ဆယ်စုနှစ်အတွင်း ပြည်တွင်းစစ်ဖြစ်ပွားလာနိုင်ကြောင်း အမေရိကန်နိုင်ငံသား(၄၀)ရာခိုင်နှုန်း ယုံကြည်နေ

0

Pika (NP News) - ဇွန် ၂၂
အမေရိကန်ပြည်တွင်းစစ်သည် လာမည့် ဆယ်စုနှစ်အတွင်း ပေါ်ပေါက်လာနိုင်သည်ဟု အမေရိကန် နိုင်ငံသားများ၏ (၄၀)ရာခိုင်နှုန်းက ယုံကြည်နေကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့် YouGov စစ်တမ်း အသစ်အရ သိရသည်။ အရွယ်ရောက်ပြီးသူ (၃၃၇၅) ဦး ကို စစ်တမ်းကောက်ယူခဲ့သည့် အဆိုပါ စစ်တမ်းတွင် အမေရိကန်နိုင်ငံအတွင်း နက်နဲသည့်ကွဲပြားခြားနားမှုများအပေါ် ကျယ်ပြန့်သည့် စိုးရိမ်ပူပန်မှုများကို အလေးပေး ဖော်ပြထားကြောင်း သိရသည်။
ဖက်ဒရယ် ပြည်နှင်ဒဏ်ပေးမှုကို ဆန့်ကျင်သည့် ပြင်းထန်သော ဆန္ဒပြမှုများနှင့် သမ္မတဒေါ်နယ် ထရမ့်ကို ရည်ရွယ်သည့် နိုင်ငံအနှံ့ဆန္ဒပြမှုများအပါအဝင် အမေရိကန်နိုင်ငံတွင်းတွင် မငြိမ်မသက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါစစ်တမ်းထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ပြင် ပြည်တွင်းစစ်ဖြစ်ပွားလာနိုင်ခြေရှိသည်ဟု ယူဆမှုများတွင် အမျိုးသားများထက် အမျိုးသမီးများကပိုများပြီး (၄၅)ရာခိုင်နှုန်းခန့်က ပြည်တွင်း စစ်ပေါ်ပေါက်လာနိုင်ခြေရှိ သည်ဟု ဖြေဆိုခဲ့ကြကြောင်းသိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံရေးပိုင်းတွင် အမြင်များကွဲပြားနေပြီး ဒီမိုကရက်တစ်(၄၈) ရာခိုင်နှုန်း၊ တစ်သီးပုဂ္ဂလ(၃၉)ရာခိုင်နှုန်းနှင့် ရီပတ်ဘလစ်ကန်(၃၂)ရာခိုင်နှုန်းတို့က ပြည်တွင်းစစ်ဖြစ် ပွားလာနိုင်ခြေရှိ ကြောင်း ဖြေဆိုခဲ့ကြသည်။ သို့သော်လည်း ဖြေဆိုသူများ၏ (၂၀)ရာခိုင်နှုန်းကျော်က အဖြေကို ဖြေဆိုရန် ငြင်းဆိုခြင်းမျိုး သို့မဟုတ် ပြည်တွင်းစစ်ပေါ်ပေါက်လာရန် မသေချာဟု ဖြေဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ စစ်တမ်းတွင် လူမျိုးရေးမတူညီမှုများကိုလည်း အကြံပြုထားပြီး လူဖြူ(၁၀) ရာခိုင်နှုန်းက ပြည်တွင်းစစ် ဖြစ်ပွားလာ နိုင်သည်ဟု ဖြေဆိုခဲ့ကြကာ လူမည်း(၁၈)ရာခိုင်နှုန်းက ပြည်တွင်း စစ်ဖြစ်ပွားလာနိုင်သည်ဟု ဖြေဆိုခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
ဆယ္စုႏွစ္အတြင္း ျပည္တြင္းစစ္ျဖစ္ပြားလာႏိုင္ေၾကာင္း အေမရိကန္ႏိုင္ငံသား(၄၀)ရာခိုင္ႏႈန္း ယုံၾကည္ေန
Pika (NP News) - ဇြန္ ၂၂
အေမရိကန္ျပည္တြင္းစစ္သည္ လာမည့္ ဆယ္စုႏွစ္အတြင္း ေပၚေပါက္လာႏိုင္သည္ဟု အေမရိကန္ ႏိုင္ငံသားမ်ား၏ (၄၀)ရာခိုင္ႏႈန္းက ယုံၾကည္ေနေၾကာင္း မၾကာေသးမီက ထုတ္ျပန္ခဲ့သည့္ YouGov စစ္တမ္း အသစ္အရ သိရသည္။ အ႐ြယ္ေရာက္ၿပီးသူ (၃၃၇၅) ဦး ကို စစ္တမ္းေကာက္ယူခဲ့သည့္ အဆိုပါ စစ္တမ္းတြင္ အေမရိကန္ႏိုင္ငံအတြင္း နက္နဲသည့္ကြဲျပားျခားနားမႈမ်ားအေပၚ က်ယ္ျပန႔္သည့္ စိုးရိမ္ပူပန္မႈမ်ားကို အေလးေပး ေဖာ္ျပထားေၾကာင္း သိရသည္။
ဖက္ဒရယ္ ျပည္ႏွင္ဒဏ္ေပးမႈကို ဆန႔္က်င္သည့္ ျပင္းထန္ေသာ ဆႏၵျပမႈမ်ားႏွင့္ သမၼတေဒၚနယ္ ထရမ့္ကို ရည္႐ြယ္သည့္ ႏိုင္ငံအႏွံ႔ဆႏၵျပမႈမ်ားအပါအဝင္ အေမရိကန္ႏိုင္ငံတြင္းတြင္ မၿငိမ္မသက္မႈမ်ား ျဖစ္ပြားခဲ့ၿပီးေနာက္ အဆိုပါစစ္တမ္းထြက္ေပၚလာျခင္းျဖစ္သည္။ ထို႔ျပင္ ျပည္တြင္းစစ္ျဖစ္ပြားလာႏိုင္ေျခရွိသည္ဟု ယူဆမႈမ်ားတြင္ အမ်ိဳးသားမ်ားထက္ အမ်ိဳးသမီးမ်ားကပိုမ်ားၿပီး (၄၅)ရာခိုင္ႏႈန္းခန႔္က ျပည္တြင္း စစ္ေပၚေပါက္လာႏိုင္ေျခရွိ သည္ဟု ေျဖဆိုခဲ့ၾကေၾကာင္းသိရသည္။
အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ႏိုင္ငံေရးပိုင္းတြင္ အျမင္မ်ားကြဲျပားေနၿပီး ဒီမိုကရက္တစ္(၄၈) ရာခိုင္ႏႈန္း၊ တစ္သီးပုဂၢလ(၃၉)ရာခိုင္ႏႈန္းႏွင့္ ရီပတ္ဘလစ္ကန္(၃၂)ရာခိုင္ႏႈန္းတို႔က ျပည္တြင္းစစ္ျဖစ္ ပြားလာႏိုင္ေျခရွိ ေၾကာင္း ေျဖဆိုခဲ့ၾကသည္။ သို႔ေသာ္လည္း ေျဖဆိုသူမ်ား၏ (၂၀)ရာခိုင္ႏႈန္းေက်ာ္က အေျဖကို ေျဖဆိုရန္ ျငင္းဆိုျခင္းမ်ိဳး သို႔မဟုတ္ ျပည္တြင္းစစ္ေပၚေပါက္လာရန္ မေသခ်ာဟု ေျဖဆိုခဲ့ၾကေၾကာင္း သိရသည္။ အဆိုပါ စစ္တမ္းတြင္ လူမ်ိဳးေရးမတူညီမႈမ်ားကိုလည္း အႀကံျပဳထားၿပီး လူျဖဴ(၁၀) ရာခိုင္ႏႈန္းက ျပည္တြင္းစစ္ ျဖစ္ပြားလာ ႏိုင္သည္ဟု ေျဖဆိုခဲ့ၾကကာ လူမည္း(၁၈)ရာခိုင္ႏႈန္းက ျပည္တြင္း စစ္ျဖစ္ပြားလာႏိုင္သည္ဟု ေျဖဆိုခဲ့ၾကေၾကာင္း သိရသည္။