ကမ္ဘာကြီးက ဆယ်စုနှစ်များစွာအတွင်း အရှုပ်ထွေးဆုံးအခြေအနေတွေကို ရင်ဆိုင်နေရတယ်လို့ WEF အကြီးအကဲပြော

 225

Pika (NP News) - ဇွန် ၂၅

ကမ္ဘာကြီးဟာ ဆယ်စုနှစ်များစွာအတွင်း အရှုပ်ထွေးဆုံး ပထဝီဝင်နိုင်ငံရေးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF)ရဲ့ အကြီးအကဲ Borge Brende က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ အဆိုပါ မတည်ငြိမ်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်တယ်လို့လည်း Borge Brende က သတိပေးပြောဆိုခဲ့ပါတယ်။

Borge Brende က "ဒါက ဆယ်စုနှစ်များစွာအတွင်း ကျွန်တော်တို့ တွေ့မြင်ခဲ့ရတဲ့ ပထဝီဝင်နိုင်ငံရေးတွေထဲမှာ အရှုပ်ထွေးဆုံး ပထဝီဝင်နိုင်ငံရေးပဲဖြစ်ပါတယ်။ အဲဒီမတည်ငြိမ်မှုတွေကြောင့် ဆယ်စုနှစ်တစ်ခုအတွင်း အနိမ့်ဆုံးဖွံ့ဖြိုးတိုးတက်မှုတစ်ခုကို ကံမကောင်းစွာနဲ့ပဲ ကျွန်တော်တို့ တွေ့မြင်ရနိုင်ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

Borge Brende ဟာ တရုတ်နိုင်ငံမြောက်ပိုင်း Tianjin မြို့မှာပြုလုပ်မယ့် ကမ္ဘာ့စီးပွားရေးဖိုရမ် အစည်းအဝေးမတိုင်ခင် ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ စင်ကာပူဝန်ကြီးချုပ် Lawrence Wong အပါအဝင် တာဝန်ရှိသူအများအပြားဟာ ယခုသီတင်းပတ်အတွင်း Tianjin မြို့မှာပြုလုပ်မယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။

zawgyi version
ကမာၻႀကီးက ဆယ္စုႏွစ္မ်ားစြာအတြင္း အရႈပ္ေထြးဆုံးအေျခအေနေတြကို ရင္ဆိုင္ေနရတယ္လို႔ WEF အႀကီးအကဲေျပာ
Pika (NP News) - ဇြန္ ၂၅

ကမာၻႀကီးဟာ ဆယ္စုႏွစ္မ်ားစြာအတြင္း အရႈပ္ေထြးဆုံး ပထဝီဝင္ႏိုင္ငံေရးအေျခအေနနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ကမာၻ႔စီးပြားေရးဖိုရမ္ (WEF)ရဲ႕ အႀကီးအကဲ Borge Brende က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ အဆိုပါ မတည္ၿငိမ္မႈေတြဟာ ကမာၻလုံးဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈကို ထိခိုက္ေစႏိုင္တယ္လို႔လည္း Borge Brende က သတိေပးေျပာဆိုခဲ့ပါတယ္။

Borge Brende က "ဒါက ဆယ္စုႏွစ္မ်ားစြာအတြင္း ကြၽန္ေတာ္တို႔ ေတြ႕ျမင္ခဲ့ရတဲ့ ပထဝီဝင္ႏိုင္ငံေရးေတြထဲမွာ အရႈပ္ေထြးဆုံး ပထဝီဝင္ႏိုင္ငံေရးပဲျဖစ္ပါတယ္။ အဲဒီမတည္ၿငိမ္မႈေတြေၾကာင့္ ဆယ္စုႏွစ္တစ္ခုအတြင္း အနိမ့္ဆုံးဖြံ႕ၿဖိဳးတိုးတက္မႈတစ္ခုကို ကံမေကာင္းစြာနဲ႔ပဲ ကြၽန္ေတာ္တို႔ ေတြ႕ျမင္ရႏိုင္ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

Borge Brende ဟာ တ႐ုတ္ႏိုင္ငံေျမာက္ပိုင္း Tianjin ၿမိဳ႕မွာျပဳလုပ္မယ့္ ကမာၻ႔စီးပြားေရးဖိုရမ္ အစည္းအေဝးမတိုင္ခင္ ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။ စင္ကာပူဝန္ႀကီးခ်ဳပ္ Lawrence Wong အပါအဝင္ တာဝန္ရွိသူအမ်ားအျပားဟာ ယခုသီတင္းပတ္အတြင္း Tianjin ၿမိဳ႕မွာျပဳလုပ္မယ့္ ကမာၻ႔စီးပြားေရးဖိုရမ္ကို တက္ေရာက္ၾကမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.