ကမ္ဘာ့နိုင်ငံများ နှင့် သဟဇာတ ဖြစ်နေရန် လိုအပ်သော်လည်း ဩဇာခံမဖြစ်ရေး အထူးသတိပြုရန် နစက ဥက္ကဌ ပြော

694

NP News - ဇွန် ၂၅
ကမ္ဘာ့နိုင်ငံများ နှင့် သဟဇာတ ဖြစ်နေရန် လိုအပ်သော်လည်း ဩဇာခံမဖြစ်ရေး အထူးသတိပြုရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (ဇွန်လ ၂၅ ရက်) တွင် ပြောသည်။
နေပြည်တော်တွင် ပြုလုပ်သော “ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်တို ပေါင်းစည်းခြင်းမှ အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်သစ်ဆီသို” သုံးသပ်ဆွေးနွေးပွဲ Peace Forum (2025) သို့ တက်ရောက် ဆွေးနွေးစဉ် အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိမိတို့ အနေဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လမ်းကြောင်းကို အဓိက ကိုင်စွဲပြီး လျှောက်လှမ်းလျက်ရှိကြောာင်း၊ ငြိမ်းချမ်းရေးဖော်ဆောင် ရာတွင် လည်း ပြည်ပစွက်ဖက်မှု မရှိရန် လိုသကဲ့သို့ ပြည်တွင်းမှ အဖျက်အမှောင့် ပယောဂများ ကင်းကင်းရှင်းရှင်းဖြင့် လုပ်ဆောင်နိုင်ရန်လည်း လိုကြောင်း နစက ဥက္ကဌ က ထည့်သွင်းပြောကြားသည်။
“တိုင်းရင်းသား ညီအစ်ကို အချင်းချင်း ပြည်ထောင်စုစိတ်ဓာတ် အရင်းခံပြီး နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ စစ်မှန်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိ အောင်မြင်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ အပြည့်အဝ ယုံကြည်ထားပါတယ်” ဟု နစက ဥက္ကဌ က ပြောသည်။
နိုင်ငံ အနေဖြင့် သမိုင်းကြောင်းနောက်ခံများအရ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကိုကျင့်သုံးကြောင်း လည်း နစက ဥက္ကဌ က ပြောကြားသည်။
“နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများနဲ့ သဟဇာတဖြစ်နေဖို့ လိုအပ်တာမှန်ပေမယ့်လည်း ဩဇာခံ ဖြစ်မသွားဖို့ကိုတော့ အထူးသတိပြုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ သမိုင်းကြောင်းနောက်ခံများအရ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒကိုကျင့်သုံးပြီး နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ (၅) ချက်နဲ့အညီ စောင့်ထိန်းလိုက်နာလျက်ရှိပါတယ်။ ခွဲခြားလို့မရတဲ့ အိမ်နီးချင်းနိုင်ငံများနဲ့လည်း သဟဇာတဖြစ်တဲ့ ဆက်ဆံမှု ရှိဖို့လိုအပ်သလို မိမိတို့နိုင်ငံရဲ့ တည်ဆဲဥပဒေတွေကိုလည်း လိုက်နာတန်ဖိုးထား ကြဖို့ လိုအပ်ကြောင်း ပြောကြားလို ပါတယ်” ဟု နစက ဥက္ကဌက ပြောသည်။

Zawgyi Version:
ကမာၻ႔ႏိုင္ငံမ်ား ႏွင့္ သဟဇာတ ျဖစ္ေနရန္ လိုအပ္ေသာ္လည္း ဩဇာခံမျဖစ္ေရး အထူးသတိျပဳရန္ နစက ဥကၠဌ ေျပာ
NP News - ဇြန္ ၂၅
ကမာၻ႔ႏိုင္ငံမ်ား ႏွင့္ သဟဇာတ ျဖစ္ေနရန္ လိုအပ္ေသာ္လည္း ဩဇာခံမျဖစ္ေရး အထူးသတိျပဳရန္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈ ဗဟိုေကာ္မတီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔ (ဇြန္လ ၂၅ ရက္) တြင္ ေျပာသည္။
ေနျပည္ေတာ္တြင္ ျပဳလုပ္ေသာ “ၿငိမ္းခ်မ္းေရး၊ ေ႐ြးေကာက္ပြဲႏွင့္ ဖက္ဒရယ္စနစ္တို ေပါင္းစည္းျခင္းမွ ေအးခ်မ္းသာယာဝေျပာသည့္ ႏိုင္ငံေတာ္သစ္ဆီသို” သုံးသပ္ေဆြးေႏြးပြဲ Peace Forum (2025) သို႔ တက္ေရာက္ ေဆြးေႏြးစဥ္ အထက္ပါ အတိုင္း ထည့္သြင္း ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
မိမိတို႔ အေနျဖင့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ရာတြင္ ၂၀၀၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ႏွင့္ တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္(NCA) လမ္းေၾကာင္းကို အဓိက ကိုင္စြဲၿပီး ေလွ်ာက္လွမ္းလ်က္ရွိေၾကာာင္း၊ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ ရာတြင္ လည္း ျပည္ပစြက္ဖက္မႈ မရွိရန္ လိုသကဲ့သို႔ ျပည္တြင္းမွ အဖ်က္အေမွာင့္ ပေယာဂမ်ား ကင္းကင္းရွင္းရွင္းျဖင့္ လုပ္ေဆာင္ႏိုင္ရန္လည္း လိုေၾကာင္း နစက ဥကၠဌ က ထည့္သြင္းေျပာၾကားသည္။
“တိုင္းရင္းသား ညီအစ္ကို အခ်င္းခ်င္း ျပည္ေထာင္စုစိတ္ဓာတ္ အရင္းခံၿပီး ႏိုင္ငံေရးနည္းလမ္းအရ ေတြ႕ဆုံေဆြးေႏြးအေျဖရွာႏိုင္မွသာ စစ္မွန္ၿပီး ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရးရရွိ ေအာင္ျမင္ႏိုင္မယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ အျပည့္အဝ ယုံၾကည္ထားပါတယ္” ဟု နစက ဥကၠဌ က ေျပာသည္။
ႏိုင္ငံ အေနျဖင့္ သမိုင္းေၾကာင္းေနာက္ခံမ်ားအရ လြတ္လပ္၍ တက္ႂကြၿပီး ဘက္မလိုက္ေသာ ႏိုင္ငံျခားေရး မူဝါဒကိုက်င့္သုံးေၾကာင္း လည္း နစက ဥကၠဌ က ေျပာၾကားသည္။
“ႏိုင္ငံတကာဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး ကမာၻ႔ႏိုင္ငံမ်ားနဲ႔ သဟဇာတျဖစ္ေနဖို႔ လိုအပ္တာမွန္ေပမယ့္လည္း ဩဇာခံ ျဖစ္မသြားဖို႔ကိုေတာ့ အထူးသတိျပဳရမွာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံဟာ သမိုင္းေၾကာင္းေနာက္ခံမ်ားအရ လြတ္လပ္၍ တက္ႂကြၿပီး ဘက္မလိုက္တဲ့ ႏိုင္ငံျခားေရး မူဝါဒကိုက်င့္သုံးၿပီး ႏိုင္ငံအခ်င္းခ်င္း မိတ္ဝတ္မပ်က္ ဆက္ဆံေရး၊ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲ ေနထိုင္ေရးမူ (၅) ခ်က္နဲ႔အညီ ေစာင့္ထိန္းလိုက္နာလ်က္ရွိပါတယ္။ ခြဲျခားလို႔မရတဲ့ အိမ္နီးခ်င္းႏိုင္ငံမ်ားနဲ႔လည္း သဟဇာတျဖစ္တဲ့ ဆက္ဆံမႈ ရွိဖို႔လိုအပ္သလို မိမိတို႔ႏိုင္ငံရဲ႕ တည္ဆဲဥပေဒေတြကိုလည္း လိုက္နာတန္ဖိုးထား ၾကဖို႔ လိုအပ္ေၾကာင္း ေျပာၾကားလို ပါတယ္” ဟု နစက ဥကၠဌက ေျပာသည္။