အစ္စရေး-အီရန်ပဋိပက္ခကို သံတမန်နည်းလမ်းအရ ဖြေရှင်းဖို့ အီဂျစ်တောင်းဆို

 179

Pika (NP News) - ဇွန် ၂၅

အစ္စရေးနဲ့အီရန်ကြားဖြစ်ပွားနေတဲ့ ပဋိပက္ခကို သံတမန်နည်းလမ်းအရ ဖြေရှင်းမှုတွေလုပ်ဆောင်ဖို့ အီဂျစ်သမ္မတ Abdel Fattah El-Sisi က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အီရန်သမ္မတ Masoud Pezeshkian နဲ့ဖုန်းခေါ်ဆိုမှုလုပ်ဆောင်စဉ်အချိန်အတွင်း အကြမ်းဖက်မှုတွေကို ချဲ့ထွင်တာမျိုးတွေ ဆက်လက်မလုပ်ဆောင်ကြဖို့ Fattah El-Sisi က တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။

Fattah El-Sisi က"ဒီအကျပ်အတည်းအတွက် စစ်ရေးအရ ဖြေရှင်းချက်တွေမရှိပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။ ဒါ့ပြင် အီရန်မှာဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြသခဲ့ပြီး စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာကို ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ဇွန်လ(၁၃)ရက်နေ့မှာ အစ္စရေးက အီရန်ရဲ့နျူကလီးယားနဲ့ စစ်ဘက်ဆိုင်ရာနေရာတွေကို တိုက်လေယာဉ်အစင်းရေ(၂၀၀)နဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် အစ္စရေး-အီရန်စစ်ပွဲ စတင်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီအချိန်ကနေစတင်ပြီး အစ္စရေးနဲ့အီရန်နှစ်ဘက်စလုံးက ဒုံးကျည်တွေ၊ဒရုန်းတွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကို နေ့စဉ်လုပ်ဆောင်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

zawgyi version
အစၥေရး-အီရန္ပဋိပကၡကို သံတမန္နည္းလမ္းအရ ေျဖရွင္းဖို႔ အီဂ်စ္ေတာင္းဆို
Pika (NP News) - ဇြန္ ၂၅

အစၥေရးနဲ႔အီရန္ၾကားျဖစ္ပြားေနတဲ့ ပဋိပကၡကို သံတမန္နည္းလမ္းအရ ေျဖရွင္းမႈေတြလုပ္ေဆာင္ဖို႔ အီဂ်စ္သမၼတ Abdel Fattah El-Sisi က ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။ အီရန္သမၼတ Masoud Pezeshkian နဲ႔ဖုန္းေခၚဆိုမႈလုပ္ေဆာင္စဥ္အခ်ိန္အတြင္း အၾကမ္းဖက္မႈေတြကို ခ်ဲ႕ထြင္တာမ်ိဳးေတြ ဆက္လက္မလုပ္ေဆာင္ၾကဖို႔ Fattah El-Sisi က တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။

Fattah El-Sisi က"ဒီအက်ပ္အတည္းအတြက္ စစ္ေရးအရ ေျဖရွင္းခ်က္ေတြမရွိပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။ ဒါ့ျပင္ အီရန္မွာျဖစ္ပြားေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြကို အီဂ်စ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ေဖာ္ျပသခဲ့ၿပီး စစ္ေရးတင္းမာမႈေတြ ျမင့္တက္လာတာကို ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ဇြန္လ(၁၃)ရက္ေန႔မွာ အစၥေရးက အီရန္ရဲ႕န်ဴကလီးယားနဲ႔ စစ္ဘက္ဆိုင္ရာေနရာေတြကို တိုက္ေလယာဥ္အစင္းေရ(၂၀၀)နဲ႔ ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ အစၥေရး-အီရန္စစ္ပြဲ စတင္ျဖစ္ပြားခဲ့တာလည္းျဖစ္ပါတယ္။အဲ့ဒီအခ်ိန္ကေနစတင္ၿပီး အစၥေရးနဲ႔အီရန္ႏွစ္ဘက္စလုံးက ဒုံးက်ည္ေတြ၊ဒ႐ုန္းေတြနဲ႔ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြကို ေန႔စဥ္လုပ္ေဆာင္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.