ကဒူးတိုင်းရင်းသားတို့အတွက် စာပေကို အသစ်တီထွင်ထား သော်လည်း နယ်မြေအခြေအနေကြောင့် သင်ကြားရန်ခက်နေ

 324

Pearl(NP News)- ဇွန် ၂၆

ကဒူးတိုင်းရင်းသားတို့အတွက် စာပေကို အသစ်တီထွင်ထားသော်လည်း နယ်မြေအခြေအနေ ကြောင့် သင်ကြား ရန်ခက်နေကြောင်း ယင်းကိစ္စနှင့် ပတ်သက်၍ သိရှိသူသတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
ကဒူးလူမျိုးများသည် ဝန်းသို၊ ကောလင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လယ်ဘူး၊ အင်းတော် ကြီးအိုင်ဝန်းကျင်တို့တွင် ရှမ်းနီလူမျိုးများနှင့် ယှဉ်တွဲနေထိုင်ခဲ့ကြပြီး အများစုမှာ ဗုဒ္ဓဘာ သာဝင်များ ဖြစ်ကြောင်းသိရ သည်။
‘ကဒူးစာပေါ်ပေါက်ရေးက လုပ်တာ (၂၀၁၀)လောက်ကတည်းကဆိုတော့ (၁၅)နှစ် လောက်ရှိပြီ။ (၂၀၁၀)ကနေ (၂၀၁၉) မတိုင်ခင် အတွင်းမှာ ကွဲကွဲပြားပြားတွေဖြစ်ခဲ့သေးတယ်။ ပြောရရင် ရှေ့ကပေါ်ပေါက်ခဲ့တဲ့ ကဒူးစာပေကို သဘောမကျဘူး။ တခြားအားနည်းချက်တွေရှိတယ် လို့ယူဆတယ်။ အဲဒီစာတွေပေါ်မှာ ကျွန်တော်တို့ ကဒူးတွေက ဘုံစာပေအနေနဲ့ မသတ်မှတ်နိုင်ဘဲနဲ့ အငြင်းပွား နေကြတာပေါ့လေ။ ကဒူးစာပေပေါ်ပေါက်ရေး အတွက် ကော်မတီဖွဲ့ပြီး တော့ ရန်ကုန်တက္ကသိုလ်က ပညာရှင်တွေနဲ့ ဆွေးနွေးပြီးတော့ လုပ်ခဲ့တယ်။ (၂၀၁၉) ကနေစပြီးတော့ (၂၀၂၂)မှာ ကဒူးစာပေ ညီလာခံဆိုပြီး ကျင်းပတယ်။ အဲဒီညီလာခံမှာ အခုလက်ရှိသင်ကြားပေးနေတဲ့ ကဒူးစာပေရဲ့ မူကြမ်းကို တင်သွင်းခဲ့တယ်။ အဲဒီတင်သွင်းခဲ့တဲ့စာ ကိုပဲ အခုဆက်လက်အကောင်အထည်ဖော်နေတယ်’ ဟု ၎င်းကဆိုသည်။
ဖန်တီးတီထွင်ထားသော ကဒူးစာပေကို အွန်လိုင်းစနစ်ဖြင့် (၂)ကြိမ်တိုင်တိုင် သင်ကြားပေးခဲ့ပြီးဖြစ်ကာ မြေပြင် တွင်လည်း သင်ကြားမှုလုပ် ဆောင်ခဲ့ကြောင်း သိရသည်။
“အခု မြေပြင်မှာသွားသင်ကြားတာက တစ်ရွာတည်းကို နည်းနည်းလောက်ပဲစမ်းသပ်ပြီး သင်တာဆိုတော့ အယောက်ရေ (၈၀)လောက်ရှိမယ်။ အဲဒါကို လူဦးရေနည်းနည်းနဲ့သင်တာ အောင်မြင်တယ်၊ အဆင်ပြေတယ် ဆိုတော့ အကောင်အထည် ဖော်လို့ရပြီပေါ့လေ။ အဲဒီသဘောနဲ့ ကဒူးသင်ပုန်းကြီး စာအုပ်ကိုထုတ်ဖို့လုပ်တာ။ ရပ်ရွာကလည်း စိတ်အားထက်သန်မှုရှိကြတယ်။ လုပ်ချင်ကြတယ်။ အဲဒါကြောင့်မို့ အုပ်ရေများများ ထုတ်ပြီး ဆက်လက်ပြီး အကောင် အထည်ဖော်ဖို့ လုပ်နေကြတာရှိပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် နယ်မြေမအေးချမ်းမှုကြောင့် ကဒူးစာပေသင်ကြားနိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင် ရွက်ရာတွင် အခက်အခဲရှိ ကြောင်းလည်း သိရသည်။
“နယ်မြေအေးချမ်းမှုမရှိတော့ အကောင်အထည်ဖော်လို့မရဘူး။ စာပေတစ်ခု ဖော်ဆောင်ရင် ကိုယ့်လူမျိုးရှိတဲ့ ဒေသမှာ ဖော်ဆောင်တာပဲ ကောင်းတာပေါ့လေ။ လက်ရှိ ကျွန်တော်တို့ဒေသမှာက နေလို့မရဘူး။ အခြေစိုက်လို့ မရဘူး။ မြို့ပေါ်မှာနေပြီးတော့ အဝေးကနေပဲ လုပ်တာရတာပေါ့” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
ကဒူးတိုင္းရင္းသားတို႔အတြက္ စာေပကို အသစ္တီထြင္ထား ေသာ္လည္း နယ္ေျမအေျခအေနေၾကာင့္ သင္ၾကားရန္ခက္ေန
Pearl(NP News)- ဇြန္ ၂၆

ကဒူးတိုင္းရင္းသားတို႔အတြက္ စာေပကို အသစ္တီထြင္ထားေသာ္လည္း နယ္ေျမအေျခအေန ေၾကာင့္ သင္ၾကား ရန္ခက္ေနေၾကာင္း ယင္းကိစၥႏွင့္ ပတ္သက္၍ သိရွိသူသတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
ကဒူးလူမ်ိဳးမ်ားသည္ ဝန္းသို၊ ေကာလင္း၊ ထီးခ်ိဳင့္၊ ကသာ၊ အင္းေတာ္၊ ဗန္းေမာက္၊ ပင္လယ္ဘူး၊ အင္းေတာ္ ႀကီးအိုင္ဝန္းက်င္တို႔တြင္ ရွမ္းနီလူမ်ိဳးမ်ားႏွင့္ ယွဥ္တြဲေနထိုင္ခဲ့ၾကၿပီး အမ်ားစုမွာ ဗုဒၶဘာ သာဝင္မ်ား ျဖစ္ေၾကာင္းသိရ သည္။
‘ကဒူးစာေပၚေပါက္ေရးက လုပ္တာ (၂၀၁၀)ေလာက္ကတည္းကဆိုေတာ့ (၁၅)ႏွစ္ ေလာက္ရွိၿပီ။ (၂၀၁၀)ကေန (၂၀၁၉) မတိုင္ခင္ အတြင္းမွာ ကြဲကြဲျပားျပားေတြျဖစ္ခဲ့ေသးတယ္။ ေျပာရရင္ ေရွ႕ကေပၚေပါက္ခဲ့တဲ့ ကဒူးစာေပကို သေဘာမက်ဘူး။ တျခားအားနည္းခ်က္ေတြရွိတယ္ လို႔ယူဆတယ္။ အဲဒီစာေတြေပၚမွာ ကြၽန္ေတာ္တို႔ ကဒူးေတြက ဘုံစာေပအေနနဲ႔ မသတ္မွတ္ႏိုင္ဘဲနဲ႔ အျငင္းပြား ေနၾကတာေပါ့ေလ။ ကဒူးစာေပေပၚေပါက္ေရး အတြက္ ေကာ္မတီဖြဲ႕ၿပီး ေတာ့ ရန္ကုန္တကၠသိုလ္က ပညာရွင္ေတြနဲ႔ ေဆြးေႏြးၿပီးေတာ့ လုပ္ခဲ့တယ္။ (၂၀၁၉) ကေနစၿပီးေတာ့ (၂၀၂၂)မွာ ကဒူးစာေပ ညီလာခံဆိုၿပီး က်င္းပတယ္။ အဲဒီညီလာခံမွာ အခုလက္ရွိသင္ၾကားေပးေနတဲ့ ကဒူးစာေပရဲ႕ မူၾကမ္းကို တင္သြင္းခဲ့တယ္။ အဲဒီတင္သြင္းခဲ့တဲ့စာ ကိုပဲ အခုဆက္လက္အေကာင္အထည္ေဖာ္ေနတယ္’ ဟု ၎ကဆိုသည္။
ဖန္တီးတီထြင္ထားေသာ ကဒူးစာေပကို အြန္လိုင္းစနစ္ျဖင့္ (၂)ႀကိမ္တိုင္တိုင္ သင္ၾကားေပးခဲ့ၿပီးျဖစ္ကာ ေျမျပင္ တြင္လည္း သင္ၾကားမႈလုပ္ ေဆာင္ခဲ့ေၾကာင္း သိရသည္။
“အခု ေျမျပင္မွာသြားသင္ၾကားတာက တစ္႐ြာတည္းကို နည္းနည္းေလာက္ပဲစမ္းသပ္ၿပီး သင္တာဆိုေတာ့ အေယာက္ေရ (၈၀)ေလာက္ရွိမယ္။ အဲဒါကို လူဦးေရနည္းနည္းနဲ႔သင္တာ ေအာင္ျမင္တယ္၊ အဆင္ေျပတယ္ ဆိုေတာ့ အေကာင္အထည္ ေဖာ္လို႔ရၿပီေပါ့ေလ။ အဲဒီသေဘာနဲ႔ ကဒူးသင္ပုန္းႀကီး စာအုပ္ကိုထုတ္ဖို႔လုပ္တာ။ ရပ္႐ြာကလည္း စိတ္အားထက္သန္မႈရွိၾကတယ္။ လုပ္ခ်င္ၾကတယ္။ အဲဒါေၾကာင့္မို႔ အုပ္ေရမ်ားမ်ား ထုတ္ၿပီး ဆက္လက္ၿပီး အေကာင္ အထည္ေဖာ္ဖို႔ လုပ္ေနၾကတာရွိပါတယ္” ဟု ၎ကဆက္လက္ေျပာသည္။
လက္ရွိတြင္ နယ္ေျမမေအးခ်မ္းမႈေၾကာင့္ ကဒူးစာေပသင္ၾကားႏိုင္ေရးအတြက္ အေကာင္အထည္ေဖာ္ေဆာင္ ႐ြက္ရာတြင္ အခက္အခဲရွိ ေၾကာင္းလည္း သိရသည္။
“နယ္ေျမေအးခ်မ္းမႈမရွိေတာ့ အေကာင္အထည္ေဖာ္လို႔မရဘူး။ စာေပတစ္ခု ေဖာ္ေဆာင္ရင္ ကိုယ့္လူမ်ိဳးရွိတဲ့ ေဒသမွာ ေဖာ္ေဆာင္တာပဲ ေကာင္းတာေပါ့ေလ။ လက္ရွိ ကြၽန္ေတာ္တို႔ေဒသမွာက ေနလို႔မရဘူး။ အေျခစိုက္လို႔ မရဘူး။ ၿမိဳ႕ေပၚမွာေနၿပီးေတာ့ အေဝးကေနပဲ လုပ္တာရတာေပါ့” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.