နေတိုးအဖွဲ့ရဲ့ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်မှုက ရုရှားရဲ့လုံခြုံရေးကိုထိခိုက်စေမှာမဟုတ်ဘူးလို့ ရုရှားအစိုးရပြော

 233

Pika(NP News)
ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နေတိုးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ ရုရှားရဲ့လုံခြုံရေးကို သိသိသာသာထိခိုက်စေလိမ့်မှာ မဟုတ်ဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ၎င်းတို့ရဲ့စုပေါင်းအသုံးစရိတ်ပန်းတိုင်ကို လာမယ့်ဆယ်စုနှစ်အတွင်း ဂျီဒီပီရဲ့(၅)ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ သဘောတူညီခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ရုရှားနိုင်ငံရဲ့ ကာလရှည်ကြာခြိမ်းခြောက်မှုတွေ၊ အရပ်ဘက်နဲ့စစ်ဘက်ဆိုင်ရာကာကွယ်ရေး အားကောင်းလာစေဖို့ လိုအပ်ချက်တွေကို ကိုးကားပြီး ကာကွယ်ရေးအသုံးစရိတ်ကိုတိုးမြှင့်ဖို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက သဘောတူညီခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ရုရှားနဲ့နေတိုးအဖွဲ့တို့ဟာ ယူကရိန်းပဋိပက္ခနဲ့ပတ်သက်ပြီး တင်းမာမှုအရှိန်တွေ မြင့်တက်လာခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။ရုရှားနဲ့ယူကရိန်းကြားဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းကို စစ်ရေးအကူအညီ ထောက်ပံ့ပေးမှုများစွာ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်ရေးအကူအညီထောက်ပံ့ပေးမှုဟာ နေတိုးအဖွဲ့နဲ့ရုရှားကြား ထိပ်တိုက်တွေ့ဆုံမှုတွေကို ပေါ်ပေါက်လာစေနိုင်တယ်လို့ ရုရှားဘက်က အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ေနတိုးအဖြဲ႕ရဲ႕ ကာကြယ္ေရးအသုံးစရိတ္တိုးျမႇင့္မႈက ႐ုရွားရဲ႕လုံၿခဳံေရးကိုထိခိုက္ေစမွာမဟုတ္ဘူးလို႔ ႐ုရွားအစိုးရေျပာ
Pika(NP News)
ကာကြယ္ေရးအသုံးစရိတ္ကို တိုးျမႇင့္ဖို႔ ဆုံးျဖတ္ခဲ့တဲ့ ေနတိုးအဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္ဟာ ႐ုရွားရဲ႕လုံၿခဳံေရးကို သိသိသာသာထိခိုက္ေစလိမ့္မွာ မဟုတ္ဘူးလို႔ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြဟာ ၎တို႔ရဲ႕စုေပါင္းအသုံးစရိတ္ပန္းတိုင္ကို လာမယ့္ဆယ္စုႏွစ္အတြင္း ဂ်ီဒီပီရဲ႕(၅)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ဖို႔ သေဘာတူညီခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။႐ုရွားႏိုင္ငံရဲ႕ ကာလရွည္ၾကာၿခိမ္းေျခာက္မႈေတြ၊ အရပ္ဘက္နဲ႔စစ္ဘက္ဆိုင္ရာကာကြယ္ေရး အားေကာင္းလာေစဖို႔ လိုအပ္ခ်က္ေတြကို ကိုးကားၿပီး ကာကြယ္ေရးအသုံးစရိတ္ကိုတိုးျမႇင့္ဖို႔ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြက သေဘာတူညီခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။႐ုရွားနဲ႔ေနတိုးအဖြဲ႕တို႔ဟာ ယူကရိန္းပဋိပကၡနဲ႔ပတ္သက္ၿပီး တင္းမာမႈအရွိန္ေတြ ျမင့္တက္လာခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။႐ုရွားနဲ႔ယူကရိန္းၾကားျဖစ္ပြားခဲ့တဲ့စစ္ပြဲအတြင္း ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြဟာ ယူကရိန္းကို စစ္ေရးအကူအညီ ေထာက္ပံ့ေပးမႈမ်ားစြာ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ စစ္ေရးအကူအညီေထာက္ပံ့ေပးမႈဟာ ေနတိုးအဖြဲ႕နဲ႔႐ုရွားၾကား ထိပ္တိုက္ေတြ႕ဆုံမႈေတြကို ေပၚေပါက္လာေစႏိုင္တယ္လို႔ ႐ုရွားဘက္က အႀကိမ္ႀကိမ္သတိေပးေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.