ယူကရိန်းနဲ့ပူးပေါင်းပြီး ဒရုန်းတွေ စတင်ထုတ်လုပ်တော့မယ်လို့ ဗြိတိန်ကြေညာ

 48

Pika (NP News) - ဇွန် ၂၆

ယူကရိန်းနဲ့ပူးပေါင်းပြီး စစ်ဘက်ဆိုင်ရာဒရုန်းတွေကို စတင်ထုတ်လုပ်တော့မယ်လို့ ဗြိတိန်အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ကီရာစတာမာဟာ ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှုအနေနဲ့ ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ကို ကိုယ်စားပြုတဲ့ အဲဒီသဘောတူညီချက်ကို ချီးကျူးခဲ့တယ်လို့လည်း သိရပါတယ်။
ကီရာစတာမာဟာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့တွေ့ဆုံမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် အဲဒီသဘောတူညီချက် ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ ဇီလန်စကီးကလည်း အဲဒီသဘောတူညီချက်ကို သမိုင်းဝင်အဖြစ် ဖော်ပြ ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ရုရှားနဲ့ယူကရိန်းကြားဆက်လက်ဖြစ်ပွားနေတဲ့ပဋိပက္ခနဲ့ပတ်သက်ပြီး ဗြိတိန်ကို အဓိကတွန်းအားပေးနေတဲ့နိုင်ငံ တစ်နိုင်ငံအဖြစ် ရုရှားက ကာလရှည်ကြာစွာ ဖော်ပြပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း အဲဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ဇီလန်စကီးနဲ့ ကီရာစတာမာတို့က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ဇီလန်စကီးဟာ ကီရာစတာမာနဲ့တွေ့ဆုံဖို့နဲ့ Chatham House Think Tank မှာ စကားပြောဆိုဖို့ ယခုသီတင်းပတ်မှာ ဗြိတိန်နိုင်ငံကိုရောက်ရှိနေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းနဲ႔ပူးေပါင္းၿပီး ဒ႐ုန္းေတြ စတင္ထုတ္လုပ္ေတာ့မယ္လို႔ ၿဗိတိန္ေၾကညာ
Pika (NP News) - ဇြန္ ၂၆
ယူကရိန္းနဲ႔ပူးေပါင္းၿပီး စစ္ဘက္ဆိုင္ရာဒ႐ုန္းေတြကို စတင္ထုတ္လုပ္ေတာ့မယ္လို႔ ၿဗိတိန္အစိုးရက ထုတ္ျပန္ ေၾကညာခဲ့ပါတယ္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ကီရာစတာမာဟာ ယူကရိန္းအတြက္ စစ္ေရးေထာက္ပံ့မႈအေနနဲ႔ ႀကီးမားတဲ့ ေျခလွမ္းတစ္ရပ္ကို ကိုယ္စားျပဳတဲ့ အဲဒီသေဘာတူညီခ်က္ကို ခ်ီးက်ဴးခဲ့တယ္လို႔လည္း သိရပါတယ္။
ကီရာစတာမာဟာ ယူကရိန္းသမၼတဇီလန္စကီးနဲ႔ေတြ႕ဆုံမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ အဲဒီသေဘာတူညီခ်က္ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ ဇီလန္စကီးကလည္း အဲဒီသေဘာတူညီခ်က္ကို သမိုင္းဝင္အျဖစ္ ေဖာ္ျပ ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
႐ုရွားနဲ႔ယူကရိန္းၾကားဆက္လက္ျဖစ္ပြားေနတဲ့ပဋိပကၡနဲ႔ပတ္သက္ၿပီး ၿဗိတိန္ကို အဓိကတြန္းအားေပးေနတဲ့ႏိုင္ငံ တစ္ႏိုင္ငံအျဖစ္ ႐ုရွားက ကာလရွည္ၾကာစြာ ေဖာ္ျပေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း အဲဒီသေဘာတူညီခ်က္နဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြကို ဇီလန္စကီးနဲ႔ ကီရာစတာမာတို႔က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။
ဇီလန္စကီးဟာ ကီရာစတာမာနဲ႔ေတြ႕ဆုံဖို႔နဲ႔ Chatham House Think Tank မွာ စကားေျပာဆိုဖို႔ ယခုသီတင္းပတ္မွာ ၿဗိတိန္ႏိုင္ငံကိုေရာက္ရွိေနခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.