PDF အပါအဝင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်များအတွက် ငြိမ်းချမ်းရေး လမ်းဖွင့်ထား

1133

NP News- ဇွန် ၂၅
PDF အပါအဝင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၊ တိုင်းရင်းသားလက်ကိုင်များ အတွက် ငြိမ်းချမ်းရေး လမ်းဖွင့်ထား ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (ဇွန်လ ၂၅ ရက်) တွင် နေပြည်တော်၌ ပြုလုပ်သည့် ငြိမ်းချမ်းရေး ဖိုရမ်တွင် ပြောသည်။
“ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင် တာဝန်ယူတာနဲ့တစ်ပြိုင်နက် အရင်ဆုံး ဦးစားပေးဆောင်ရွက်ခဲ့တာ ကတော့ ထာဝရငြိမ်းချမ်းရေးပါပဲ။ ဒါ့ကြောင့် ငြိမ်းချမ်းရေးအတွက် ကော်မတီတွေကို ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကစပြီး လက်ရှိအချိန်ထိ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေး ကို အမြဲတမ်း လမ်းဖွင့်ထားပြီး ကြိုတင်သတ်မှတ်ချက်တွေမရှိတဲ့ ဆွေးနွေးပွဲတွေအတွက် ဖိတ်ခေါ်ကမ်းလှမ်းမှုတွေ၊ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာကို အားလုံးသိမြင်ပြီးသား ဖြစ်ပါတယ်” ဟု နစက ဥက္ကဌ က ပြောသည်။
ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသည့် အခါတွင် တစ်ဦးနှင့် တစ်ဦး သဘောထားကွဲလွဲမှုများ ရှိနိုင်ကြောင်း၊ သို့သော်လည်း ကိုယ်စီလိုလားချက်များကို လက်နက် ကိုင်သော နည်းလမ်းဖြင့် တောင်းဆိုနေကြခြင်းမှာ မှားယွင်းသော လမ်းစဉ် ဖြစ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းကြမှသာ အမှန်ကန်ဆုံး ဖြစ်ကြောင်း လည်း နစက ဥက္ကဌက ပြောသည်။
“ကျွန်တော်တို့ ရည်မှန်းထားတဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ လုပ်ဆောင်ရာမှာ ပြည်တွင်းပဋိပက္ခချုပ်ငြိမ်း ရေးနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရေးဟာ အသက်တမျှ အရေးကြီးလှ ပါတယ်။ လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် နိုင်ငံတော်မှာ ဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ထောက်ရှုပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ လက်တွဲဖော်ဆောင်ကြဖို့ လိုပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေ၊ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေ၊ အကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့ လမ်းစဉ်ကိုစွန့်လွှတ်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနဲ့ ရွေးကောက်ပွဲ လမ်းကြောင်းတွေကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အကြိမ်ကြိမ် ဖိတ်ခေါ် ကမ်းလှမ်းထားပြီးဖြစ်ပါတယ်။ နိုင်ငံရေးနည်းလမ်းကို စားပွဲဝိုင်း ပေါ်မှာ တွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာနိုင်မှာ ဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်း ကြိုဆိုလမ်းဖွင့် ထားကြောင်း ဒီဖိုရမ်ကနေ ထပ်မံအသိပေး ပြောကြားလိုပါတယ်” ဟု နစက ဥက္ကဌက ထည့်သွင်း ပြောကြားသည်။

Zawgyi Version:
PDF အပါအဝင္ အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ား၊ တိုင္းရင္းသားလက္နက္ကိုင္မ်ားအတြက္ ၿငိမ္းခ်မ္းေရး လမ္းဖြင့္ထား
NP News- ဇြန္ ၂၅
PDF အပါအဝင္ အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ား၊ တိုင္းရင္းသားလက္ကိုင္မ်ား အတြက္ ၿငိမ္းခ်မ္းေရး လမ္းဖြင့္ထား ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠဌ၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ယေန႔ (ဇြန္လ ၂၅ ရက္) တြင္ ေနျပည္ေတာ္၌ ျပဳလုပ္သည့္ ၿငိမ္းခ်မ္းေရး ဖိုရမ္တြင္ ေျပာသည္။
“ကြၽန္ေတာ္တို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ စတင္ တာဝန္ယူတာနဲ႔တစ္ၿပိဳင္နက္ အရင္ဆုံး ဦးစားေပးေဆာင္႐ြက္ခဲ့တာ ကေတာ့ ထာဝရၿငိမ္းခ်မ္းေရးပါပဲ။ ဒါ့ေၾကာင့္ ၿငိမ္းခ်မ္းေရးအတြက္ ေကာ္မတီေတြကို ဖြဲ႕စည္းခဲ့ပါတယ္။ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ကစၿပီး လက္ရွိအခ်ိန္ထိ ၿငိမ္းခ်မ္းေရးအတြက္ ေတြ႕ဆုံေဆြးေႏြးေရး ကို အၿမဲတမ္း လမ္းဖြင့္ထားၿပီး ႀကိဳတင္သတ္မွတ္ခ်က္ေတြမရွိတဲ့ ေဆြးေႏြးပြဲေတြအတြက္ ဖိတ္ေခၚကမ္းလွမ္းမႈေတြ၊ ေတြ႕ဆုံ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တာကို အားလုံးသိျမင္ၿပီးသား ျဖစ္ပါတယ္” ဟု နစက ဥကၠဌ က ေျပာသည္။
ပါတီစုံဒီမိုကေရစီစနစ္ကို ေလွ်ာက္လွမ္းသည့္ အခါတြင္ တစ္ဦးႏွင့္ တစ္ဦး သေဘာထားကြဲလြဲမႈမ်ား ရွိႏိုင္ေၾကာင္း၊ သို႔ေသာ္လည္း ကိုယ္စီလိုလားခ်က္မ်ားကို လက္နက္ ကိုင္ေသာ နည္းလမ္းျဖင့္ ေတာင္းဆိုေနၾကျခင္းမွာ မွားယြင္းေသာ လမ္းစဥ္ ျဖစ္ၿပီး ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းျဖင့္ ေျဖရွင္းၾကမွသာ အမွန္ကန္ဆုံး ျဖစ္ေၾကာင္း လည္း နစက ဥကၠဌက ေျပာသည္။
“ကြၽန္ေတာ္တို႔ ရည္မွန္းထားတဲ့ ျပည္ေထာင္စုႀကီး တည္ေဆာက္ႏိုင္ဖို႔ လုပ္ေဆာင္ရာမွာ ျပည္တြင္းပဋိပကၡခ်ဳပ္ၿငိမ္း ေရးနဲ႔ ထာဝရၿငိမ္းခ်မ္းေရး ရရွိေရးဟာ အသက္တမွ် အေရးႀကီးလွ ပါတယ္။ လက္နက္ကိုင္လမ္းစဥ္နဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြေၾကာင့္ ႏိုင္ငံေတာ္မွာ ျဖစ္ေပၚခဲ့ရတဲ့ ဆုံးရႈံးနစ္နာမႈေတြကို ေထာက္ရႈၿပီး ထာဝရၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးကို ျပည္သူေတြနဲ႔အတူ လက္တြဲေဖာ္ေဆာင္ၾကဖို႔ လိုပါတယ္။ ဒါ့ေၾကာင့္ ႏိုင္ငံေတာ္ကို ဆန႔္က်င္တိုက္ခိုက္ေနတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ အစည္းေတြ၊ အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ေတြ၊ အၾကမ္းဖက္ PDF အဖြဲ႕ေတြအေနနဲ႔ လက္နက္ကိုင္အၾကမ္းဖက္တိုက္ခိုက္တဲ့ လမ္းစဥ္ကိုစြန႔္လႊတ္ၿပီး ပါတီႏိုင္ငံေရးလမ္းေၾကာင္းနဲ႔ ေ႐ြးေကာက္ပြဲ လမ္းေၾကာင္းေတြကတစ္ဆင့္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရး နည္းလမ္းနဲ႔ ေျဖရွင္းေဆာင္႐ြက္ႏိုင္ဖို႔ အႀကိမ္ႀကိမ္ ဖိတ္ေခၚ ကမ္းလွမ္းထားၿပီးျဖစ္ပါတယ္။ ႏိုင္ငံေရးနည္းလမ္းကို စားပြဲဝိုင္း ေပၚမွာ ေတြ႕ဆုံေဆြးေႏြးျခင္းနဲ႔သာ အေျဖရွာႏိုင္မွာ ျဖစ္တာေၾကာင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြကို အၿမဲတမ္း ႀကိဳဆိုလမ္းဖြင့္ ထားေၾကာင္း ဒီဖိုရမ္ကေန ထပ္မံအသိေပး ေျပာၾကားလိုပါတယ္” ဟု နစက ဥကၠဌက ထည့္သြင္း ေျပာၾကားသည္။