ကမ္ဘာ့အခြောက်သွေ့ဆုံး ချီလီနိုင်ငံ၊ အတာကာမာ ကန္တာရမှာ ဆီးနှင်းများ ဖုံးလွှမ်းနေ

0
ရောင်နီ (NP News) - ဇွန် ၂၉
ချီလီနိုင်ငံမြောက်ပိုင်းရှိ ကမ္ဘာ့အခြောက်သွေ့ဆုံး အတာကာမာ သဲကန္တာရမှာ ဇွန်လ ၂၆ ရက်က ဆီးနှင်းဖုံးလွှမ်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။
"မယုံကြည်နိုင်လောက်စရာပါပဲ၊ ကမ္ဘာ့အခြောက်သွေ့ဆုံးဖြစ်တဲ့ အတာကာမာ သဲကန္တာရမှာ ဆီးနှင်းတွေ ဖုံးလွှမ်းနေတယ်" လို့ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၂၉၀၀ မှာ တည်ရှိတဲ့ အယ်မာ စူးစမ်းလေ့လာရေးဌာန က အဖြူရောင်ဆီးနှင်းတွေ ဖုံးအုပ်ထားတဲ့ အတာကာမာ မျက်နှာပြင်နဲ့အတူ X App မှာ တင်ခဲ့ပါတယ်။ အနီးမှာရှိတဲ့ ချာဂျ်နာနာတာ ကျောက်လွှာချပ်မှာတော့ နှင်းကျလေ့ရှိပေမယ့် အတာကာမာမှာကတော့ ဆယ်စုနှစ်တစ်ခုအတွင်း ဆီးနှင်းကျဆင်းမှုမရှိခဲ့ဘူးလို့ စူးစမ်းလေ့လာရေးဌာနက ပြောကြားပါတယ်။
ဒီဆီးနှင်းတွေကို ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်စဉ်အဖြစ် ချိတ်ဆက်လိုက်ဖို့ကတော့ စောလွန်းသေးပေမယ့် ဒီလိုဖြစ်စဉ်မျိုး မကြာခဏဖြစ်လာနိုင်တယ်လို့ ဆန်တီဂိုတက္ကသိုလ်မှ ရာသီဥတုပညာရှင် ရူလ်ကော်ဒါရို က ဆိုပါတယ်။
Zawgyi Version:
ကမာၻ႔အေျခာက္ေသြ႕ဆုံး ခ်ီလီႏိုင္ငံ၊ အတာကာမာ ကႏၲာရမွာ ဆီးႏွင္းမ်ား ဖုံးလႊမ္းေန
ေရာင္နီ (NP News) - ဇြန္ ၂၉
ခ်ီလီႏိုင္ငံေျမာက္ပိုင္းရွိ ကမာၻ႔အေျခာက္ေသြ႕ဆုံး အတာကာမာ သဲကႏၲာရမွာ ဇြန္လ ၂၆ ရက္က ဆီးႏွင္းဖုံးလႊမ္းမႈ ျဖစ္ေပၚခဲ့ပါတယ္။
"မယုံၾကည္ႏိုင္ေလာက္စရာပါပဲ၊ ကမာၻ႔အေျခာက္ေသြ႕ဆုံးျဖစ္တဲ့ အတာကာမာ သဲကႏၲာရမွာ ဆီးႏွင္းေတြ ဖုံးလႊမ္းေနတယ္" လို႔ ပင္လယ္ေရမ်က္ႏွာျပင္အထက္ မီတာ ၂၉၀၀ မွာ တည္ရွိတဲ့ အယ္မာ စူးစမ္းေလ့လာေရးဌာန က အျဖဴေရာင္ဆီးႏွင္းေတြ ဖုံးအုပ္ထားတဲ့ အတာကာမာ မ်က္ႏွာျပင္နဲ႔အတူ X App မွာ တင္ခဲ့ပါတယ္။ အနီးမွာရွိတဲ့ ခ်ာဂ်္နာနာတာ ေက်ာက္လႊာခ်ပ္မွာေတာ့ ႏွင္းက်ေလ့ရွိေပမယ့္ အတာကာမာမွာကေတာ့ ဆယ္စုႏွစ္တစ္ခုအတြင္း ဆီးႏွင္းက်ဆင္းမႈမရွိခဲ့ဘူးလို႔ စူးစမ္းေလ့လာေရးဌာနက ေျပာၾကားပါတယ္။
ဒီဆီးႏွင္းေတြကို ရာသီဥတုေဖာက္ျပန္ေျပာင္းလဲမႈျဖစ္စဥ္အျဖစ္ ခ်ိတ္ဆက္လိုက္ဖို႔ကေတာ့ ေစာလြန္းေသးေပမယ့္ ဒီလိုျဖစ္စဥ္မ်ိဳး မၾကာခဏျဖစ္လာႏိုင္တယ္လို႔ ဆန္တီဂိုတကၠသိုလ္မွ ရာသီဥတုပညာရွင္ ႐ူလ္ေကာ္ဒါ႐ို က ဆိုပါတယ္။