အချုပ်သူ အမျိုးသမီးကို ရဲလက်မှ လုသွားသော PDF များအား သန်လျင်တွင် ဖမ်းမိ

 4062

သုတကျော် (NP News) - ဇူလိုင် ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ပုဒ်မ ၅၀ (ည) ဖြင့်ဖမ်းဆီးထားသော အမျိုးသမီးအချုပ်သူကို ရဲလက်မှလုယူသွားသောဖြစ်စဉ်၌ ကယ်ထုတ်ခံရသူနှင့် ကျူးလွန်သူများ အားလုံးကို သန်လျင်မြို့နယ်တွင် ဖမ်းမိကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

လှိုင်သာယာ (အရှေ့ပိုင်း) ရဲစခန်းတွင် ပုဒ်မ ၅၀ (ည) ဖြင့်ဖမ်းဆီးထားသော တရားခံ ဇွန်ပွင့်လှိုင်ကို ဇူလိုင်လ ၁ ရက်၊ ညပိုင်း ၇ နာရီ မိနစ် ၅၀ အချိန်ခန့်က မြို့နယ်ဆေးရုံသို့ အရေးပေါ်ဆေးခန်းပြရန် ဒုရဲအုပ်နှစ်ဦးမှ လိုက်ပါပို့ဆောင်စဉ် ညောင်ကျေးရွာအုပ်စု၊ ရန်ကုန်-ပုသိမ်းလမ်းဘေးရှိ Ocean Center ကားရပ်နား ရာနေရာ (ကားပါကင်)တွင် PDF နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ကာ လုယူသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်တွင် ပစ္စတိုသေနတ်ဖြင့် လေးချက်ပစ်ခတ်ခဲ့ရာ ဒုရဲအုပ်အမျိုးသားမှာ ကျည်ထိမှန် သေဆုံးခဲ့ပြီး ဒုရဲအုပ်အမျိုးသမီးမှာ ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ကျူးလွန်သူများကို ဖမ်းမိရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လှိုင်သာယာမြို့နယ်၏ အဝင်၊ အထွက်များကို ပိတ်ကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။ ထို့ပြင် ရန်ကုန်မြို့တွင်လည်း ဆက်လက်ရှာဖွေမှုများပြုလုပ်ခဲ့ရာ ကျူးလွန်သူများ ထွက်နိုင်သည့် နေရာများကို ပိုက်စိတ်တိုက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ယနေ့ (ဇူလိုင်လ ၂ ရက်) နံနက်အစောပိုင်းက သံလျင်မြိုနယ်၊ဘောသပြေကန်ကျေးရွာအနီးတွင် ကားတစ်စီးနှင့်အတူ တရားခံဇွန်ပွင့်လှိုင် နှင့် ၎င်းအား ခေါ်ထုတ်သွားသူ အမျိုးသား ငါးဦးကို လက်နက်များနှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

zawgyi version
အခ်ဳပ္သူ အမ်ိဳးသမီးကို ရဲလက္မွ လုသြားေသာ PDF မ်ားအား သန္လ်င္တြင္ ဖမ္းမိ
သုတေက်ာ္ (NP News) - ဇူလိုင္ ၂

ရန္ကုန္တိုင္းေဒသႀကီး၊ လႈိင္သာယာ (အေရွ႕ပိုင္း) ၿမိဳ႕နယ္တြင္ ပုဒ္မ ၅၀ (ည) ျဖင့္ဖမ္းဆီးထားေသာ အမ်ိဳးသမီးအခ်ဳပ္သူကို ရဲလက္မွလုယူသြားေသာျဖစ္စဥ္၌ ကယ္ထုတ္ခံရသူႏွင့္ က်ဴးလြန္သူမ်ား အားလုံးကို သန္လ်င္ၿမိဳ႕နယ္တြင္ ဖမ္းမိေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

လႈိင္သာယာ (အေရွ႕ပိုင္း) ရဲစခန္းတြင္ ပုဒ္မ ၅၀ (ည) ျဖင့္ဖမ္းဆီးထားေသာ တရားခံ ဇြန္ပြင့္လႈိင္ကို ဇူလိုင္လ ၁ ရက္၊ ညပိုင္း ၇ နာရီ မိနစ္ ၅၀ အခ်ိန္ခန႔္က ၿမိဳ႕နယ္ေဆး႐ုံသို႔ အေရးေပၚေဆးခန္းျပရန္ ဒုရဲအုပ္ႏွစ္ဦးမွ လိုက္ပါပို႔ေဆာင္စဥ္ ေညာင္ေက်း႐ြာအုပ္စု၊ ရန္ကုန္-ပုသိမ္းလမ္းေဘးရွိ Ocean Center ကားရပ္နား ရာေနရာ (ကားပါကင္)တြင္ PDF ႏွစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္ကာ လုယူသြားခဲ့ျခင္း ျဖစ္သည္။

အဆိုပါ ျဖစ္စဥ္တြင္ ပစၥတိုေသနတ္ျဖင့္ ေလးခ်က္ပစ္ခတ္ခဲ့ရာ ဒုရဲအုပ္အမ်ိဳးသားမွာ က်ည္ထိမွန္ ေသဆုံးခဲ့ၿပီး ဒုရဲအုပ္အမ်ိဳးသမီးမွာ ဒဏ္ရာရရွိခဲ့ေၾကာင္း ႏွင့္ က်ဴးလြန္သူမ်ားကို ဖမ္းမိေရးအတြက္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက လႈိင္သာယာၿမိဳ႕နယ္၏ အဝင္၊ အထြက္မ်ားကို ပိတ္ကာ စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရ သည္။ ထို႔ျပင္ ရန္ကုန္ၿမိဳ႕တြင္လည္း ဆက္လက္ရွာေဖြမႈမ်ားျပဳလုပ္ခဲ့ရာ က်ဴးလြန္သူမ်ား ထြက္ႏိုင္သည့္ ေနရာမ်ားကို ပိုက္စိတ္တိုက္စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ယေန႔ (ဇူလိုင္လ ၂ ရက္) နံနက္အေစာပိုင္းက သံလ်င္ၿမိဳနယ္၊ေဘာသေျပကန္ေက်း႐ြာအနီးတြင္ ကားတစ္စီးႏွင့္အတူ တရားခံဇြန္ပြင့္လႈိင္ ႏွင့္ ၎အား ေခၚထုတ္သြားသူ အမ်ိဳးသား ငါးဦးကို လက္နက္မ်ားႏွင့္ အတူ ဖမ္းဆီးရမိခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.