ရုရှားနဲ့ ယူကရိန်းကြား အကျဉ်းသားလဲလှယ်မှု ထပ်မံပြုလုပ်

148

Pika (NP News) - ဇွန် ၂၈
ရုရှားနဲ့ယူကရိန်းတို့ဟာ စစ်သုံ့ပန်းအပြန်အလှန်လဲလှယ်မှုအသစ်တစ်ခုကို ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလဲလှယ်မှုဟာ ယခုလအစောပိုင်းက ရုရှားနဲ့ယူကရိန်းတို့ကြား အစ္စတန်ဘူလ်မြို့မှာရရှိခဲ့တဲ့ သဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ဟာ အစ္စတန်ဘူလ်မြို့မှာလုပ်ဆောင်ခဲ့တဲ့ ဆွေးနွေးပွဲအတွင်း အနည်းဆုံးအကျဉ်းသား(၁၀၀၀)ဦးစီ အပြန်အလှန်လဲလှယ်ဖို့ သဘောတူညီခဲ့ကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်သုံ့ပန်း အပြန်အလှန်လဲလှယ်မှုနဲ့ စစ်ပွဲအတွင်းသေဆုံးသွားခဲ့တဲ့ စစ်သားတွေရဲ့ရုပ်အလောင်းတွေ ပြန်လည်ပေးအပ်မှုဟာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လုပ်ဆောင်ခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်အနည်းငယ်ထဲက တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးက "ဒီနေ့မှာတော့ ယူကရိန်းစစ်တပ်၊နယ်ခြားစောင့်တပ်ဖွဲ့နဲ့ အမျိုးသားတပ်ဖွဲ့က စစ်သားတွေဟာ နေအိမ်ကို ပြန်လည်ရောက်ရှိလာကြပါပြီ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းစစ်သားတွေဟာ ယူကရိန်းနိုင်ငံအလံကို ကိုင်ဆောင်ပြီး ပြန်လည်ရောက်ရှိလာတဲ့ ဓါတ်ပုံတွေကို ဇီလန်စကီးက မျှဝေခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
႐ုရွားနဲ႔ ယူကရိန္းၾကား အက်ဥ္းသားလဲလွယ္မႈ ထပ္မံျပဳလုပ္
Pika (NP News) - ဇြန္ ၂၈
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ စစ္သုံ႔ပန္းအျပန္အလွန္လဲလွယ္မႈအသစ္တစ္ခုကို ထပ္မံလုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ အဲဒီလဲလွယ္မႈဟာ ယခုလအေစာပိုင္းက ႐ုရွားနဲ႔ယူကရိန္းတို႔ၾကား အစၥတန္ဘူလ္ၿမိဳ႕မွာရရွိခဲ့တဲ့ သေဘာတူညီခ်က္ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။
႐ုရွားနဲ႔ယူကရိန္းတို႔ဟာ အစၥတန္ဘူလ္ၿမိဳ႕မွာလုပ္ေဆာင္ခဲ့တဲ့ ေဆြးေႏြးပြဲအတြင္း အနည္းဆုံးအက်ဥ္းသား(၁၀၀၀)ဦးစီ အျပန္အလွန္လဲလွယ္ဖို႔ သေဘာတူညီခဲ့ၾကတာျဖစ္တယ္လို႔လည္း သိရပါတယ္။
စစ္သုံ႔ပန္း အျပန္အလွန္လဲလွယ္မႈနဲ႔ စစ္ပြဲအတြင္းေသဆုံးသြားခဲ့တဲ့ စစ္သားေတြရဲ႕႐ုပ္အေလာင္းေတြ ျပန္လည္ေပးအပ္မႈဟာ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း လုပ္ေဆာင္ခဲ့တဲ့ ပူးေပါင္းေဆာင္႐ြက္မႈနယ္ပယ္အနည္းငယ္ထဲက တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။
ယူကရိန္းသမၼတဇီလန္စကီးက "ဒီေန႔မွာေတာ့ ယူကရိန္းစစ္တပ္၊နယ္ျခားေစာင့္တပ္ဖြဲ႕နဲ႔ အမ်ိဳးသားတပ္ဖြဲ႕က စစ္သားေတြဟာ ေနအိမ္ကို ျပန္လည္ေရာက္ရွိလာၾကပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းစစ္သားေတြဟာ ယူကရိန္းႏိုင္ငံအလံကို ကိုင္ေဆာင္ၿပီး ျပန္လည္ေရာက္ရွိလာတဲ့ ဓါတ္ပုံေတြကို ဇီလန္စကီးက မွ်ေဝခဲ့တယ္လို႔လည္း သိရပါတယ္။