စစ်ကိုင်းမြို့နယ် မြောက်ပိုင်းကို တပ်မတော်စစ်ကြောင်းထိုးရာ PDFစခန်းကုန်းအချို့သိမ်းပိုက်နိုင်ခဲ့

1400

(NP News)-ဇွန် ၂၆
စစ်ကိုင်းမြို့နယ်မြောက်ပိုင်းရှိ မင်းကွန်းမဆက်လက်ထိုးစစ်ဆင်လာသော တပ်မတော်စစ်ကြောင်းများသည် ချောင်းမကြီးကျေးရွာသို့ ရောက်ရှိလာပြီး PDFစခန်းကုန်းအချို့သိမ်းပိုက်နိုင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
“လက်ရှိချောင်းမကျီးမှာ စစ်ကြောင်းထိုးနေတာတော့ တစ်ပတ်လောက်ရှိပါပြီ။ တပ်မတော်ကလည်း PDFစခန်းကုန်းကိုလည်းသိမ်းဆည်း ရမိထားတယ်လို့တော့သိရတယ်။ တပ်မတော်ဘက်ကလည်း ဒဏ်ရာရစစ်သည်ရှိတယ်။ PDFဘက်ကလည်း ကျဆုံးရှိတယ်။ သို့ပေသော် ငြားလည်း အလောင်းရတာတို့ လက်နက်ရတာတို့တော့ မသိရသေးဘူးပေါ့နော်။ ကျဆုံးများတယ်လို့တော့ သိရတယ်။ စစ်ကြောင်း ကတော့ ထပ်ပြီးထိုးနေပါတယ်”ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP Newsကိုပြောသည်။
ထို့ပြင် ချောင်းမကျီးမှ အထက်ပိုင်းရှိ ရှိမ်းမကားအထိ တပ်မတော်စစ်ကြောင်းများ ဆက်လက်ထိုးစစ်ဆင်ရန်ရှိနေကြောင်း ၎င်းကဆိုသည်။
“ဆက်ပြီးလည်းထိုးဖို့ရှိပါတယ်။ ရှိမ်းမကားထိအောင်ထိုးဖို့ရှိပါတယ်။ အဲဒါကတော့ မြောက်ဘက်တစ် ကြောပါ။ နောက်ပြီးတော့ စစ်ကိုင်း မြို့ရဲ့အနောက်ဘက်ကို စစ်ကြောင်းတစ်ကြောင်းထိုးနေပါတယ်။ အနောက်တာခေါ်တာပေါ့နော်။ အဲဒီဘက်မှာလည်း တပ်မတော်စစ် ကြောင်းအသာစီးရနေတယ်။ ဖမ်းမိထားတဲ့ PDFတွေလည်း များပြားတယ်။ လက်နက်ခဲယမ်းတွေ လည်း အများအပြားမိထားတယ်။ အဲဒီစစ်ကြောင်းမှာတော့ တပ်ရယ်၊ ရဲရယ်၊ ပြည်သူ့စစ်ရယ်ထိုးနေပါတယ်”ဟု ၎င်းကပြောသည်။
စစ်ကိုင်းမြို့နယ်အတွင် တပ်မတော်စစ်ကြောင်း (၃)ကြောင်းအထိ ဖြန့်ကြန့်ထိုးစစ်ဆင်နေသောကြောင့် ဒေသတွင် PDFများ၏ လုပ်ရှားမှုများလည်း လျှော့နည်းလာပြီဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“စစ်ကြောင်းတွေကတောက်လျှောက်ထိုးနေတော့ သူတို့ဘက်ကတော့ လှုပ်ရှားမှုနည်းလာပြီ။ အရင်နေ့ကလည်း PDFစခန်းကုန်းရ လိုက် တာမှာ အကျအဆုံးများတယ်။ အလောင်းတွေကိုကောက်ပြေးတာများတယ်။ သူတို့ဘက် ကျဆုံးတဲ့သတင်းကိုကျတော့ မလွှင့်ဘူး။ သူတို့က (၁၀)ရောက်ကျရင် တစ်ယောက်ပဲကျတယ်။ (၁၀၀)ကျရင် (၁၀)ယောက်ပဲကျတယ်”ဟု ၎င်းကဆက်ပြောသည်။
ထို့ကြောင့် တပ်မတော်စစ်ကြောင်းထိုးရာ တစ်လျှောက်ရှိဒေသခံများအနေဖြင့်လည်း စိုးရိမ်စိတ်မရှိကြရန်နှင့် စစ်ကြောင်းထိုးပြီး ဒေသ တွင်လည်း လုံခြုံရေးအပြည့်အဝပေးရန်လိုအပ်ကြောင်း ၎င်းက အကြံပြုထားသည်။

Zawgyi Version:
စစ္ကိုင္းၿမိဳ႕နယ္ ေျမာက္ပိုင္းကို တပ္မေတာ္စစ္ေၾကာင္းထိုးရာ PDFစခန္းကုန္းအခ်ိဳ႕သိမ္းပိုက္ႏိုင္ခဲ့
(NP News)-ဇြန္ ၂၆
စစ္ကိုင္းၿမိဳ႕နယ္ေျမာက္ပိုင္းရွိ မင္းကြန္းမဆက္လက္ထိုးစစ္ဆင္လာေသာ တပ္မေတာ္စစ္ေၾကာင္းမ်ားသည္ ေခ်ာင္းမႀကီးေက်း႐ြာသို႔ ေရာက္ရွိလာၿပီး PDFစခန္းကုန္းအခ်ိဳ႕သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
“လက္ရွိေခ်ာင္းမက်ီးမွာ စစ္ေၾကာင္းထိုးေနတာေတာ့ တစ္ပတ္ေလာက္ရွိပါၿပီ။ တပ္မေတာ္ကလည္း PDFစခန္းကုန္းကိုလည္းသိမ္းဆည္း ရမိထားတယ္လို႔ေတာ့သိရတယ္။ တပ္မေတာ္ဘက္ကလည္း ဒဏ္ရာရစစ္သည္ရွိတယ္။ PDFဘက္ကလည္း က်ဆုံးရွိတယ္။ သို႔ေပေသာ္ ျငားလည္း အေလာင္းရတာတို႔ လက္နက္ရတာတို႔ေတာ့ မသိရေသးဘူးေပါ့ေနာ္။ က်ဆုံးမ်ားတယ္လို႔ေတာ့ သိရတယ္။ စစ္ေၾကာင္း ကေတာ့ ထပ္ၿပီးထိုးေနပါတယ္”ဟု လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက NP Newsကိုေျပာသည္။
ထို႔ျပင္ ေခ်ာင္းမက်ီးမွ အထက္ပိုင္းရွိ ရွိမ္းမကားအထိ တပ္မေတာ္စစ္ေၾကာင္းမ်ား ဆက္လက္ထိုးစစ္ဆင္ရန္ရွိေနေၾကာင္း ၎ကဆိုသည္။
“ဆက္ၿပီးလည္းထိုးဖို႔ရွိပါတယ္။ ရွိမ္းမကားထိေအာင္ထိုးဖို႔ရွိပါတယ္။ အဲဒါကေတာ့ ေျမာက္ဘက္တစ္ ေၾကာပါ။ ေနာက္ၿပီးေတာ့ စစ္ကိုင္း ၿမိဳ႕ရဲ႕အေနာက္ဘက္ကို စစ္ေၾကာင္းတစ္ေၾကာင္းထိုးေနပါတယ္။ အေနာက္တာေခၚတာေပါ့ေနာ္။ အဲဒီဘက္မွာလည္း တပ္မေတာ္စစ္ ေၾကာင္းအသာစီးရေနတယ္။ ဖမ္းမိထားတဲ့ PDFေတြလည္း မ်ားျပားတယ္။ လက္နက္ခဲယမ္းေတြ လည္း အမ်ားအျပားမိထားတယ္။ အဲဒီစစ္ေၾကာင္းမွာေတာ့ တပ္ရယ္၊ ရဲရယ္၊ ျပည္သူ႔စစ္ရယ္ထိုးေနပါတယ္”ဟု ၎ကေျပာသည္။
စစ္ကိုင္းၿမိဳ႕နယ္အတြင္ တပ္မေတာ္စစ္ေၾကာင္း (၃)ေၾကာင္းအထိ ျဖန႔္ၾကန႔္ထိုးစစ္ဆင္ေနေသာေၾကာင့္ ေဒသတြင္ PDFမ်ား၏ လုပ္ရွားမႈမ်ားလည္း ေလွ်ာ့နည္းလာၿပီျဖစ္ေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
“စစ္ေၾကာင္းေတြကေတာက္ေလွ်ာက္ထိုးေနေတာ့ သူတို႔ဘက္ကေတာ့ လႈပ္ရွားမႈနည္းလာၿပီ။ အရင္ေန႔ကလည္း PDFစခန္းကုန္းရ လိုက္ တာမွာ အက်အဆုံးမ်ားတယ္။ အေလာင္းေတြကိုေကာက္ေျပးတာမ်ားတယ္။ သူတို႔ဘက္ က်ဆုံးတဲ့သတင္းကိုက်ေတာ့ မလႊင့္ဘူး။ သူတို႔က (၁၀)ေရာက္က်ရင္ တစ္ေယာက္ပဲက်တယ္။ (၁၀၀)က်ရင္ (၁၀)ေယာက္ပဲက်တယ္”ဟု ၎ကဆက္ေျပာသည္။
ထို႔ေၾကာင့္ တပ္မေတာ္စစ္ေၾကာင္းထိုးရာ တစ္ေလွ်ာက္ရွိေဒသခံမ်ားအေနျဖင့္လည္း စိုးရိမ္စိတ္မရွိၾကရန္ႏွင့္ စစ္ေၾကာင္းထိုးၿပီး ေဒသ တြင္လည္း လုံၿခဳံေရးအျပည့္အဝေပးရန္လိုအပ္ေၾကာင္း ၎က အႀကံျပဳထားသည္။