လုံခြုံရေး တပ်ဖွဲ့ စစ်ကြောင်း က နယ်မြေရှင်းလင်းရာ PDF အဖွဲ့က လက်နက်အချို့ ကို ထားကာ ထွက်ပြေး

6446

ခတ္တာဦး (NP News) - ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ အနောက်ဘက်တွင် လုံခြုံရေး တပ်ဖွဲ့ စစ်ကြောင်း က နယ်မြေရှင်းလင်းရာ PDF အဖွဲ့ က လက်နက်အချို့ ကို ထားကာ ထွက်ပြေး သွားခဲ့ကြောင်း လုံခြုံရေး တပ်ဖွဲ့ နှင့် နီးစပ်သူများ ထံက သိရသည်။
လုံခြုံရေး တပ်ဖွဲ့ စစ်ကြောင်း က ယမန်နေ့ (ဇွန်လ ၂၈ ရက်) နံနက်ပိုင်း ၇ နာရီခွဲ အချိန်ခန့်က သပြေပင်ကျေးရွာသို့ ဝင်ရောက်ကာ PDF များကို နယ်မြေ ရှင်းလင်းရေး ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့ဝင်ရောက်ရှင်းလင်းရာ သပြေပင်ဘုန်းကြီးကျောင်းအနီး ချောင်းရိုးဘေးတွင် PDFတပ်ဖွဲ့ စခန်းချနေထိုင်ခဲ့သည့် တဲအားတွေ့ရှိရာ ၎င်းတို့ အလျင်စလို ထွက်ပြေးသွားသည့် အတွက် လက်နက် အချို့ နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
သိမ်းဆည်းရမိသောပစ္စည်းများမှာ လက်လုပ်စိန်ပြောင်း အတို ၁ လက် ၊လက်လုပ်စိန်ပြောင်း အတို ၁ လက် ၊ ပြုလုပ်ဆဲ လက်လုပ်စိန်ပြောင်း အရှည် ၁ လက် ၊လက်လုပ်မိုင်း ၃ ခု၊ မိုင်းကိုယ်ထည် ၈ ခု၊ သုံးမရသော လက်လုပ်သေနတ်အတို ၂ လက်၊ဝါယာကြိုး ၁၂ ပေခန့် ၂ ချောင်း၊ ဘက်ထရီအသေး ၁ လုံး၊လက်လုပ်တိုက်မိုင်း ကိုယ်ထည် ၃ခု တို့ ဖြစ်ပြီး ၈ယောက်အိပ်လူနေတဲ ၁ လုံး၊ မီးဖိုချောင်းတဲ ၁ လုံးနှင့်ထမင်းစားဆောင်တဲ ၁ လုံး ကိုလည်း တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ စခန်းချရာတဲများအား ဖျက်ဆီးပြီးနောက် သိမ်းဆည်းရမိသောလက်နက်ခဲယမ်းများနှင့် သက်သေခံပစ္စည်းများအား စနစ်တကျသိမ်းဆည်းထားကြောင်းသိရသည်။

Zawgyi Version:
ခတ္တာဦး (NP News) - ဇွန် ၂၈