လေကြောင်းတိုက်ခိုက်မှုလမ်းညွှန်ချက်အသစ်ကို တရုတ်(တိုင်ပေ)အစိုးရ ထုတ်ပြန်မယ်

 89

Pika (NP News) - ဇွန် ၂၆

တရုတ်(တိုင်ပေ)အစိုးရဟာ ၎င်းရဲ့ပြည်သူတွေအတွက် လေကြောင်းတိုက်ခိုက်မှုလမ်းညွှန်ချက်အသစ်ကို လာမယ့် သီတင်းပတ်မှာ ထုတ်ပြန်သွားမယ်လို့ လုံခြုံရေးအရာရှိတွေရဲ့ပြောကြားချက်အရ သိရပါတယ်။
ဒါ့ပြင် ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ တရုတ်စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကို တန်ပြန်ဖို့ လိုအပ်တာတွေကို ယူကရိန်းနဲ့ အစ္စရေးပဋိပက္ခတို့ကနေ လေ့လာသင်ယူနေတယ်လို့လည်း တရုတ်(တိုင်ပေ)အစိုးရ က ပြောကြားခဲ့ပါတယ်။
အကြီးတန်းတရုတ်(တိုင်ပေ)အစိုးရ လုံခြုံရေးအရာရှိတစ်ဦးက “တရုတ်(တိုင်ပေ)အစိုးရဟာ ယူကရိန်းနဲ့ အစ္စရေး တို့ရဲ့ပဋိပက္ခတွေဆီကနေ အနီးကပ်လေ့လာသင်ယူမှုတွေကို လုပ်ဆောင်နေပါတယ်။ကျွန်တော်တို့ရဲ့ ပြည်သူတွေ ဟာ အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် သူတို့ကိုယ်သူတို့ဘယ်လိုကာကွယ်ရမယ်ဆိုတာကို သိထားရပါမယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် လေကြောင်းတိုက်ခိုက်မှုသတိပေးချက်တွေ ထုတ်ပြန်တဲ့အချိန်မှာ အမိုးအကာအောက်ကို ချက်ချင်း မသွားရောက်နိုင်တဲ့လူတွေ ဒါမှမဟုတ် ကားမောင်းနေတဲ့သူတွေ အပါအဝင် ပြည်သူတွေအနေနဲ့ ဘာလုပ်ရမယ် ဆိုတဲ့ ညွှန်ကြားချက်တွေကို အာဏာပိုင်တွေက အပ်ဒိတ်လုပ်သွားလိမ့်မယ်လို့ သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဲဒီညွှန်ကြားချက်တွေထဲမှာ ပြည်သူတွေဟာ လေကြောင်းတိုက်ခိုက်မှုကာကွယ်ရေး အမိုးအကာတွေအောက်ကို ချက်ချင်းမသွားရောက်နိုင်တဲ့အချိန်မှာ အနည်းဆုံးအလွှာနှစ်လွှာရှိတဲ့ နံရံတွေနောက်မှာ ပုန်းဖို့နဲ့ ဝပ်နေကြဖို့ ညွှန်ကြားချက်တွေ ပါဝင်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ေလေၾကာင္းတိုက္ခိုက္မႈလမ္းၫႊန္ခ်က္အသစ္ကို တ႐ုတ္(တိုင္ေပ)အစိုးရ ထုတ္ျပန္မယ္
Pika (NP News) - ဇြန္ ၂၆
တ႐ုတ္(တိုင္ေပ)အစိုးရဟာ ၎ရဲ႕ျပည္သူေတြအတြက္ ေလေၾကာင္းတိုက္ခိုက္မႈလမ္းၫႊန္ခ်က္အသစ္ကို လာမယ့္ သီတင္းပတ္မွာ ထုတ္ျပန္သြားမယ္လို႔ လုံၿခဳံေရးအရာရွိေတြရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။
ဒါ့ျပင္ ျဖစ္ေပၚလာႏိုင္ေျခရွိတဲ့ တ႐ုတ္စစ္တပ္ရဲ႕တိုက္ခိုက္မႈေတြကို တန္ျပန္ဖို႔ လိုအပ္တာေတြကို ယူကရိန္းနဲ႔ အစၥေရးပဋိပကၡတို႔ကေန ေလ့လာသင္ယူေနတယ္လို႔လည္း တ႐ုတ္(တိုင္ေပ)အစိုးရ က ေျပာၾကားခဲ့ပါတယ္။
အႀကီးတန္းတ႐ုတ္(တိုင္ေပ)အစိုးရ လုံၿခဳံေရးအရာရွိတစ္ဦးက “တ႐ုတ္(တိုင္ေပ)အစိုးရဟာ ယူကရိန္းနဲ႔ အစၥေရး တို႔ရဲ႕ပဋိပကၡေတြဆီကေန အနီးကပ္ေလ့လာသင္ယူမႈေတြကို လုပ္ေဆာင္ေနပါတယ္။ကြၽန္ေတာ္တို႔ရဲ႕ ျပည္သူေတြ ဟာ အိမ္မွာပဲျဖစ္ျဖစ္၊ ႐ုံးမွာပဲျဖစ္ျဖစ္ သူတို႔ကိုယ္သူတို႔ဘယ္လိုကာကြယ္ရမယ္ဆိုတာကို သိထားရပါမယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ေလေၾကာင္းတိုက္ခိုက္မႈသတိေပးခ်က္ေတြ ထုတ္ျပန္တဲ့အခ်ိန္မွာ အမိုးအကာေအာက္ကို ခ်က္ခ်င္း မသြားေရာက္ႏိုင္တဲ့လူေတြ ဒါမွမဟုတ္ ကားေမာင္းေနတဲ့သူေတြ အပါအဝင္ ျပည္သူေတြအေနနဲ႔ ဘာလုပ္ရမယ္ ဆိုတဲ့ ၫႊန္ၾကားခ်က္ေတြကို အာဏာပိုင္ေတြက အပ္ဒိတ္လုပ္သြားလိမ့္မယ္လို႔ သတင္းရင္းျမစ္ေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။
အဲဒီၫႊန္ၾကားခ်က္ေတြထဲမွာ ျပည္သူေတြဟာ ေလေၾကာင္းတိုက္ခိုက္မႈကာကြယ္ေရး အမိုးအကာေတြေအာက္ကို ခ်က္ခ်င္းမသြားေရာက္ႏိုင္တဲ့အခ်ိန္မွာ အနည္းဆုံးအလႊာႏွစ္လႊာရွိတဲ့ နံရံေတြေနာက္မွာ ပုန္းဖို႔နဲ႔ ဝပ္ေနၾကဖို႔ ၫႊန္ၾကားခ်က္ေတြ ပါဝင္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.