ယခုနှစ် ဒီဇင်ဘာလ တတိယပတ်မှစတင်ကာ လေးပတ်အတွင်း ရွေးကောက်ပွဲလုပ်မည်ဟု နစက ဥက္ကဋ္ဌ ပြော

886

NP News - ဇွန် ၂၅
ယခုနှစ် ဒီဇင်ဘာလ တတိယပတ်မှစတင်ကာ လေးပတ်အတွင်း ရွေးကောက်ပွဲလုပ်မည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (ဇွန်လ ၂၅ ရက်)တွင် ပြောသည်။
နေပြည်တော်တွင် ဇွန်လ ၂၅ ရက်မှစတင်ပြုလုပ်သော ငြိမ်ချမ်းရေးဖိုရမ်အဖွင့်မိန့်ခွန်းတွင် နစက ဥက္ကဋ္ဌက ရွေးကောက်ပွဲနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ကျွန် တော်တို့က လာမယ့် ဒီဇင်ဘာလ တတိယပတ် နဲ့ လာမယ့် ၂၀၂၆ ဇန်နဝါရီလ ဒုတိယပတ်အတွင်း လေးပတ်အတွင်းမှာ ရွေးကောက်ပွဲပြီးအောင်။ ရက်ကတော့ ကျွန်တော်တို့ ချိန်နေပါတယ်။ အဲဒီအချိန်ကလည်း တော်တော်အလုပ်ရှုပ်တဲ့ကာလဖြစ်တော့ ဘယ်ရက်ကို ကျွန်တော်တို့ လုပ်မလဲဆိုတာ၊ ဘယ်လို နည်းလမ်းနဲ့လုပ်မလဲဆိုတာ ကျွန်တော်လည်း စဉ်းစားပါတယ်။ အကောင်းဆုံး ဖြစ်အောင် စဉ်းစားပါတယ်” ဟု နစက ဥက္ကဋ္ဌက ဆိုသည်။
နောက်တစ်ခုကလည်း မဲပေးပိုင်ခွင့်ရှိသူ မဲပေးနိုင်ရန်လိုပြီး မဲပေးခြင်းသည် ပုဂ္ဂိုလ်နှင့်ဆိုင်ပြီး မဲပေးခွင့် ရှိစေရန် ဆောင်ရွက်ခြင်းမှာ အစိုးရနှင့်ဆိုင်ကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောသည်။ “လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်အောင် ဆောင်ရွက်ပေးဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ပြီး ဆောင်ရွက်တာ ဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်” ဟု နစက ဥက္ကဋ္ဌက ပြောသည်။
zawgyi version
ယခုႏွစ္ ဒီဇင္ဘာလ တတိယပတ္မွစတင္ကာ ေလးပတ္အတြင္း ေ႐ြးေကာက္ပြဲလုပ္မည္ဟု နစက ဥကၠ႒ ေျပာ
NP News - ဇြန္ ၂၅
ယခုႏွစ္ ဒီဇင္ဘာလ တတိယပတ္မွစတင္ကာ ေလးပတ္အတြင္း ေ႐ြးေကာက္ပြဲလုပ္မည္ျဖစ္ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔ (ဇြန္လ ၂၅ ရက္)တြင္ ေျပာသည္။
ေနျပည္ေတာ္တြင္ ဇြန္လ ၂၅ ရက္မွစတင္ျပဳလုပ္ေသာ ၿငိမ္ခ်မ္းေရးဖိုရမ္အဖြင့္မိန႔္ခြန္းတြင္ နစက ဥကၠ႒က ေ႐ြးေကာက္ပြဲႏွင့္ပတ္သက္၍ ထည့္သြင္းေျပာၾကားရာတြင္ အထက္ပါအတိုင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။ “ကြၽန္ ေတာ္တို႔က လာမယ့္ ဒီဇင္ဘာလ တတိယပတ္ နဲ႔ လာမယ့္ ၂၀၂၆ ဇန္နဝါရီလ ဒုတိယပတ္အတြင္း ေလးပတ္အတြင္းမွာ ေ႐ြးေကာက္ပြဲၿပီးေအာင္။ ရက္ကေတာ့ ကြၽန္ေတာ္တို႔ ခ်ိန္ေနပါတယ္။ အဲဒီအခ်ိန္ကလည္း ေတာ္ေတာ္အလုပ္ရႈပ္တဲ့ကာလျဖစ္ေတာ့ ဘယ္ရက္ကို ကြၽန္ေတာ္တို႔ လုပ္မလဲဆိုတာ၊ ဘယ္လို နည္းလမ္းနဲ႔လုပ္မလဲဆိုတာ ကြၽန္ေတာ္လည္း စဥ္းစားပါတယ္။ အေကာင္းဆုံး ျဖစ္ေအာင္ စဥ္းစားပါတယ္” ဟု နစက ဥကၠ႒က ဆိုသည္။
ေနာက္တစ္ခုကလည္း မဲေပးပိုင္ခြင့္ရွိသူ မဲေပးႏိုင္ရန္လိုၿပီး မဲေပးျခင္းသည္ ပုဂၢိဳလ္ႏွင့္ဆိုင္ၿပီး မဲေပးခြင့္ ရွိေစရန္ ေဆာင္႐ြက္ျခင္းမွာ အစိုးရႏွင့္ဆိုင္ေၾကာင္းလည္း နစက ဥကၠ႒က ေျပာသည္။ “လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲတစ္ခုျဖစ္ေအာင္ ေဆာင္႐ြက္ေပးဖို႔ ခိုင္ခိုင္မာမာ ဆုံးျဖတ္ၿပီး ေဆာင္႐ြက္တာ ျဖစ္တယ္ဆိုတာ ေျပာခ်င္ပါတယ္” ဟု နစက ဥကၠ႒က ေျပာသည္။