အစ္စရေးနဲ့အီရန်ကြား အပစ်အခတ်ရပ်စဲရေးက စတင်အသက်ဝင်နေပြီလို့ ဒေါ်နယ်ထရမ့်ပြော

 349

Pika (NP News) - ဇွန် ၂၅

အစ္စရေးနဲ့အီရန်ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်က စတင်အသက်ဝင်နေပြီဖြစ်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် အဲဒီအပစ်အခတ်ရပ်စဲ‌ရေးသဘောတူညီချက်ကို ချိုးဖောက်မှုတွေမလုပ်ဆောင်ကြဖို့ အစ္စရေးနဲ့အီရန်တို့ကို ဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ အစ္စရေးအစိုးရဟာ ဒေါ်နယ်ထရမ့်ရဲ့ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို သဘောတူညီခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အီရန်ရဲ့နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့ ၎င်းရဲ့ရည်မှန်းချက်ကို အောင်မြင်သွားပြီဖြစ်တယ်လို့လည်း နေတန်ရာဟုက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒါပေမဲ့လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ပတ်သက်ပြီး အီရန်ဘက်က ချိုးဖောက်မှုမှန်သမျှကို ပြင်း ထန်တဲ့လက်တုံ့ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ နေတန်ရာဟုက သတိပေးပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က"အစ္စရေးနဲ့အီရန်ကြား အပစ်အခတ်ရပ်စဲရေးက စတင်အသက်ဝင်နေပါပြီ။ ကျေးဇူးပြုပြီး ချိုးဖောက်တာမျိုးတွေ မလုပ်ကြပါနဲ့"လို့ ရေးသားဖော်ပြခဲ့ပါတယ်။ အီရန်ဘက်က အစ္စရေးကို ဒုံးကျည်နဲ့တိုက်ခိုက်မှုအသစ်တွေ လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးအစိုးရက သတင်းထုတ်ပြန်ခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ ထုတ်ပြန်ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

zawgyi version
အစၥေရးနဲ႔အီရန္ၾကား အပစ္အခတ္ရပ္စဲေရးက စတင္အသက္ဝင္ေနၿပီလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇြန္ ၂၅

အစၥေရးနဲ႔အီရန္ၾကား အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္က စတင္အသက္ဝင္ေနၿပီျဖစ္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ အဲဒီအပစ္အခတ္ရပ္စဲ‌ေရးသေဘာတူညီခ်က္ကို ခ်ိဳးေဖာက္မႈေတြမလုပ္ေဆာင္ၾကဖို႔ အစၥေရးနဲ႔အီရန္တို႔ကို ေဒၚနယ္ထရမ့္က ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ အစၥေရးအစိုးရဟာ ေဒၚနယ္ထရမ့္ရဲ႕ အပစ္အခတ္ရပ္စဲေရးအဆိုျပဳခ်က္ကို သေဘာတူညီခဲ့တယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ အီရန္ရဲ႕န်ဴကလီးယားနဲ႔ ပဲ့ထိန္းဒုံးက်ည္ၿခိမ္းေျခာက္မႈေတြကို ဖယ္ရွားဖို႔ ၎ရဲ႕ရည္မွန္းခ်က္ကို ေအာင္ျမင္သြားၿပီျဖစ္တယ္လို႔လည္း ေနတန္ရာဟုက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

ဒါေပမဲ့လည္း အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္နဲ႔ပတ္သက္ၿပီး အီရန္ဘက္က ခ်ိဳးေဖာက္မႈမွန္သမွ်ကို ျပင္း ထန္တဲ့လက္တုံ႔ျပန္မႈေတြလုပ္ေဆာင္သြားမယ္လို႔ ေနတန္ရာဟုက သတိေပးေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က"အစၥေရးနဲ႔အီရန္ၾကား အပစ္အခတ္ရပ္စဲေရးက စတင္အသက္ဝင္ေနပါၿပီ။ ေက်းဇူးျပဳၿပီး ခ်ိဳးေဖာက္တာမ်ိဳးေတြ မလုပ္ၾကပါနဲ႔"လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ အီရန္ဘက္က အစၥေရးကို ဒုံးက်ည္နဲ႔တိုက္ခိုက္မႈအသစ္ေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အစၥေရးအစိုးရက သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ ထုတ္ျပန္ေၾကညာခ်က္ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.