လုံခြုံရေး တပ်ဖွဲ့ က သိမ်းယူထားသော ချောင်းမကျီးရွာ စခန်းကုန်းကို PDF က အင်အား ၅၀၀ ခန့်ဖြင့် လာရောက် တိုက်ခိုက်

3276
သုတကျော် (NP News) - ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်း ၏ အနောက်ဘက်ရှိ လုံခြုံရေး တပ်ဖွဲ့ က သိမ်းယူထားသော ချောင်းမကျီးရွာ စခန်းကုန်းကို PDF က အင်အား ၅၀၀ ခန့်ဖြင့် ယနေ့ (ဇွန်လ ၂၈ ရက်) နံနက်ပိုင်းတွင် လာရောက် တိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ နှင့် နီးစပ်သူ တစ်ဦးက NP News ကို ပြောသည်။
အဆိုပါ စခန်းကုန်းကို လွန်ခဲ့သည့် သုံးရက်ခန့် တွင် တပ်မတော် နှင့် ပြည်သူ့ စစ် စစ်ကြောင်း က PDF တို့ ၏ လက်တွင်းမှ သိမ်းယူထားခြင်း ဖြစ်ကြောင်း သိရသည်။
“ဒီနေ့ မနက် ၈ နာရီ လောက်မှာ PDF အင်အား ၅၀၀ လောက်နဲ့ အဲဒီ စခန်းကုန်းကို ဝင်တိုက်တယ်။ တိုက်တော့ စခန်းကုန်းကို စွန့်ခွာ ပေးလိုက်ရတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဒေသတွင် တပ်မတော်က စစ်ကြောင်း ထိုးနေရာ PDF များက ဆုတ်ခွာနေရသော်လည်း ယခု စခန်းကုန်း ကို အလစ်ချောင်းကာ ပြန်လည် တိုက်ခိုက်သွားခြင်း ဖြစ်ကြောင်း သိရသည်။
“မနေ့ကလည်း စခန်းကုန်း တစ်ခုကို PDF က ဝင်တိုက်သွားတာ ရှိတယ်။ အဲဒီ စခန်းကုန်းဘက်ကို စိတ်မချလို့ ထိုင်ထားတာ။ နေ့ခင်း ၂ နာရီခွဲလောက်မှာ ဝင်တိုက်တယ်” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
လုံၿခဳံေရး တပ္ဖြဲ႕ က သိမ္းယူထားေသာ ေခ်ာင္းမက်ီး႐ြာ စခန္းကုန္းကို PDF က အင္အား ၅၀၀ ခန႔္ျဖင့္ လာေရာက္ တိုက္ခိုက္
သုတေက်ာ္ (NP News) - ဇြန္ ၂၈
စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕နယ္၊ မင္းကြန္း ၏ အေနာက္ဘက္ရွိ လုံၿခဳံေရး တပ္ဖြဲ႕ က သိမ္းယူထားေသာ ေခ်ာင္းမက်ီး႐ြာ စခန္းကုန္းကို PDF က အင္အား ၅၀၀ ခန႔္ျဖင့္ ယေန႔ (ဇြန္လ ၂၈ ရက္) နံနက္ပိုင္းတြင္ လာေရာက္ တိုက္ခိုက္ခဲ့ေၾကာင္း လုံၿခဳံေရး တပ္ဖြဲ႕ ႏွင့္ နီးစပ္သူ တစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ စခန္းကုန္းကို လြန္ခဲ့သည့္ သုံးရက္ခန႔္ တြင္ တပ္မေတာ္ ႏွင့္ ျပည္သူ႔ စစ္ စစ္ေၾကာင္း က PDF တို႔ ၏ လက္တြင္းမွ သိမ္းယူထားျခင္း ျဖစ္ေၾကာင္း သိရသည္။
“ဒီေန႔ မနက္ ၈ နာရီ ေလာက္မွာ PDF အင္အား ၅၀၀ ေလာက္နဲ႔ အဲဒီ စခန္းကုန္းကို ဝင္တိုက္တယ္။ တိုက္ေတာ့ စခန္းကုန္းကို စြန႔္ခြာ ေပးလိုက္ရတယ္” ဟု ၎က ဆိုသည္။
အဆိုပါ ေဒသတြင္ တပ္မေတာ္က စစ္ေၾကာင္း ထိုးေနရာ PDF မ်ားက ဆုတ္ခြာေနရေသာ္လည္း ယခု စခန္းကုန္း ကို အလစ္ေခ်ာင္းကာ ျပန္လည္ တိုက္ခိုက္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။
“မေန႔ကလည္း စခန္းကုန္း တစ္ခုကို PDF က ဝင္တိုက္သြားတာ ရွိတယ္။ အဲဒီ စခန္းကုန္းဘက္ကို စိတ္မခ်လို႔ ထိုင္ထားတာ။ ေန႔ခင္း ၂ နာရီခြဲေလာက္မွာ ဝင္တိုက္တယ္” ဟု ၎က ဆိုသည္။