းစြာပညာသင္ယူခြင့္ရရွိခံစားႏိုင္ေရးအတြက္ အဓိကတာဝန္ယူေဖာ္ေဆာင္ေပးေနေသာ ဆရာ၊ ဆရာမမ်ား အပါအဝင္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား၊ စာသင္ေက်ာင္းမ်ားအား နည္းမ်ိဳးစုံျဖင့္ အၾကမ္းဖက္ျခင္း၊ လုပ္ႀကံသတ္ျဖတ္ျခင္း၊ ရန္ရွာဖမ္းဆီးျခင္း၊ ၿခိမ္းေျခာက္ေႏွာင့္ယွက္ျခင္းႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ပ်က္စီးရာ ပ်က္စီးေၾကာင္း လုပ္ေဆာင္ေနျခင္းတို႔သည္ ကမာၻ႔လူ႔အခြင့္အေရး ေၾကညာစာတမ္း အပိုဒ္ ၃ ပါ အသက္ရွင္သန္ခြင့္၊ လူပုဂၢိဳလ္လုံၿခဳံခြင့္ႏွင့္ အပိုဒ္ ၂၆ ပါ ပညာသင္ယူခြင့္ အခြင့္အေရးတို႔ကို ခ်ိဳးေဖာက္ျခင္းပင္ ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။
ထို႔ျပင္ ၂ဝ၁၄ ခုႏွစ္ အမ်ိဳးသား ပညာေရးဥပေဒအရ “ႏိုင္ငံသားမ်ား၏ ေမြးရာပါအခြင့္အေရးျဖစ္ေသာ ပညာသင္ယူခြင့္ကို ႏိုင္ငံသားတိုင္း ခံစားရရွိေစေရး" အေလးအနက္ အသိအမွတ္ျပဳကာ ပညာေရးနယ္ပယ္ အတြင္း ရွိ ဆရာ ဆရာမမ်ား၊ ေက်ာင္းသားလူငယ္မ်ားအပါအဝင္ ပါဝင္ေဆာင္႐ြက္လ်က္ရွိသူအားလုံး ထိခိုက္နစ္နာမႈမရွိ ေစေရး ဝိုင္းဝန္း ကာကြယ္ေစာင့္ေရွာက္ေပးရန္ လိုအပ္ေၾကာင္း တိုက္တြန္းထားသည္။
အလားတူ လမ္းတံတားမ်ား၊တာဝါတိုင္မ်ား၊ လူေနအိမ္အေဆာက္အဦမ်ား၊ ေဆး႐ုံမ်ား ဖ်က္ဆီးျခင္းစသည့္ အၾကမ္းဖက္လုပ္ရပ္မ်ားသည္လည္း တိုင္းရင္းသားျပည္သူမ်ား၏ လူမႈစီးပြားဘဝကို ထိခိုက္နစ္နာေစသည့္အျပင္ အဆိုပါအၾကမ္းဖက္လုပ္ရပ္မ်ားသည္ ႏိုင္ငံႏွင့္ျပည္သူအတြက္ ႀကီးမားေသာဆုံးရႈံးမႈမ်ားျဖစ္ေပၚေစၿပီး ၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးကို အဆိုး႐ြားဆုံး ၿခိမ္းေျခာက္မႈျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ဆိုထားသည္။
ထို႔ေၾကာင့္ မည္သည့္အၾကမ္းဖက္လုပ္ရပ္မဆို ရာဇဝတ္မႈေျမာက္၍ တရားမွ်တမႈမရွိဟု ကုလသမဂၢႏွင့္ ႏိုင္ငံတကာအသိုက္အဝန္းက အသိအမွတ္ျပဳထားသည့္နည္းတူ ျမန္မာႏိုင္ငံတြင္ လည္း(၂၀၁၄) ခုႏွစ္၊ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒျပ႒ာန္း၍ အၾကမ္းဖက္လုပ္ရပ္မ်ားကို ႀကိဳးပမ္းတိုက္ဖ်က္လ်က္ရွိသည္ကို ေတြ႕ျမင္သိရွိရေၾကာင္း ထုတ္ျပန္ထားသည္။
ႏိုင္ငံတစ္ဝန္း ၿငိမ္းခ်မ္းစြာ ပညာသင္ယူခြင့္ရရွိေစရန္ႏွင့္ အၾကမ္းဖက္လုပ္ရပ္မ်ား ေလ်ာ့နည္းပေပ်ာက္ေစရန္ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးတို႔မွာ မရွိမျဖစ္လိုအပ္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။