အီရန်ကိုတိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတကို အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်

 0

ဂျန်ဇက် (NP News) - ဇွန် ၂၂
အီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့တဲ့ အမေရိကန်စစ်တပ်ရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနအပြင် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန် ပြစ်တင်ခဲ့ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အမေရိကန်နိုင်ငံရဲ့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအရေးပေါ် အစည်းအ‌ဝေး ခေါ်ဆိုဖိုတိုက်တွန်း တောင်းဆိုခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက “အမေရိကန်အစိုးရဟာစစ်ပွဲကို ဆန့်ကျင်ပြီး ဥပဒေချိုးဖောက်ခဲ့တယ်။ ဒီရာဇဝတ်မှုကြီးရဲ့ အလွန်အန္တရာယ်များတဲ့ သက်ရောက်မှုတွေနဲ့ အကျိုးဆက်တွေအတွက် တာဝန်ရှိပါတယ်။ အီရန်ဟာ အမေရိကန်စစ်တပ်ရဲ့ရန်လိုမှုကို အစွမ်းကုန် တွန်းလှန်ဖို့ ကိုယ်ပိုင်အခွင့်အရေးရှိပါတယ်။ အီရန်နိုင်ငံကို တိုက်ခိုက်ခဲ့တဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတရဲ့ဆုံးဖြတ်ချက်တွေကို အတိုက်ခံပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ပြစ်တင်လျက်ရှိနေပါတယ်။ ဒီမိုကရက်တစ် လွှတ်တော်အမတ် အများအပြားက အီရန်ကိုတိုက်ခိုက်ရန် သမ္မတ ထရမ့်ရဲ့ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး လွှတ်တော်အမတ်အချို့က အဲဒီတိုက်ခိုက်မှုက တရားမဝင်လုပ်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။
အောက်လွှတ်တော်အမတ် အလက်ဇန်ဒါ အိုကာစီယို ကော်တက်ဇ် က “အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကျွန်ုပ်တို့ကို မျိုးဆက်များအထိ စစ်ပွဲကို စတင်ဖို့ စိတ်အားထက်သန်စွာ လုပ်ဆောင်နေတယ်’’ လို့ ဝေဖန် ပြစ်တင်ခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း “စစ်ဆင်ရေးဟာ မတည်ငြိမ်တဲ့ ပဋိပက္ခတစ်ခုရဲ့ အန္တရာယ်ရှိ ဖြစ်လာတယ်။ မဆင်မခြင် လုပ်ဆောင်ခြင်းတွေကို နောက်ထပ် အသက်မဆုံးရှုံးခင် ဒီရူးသွပ်မှု” ကို အဆုံးသတ်ဖို့ တောင်းဆိုပါတယ်” လို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ရီပတ်ဘလီကန်ပါတီ လွှတ်တော်အမတ်ဖြစ်သူ အန်ဆာရီကလည်း “အီရန်ကို တိုက်ခုက်ခဲ့ဲတဲ့ အမေရိကန်အစိုးရရဲ့လုပ်ရပ်ဟာ “တရားမဝင်” လုပ်ရပ်ဖြစ်ပြီး စစ်ပွဲနဲ့ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ဖို့ ကွန်ဂရက်ရဲ့ အရေးပေါ်အစည်းအဝေးတစ်ရပ် ပြုလုပ်နိုင်အောင် တွန်းအားပေးသွားမယ်။ ဘယ်သမ္မတကမှ ဒီနိုင်ငံကို အပြောင်းအလဲမြန်တဲ့ခြိမ်းခြောက်မှုတွေနဲ့ ဗျူဟာမရှိသော စစ်ပွဲကဲ့သို့ နောက်ဆက်တွဲအကျိုးဆက်အဖြစ် တစ်စုံတစ်ခုသို့ တစ်ဖက်သတ် ချီတက်ခွင့်မပြုသင့်ပါဘူး” လို့ ပြောပါတယ်။

Zawgyi Version:
အီရန္ကိုတိုက္ခိုက္ခဲ့မႈနဲ႔ပတ္သက္ၿပီး အေမရိကန္သမၼတကို အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေဝဖန္
ဂ်န္ဇက္ (NP News) - ဇြန္ ၂၂
အီရန္ႏိုင္ငံကိုတိုက္ခိုက္ခဲ့တဲ့ အေမရိကန္စစ္တပ္ရဲ႕တိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ကို အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနအျပင္ အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ေဝဖန္ ျပစ္တင္ခဲ့ပါတယ္။ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနဟာ အေမရိကန္ႏိုင္ငံရဲ႕တိုက္ခိုက္မႈေတြနဲ႔ပတ္သက္ၿပီး ကုလသမဂၢလုံၿခဳံေရးေကာင္စီအေရးေပၚ အစည္းအ‌ေဝး ေခၚဆိုဖိုတိုက္တြန္း ေတာင္းဆိုခဲ့ပါတယ္။
အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက “အေမရိကန္အစိုးရဟာစစ္ပြဲကို ဆန႔္က်င္ၿပီး ဥပေဒခ်ိဳးေဖာက္ခဲ့တယ္။ ဒီရာဇဝတ္မႈႀကီးရဲ႕ အလြန္အႏၲရာယ္မ်ားတဲ့ သက္ေရာက္မႈေတြနဲ႔ အက်ိဳးဆက္ေတြအတြက္ တာဝန္ရွိပါတယ္။ အီရန္ဟာ အေမရိကန္စစ္တပ္ရဲ႕ရန္လိုမႈကို အစြမ္းကုန္ တြန္းလွန္ဖို႔ ကိုယ္ပိုင္အခြင့္အေရးရွိပါတယ္။ အီရန္ႏိုင္ငံကို တိုက္ခိုက္ခဲ့တဲ့လုပ္ရပ္နဲ႔ပတ္သက္ၿပီး အေမရိကန္သမၼတရဲ႕ဆုံးျဖတ္ခ်က္ေတြကို အတိုက္ခံပါတီျဖစ္တဲ့ ဒီမိုကရက္တစ္ပါတီရဲ႕လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေဝဖန္ျပစ္တင္လ်က္ရွိေနပါတယ္။ ဒီမိုကရက္တစ္ လႊတ္ေတာ္အမတ္ အမ်ားအျပားက အီရန္ကိုတိုက္ခိုက္ရန္ သမၼတ ထရမ့္ရဲ႕ဆုံးျဖတ္ခ်က္ကို ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ၾကၿပီး လႊတ္ေတာ္အမတ္အခ်ိဳ႕က အဲဒီတိုက္ခိုက္မႈက တရားမဝင္လုပ္ရန္ျဖစ္တယ္လို႔ ဆိုပါတယ္။
ေအာက္လႊတ္ေတာ္အမတ္ အလက္ဇန္ဒါ အိုကာစီယို ေကာ္တက္ဇ္ က “အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ ကြၽႏ္ုပ္တို႔ကို မ်ိဳးဆက္မ်ားအထိ စစ္ပြဲကို စတင္ဖို႔ စိတ္အားထက္သန္စြာ လုပ္ေဆာင္ေနတယ္’’ လို႔ ေဝဖန္ ျပစ္တင္ခဲ့ပါတယ္။
ဒါ့အျပင္ အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးကလည္း “စစ္ဆင္ေရးဟာ မတည္ၿငိမ္တဲ့ ပဋိပကၡတစ္ခုရဲ႕ အႏၲရာယ္ရွိ ျဖစ္လာတယ္။ မဆင္မျခင္ လုပ္ေဆာင္ျခင္းေတြကို ေနာက္ထပ္ အသက္မဆုံးရႈံးခင္ ဒီ႐ူးသြပ္မႈ” ကို အဆုံးသတ္ဖို႔ ေတာင္းဆိုပါတယ္” လို႔ တိုက္တြန္းေတာင္းဆိုခဲ့ပါတယ္။ ဒါ့အျပင္ ရီပတ္ဘလီကန္ပါတီ လႊတ္ေတာ္အမတ္ျဖစ္သူ အန္ဆာရီကလည္း “အီရန္ကို တိုက္ခုက္ခဲ့ဲတဲ့ အေမရိကန္အစိုးရရဲ႕လုပ္ရပ္ဟာ “တရားမဝင္” လုပ္ရပ္ျဖစ္ၿပီး စစ္ပြဲနဲ႔ပတ္သက္ၿပီး မဲခြဲဆုံးျဖတ္ဖို႔ ကြန္ဂရက္ရဲ႕ အေရးေပၚအစည္းအေဝးတစ္ရပ္ ျပဳလုပ္ႏိုင္ေအာင္ တြန္းအားေပးသြားမယ္။ ဘယ္သမၼတကမွ ဒီႏိုင္ငံကို အေျပာင္းအလဲျမန္တဲ့ၿခိမ္းေျခာက္မႈေတြနဲ႔ ဗ်ဴဟာမရွိေသာ စစ္ပြဲကဲ့သို႔ ေနာက္ဆက္တြဲအက်ိဳးဆက္အျဖစ္ တစ္စုံတစ္ခုသို႔ တစ္ဖက္သတ္ ခ်ီတက္ခြင့္မျပဳသင့္ပါဘူး” လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.