ဘုရားသုံးဆူမြို့တွင် ဆိုင်ကယ်ကယ်ရီသမား(၃)ဦးထက်မနည်း လုယက်သတ်ဖြတ်ခံခဲ့ရ

249

သန့်ဇင်(NP News)-ဇူလိုင် ၃
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ဆိုင်ကယ်ကယ်ရီသမား(၃)ဦးထက်မနည်း လုယက်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ဆိုင်ကယ်ကယ်ရီသမားများ လုယက်သတ်ဖြတ်ခံရမှုများသည် ယခုနောက်ပိုင်းကာလ၌ ဘုရားသုံးဆူမြို့တွင် မကြာခဏဖြစ်ပွးလျှက် ရှိကြောင်း ဒေသခံများက ဆိုသည်။
“ဆိုင်ကယ်ကယ်ရီသမားတွေလုယယက်သတ်ဖြတ်ခံရတာ3ယောက်ထက်မနည်းရှိနေပြီ။ တရားဥပဒေစိုးမိုးရေးကတော့ မေးခွန်းထုတ် စရာကိုမလိုတာ။ ရှိကိုမရှိတော့တာ”ဟု ဒေသခံတစ်ဦးက NP Newsကိုပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၄ရက်၊ နံနက် ၁၀နာရီဝန်းကျင်ကလည်း ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကို လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးက လည်ပင်း ဓားဖြင့်လှီးကာ လုယက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လည်ပင်းလှီးပြီးဆိုင်ကယ်လုတဲ့ဖြစ်စဉ်တစ်ခုဖြစ်ခဲ့တယ် ကံကောင်းလို့အလုခံရတဲ့ကောင်လေးကမသေဘူး။ ဖြစ်တာက အမှတ် (၂) ရပ်ကွက် ဥဒေါင်းကန် အနောက်ဘက် မှာဖြစ်တာ”ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့်အပတ်သက်၍ ဒေသခံများ၏ပြောပြချက်အရ လုယက်မှုကျူးလွန်သူမှာ DKBAအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လက်ရှိတွင် ထွက်ပြေးလွှတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
“DKBA ကခုထိမမိသေးဘူးလို့ဆိုတယ်။ မြို့ကျဉ်းလေးမှာ တကယ်ဖမ်းရင်မမိ စရာမရှိဘူး။ အဖွဲ့ကလုပ်တာလူတွေလက်တွေ့သိကုန်တော့ ရှောင်ခိုင်းလိုက်တာနေမယ် ဆေးကြောင်နေတယ်လို့လဲသတင်းလွှင့်တယ် ဆေးကြောင်နေတဲ့ကောင်ကိုသေနတ်ပါပေးထားစရာလား။ ဖြစ်မှဆေးကြောင်နေတယ်ထလုပ်တာ။ အရင်နှစ်ကလူသတ်ဆိုင်ကယ်လုတာလဲသူတို့တွေပဲ ခုသတင်းလဲလိုင်းပေါ်မရောက်ဘူး။ ဖုံးထားကြတယ် အလုခံရတဲ့ကောင်လေးကဆိုင်ကယ် ကယ်ရီဆွဲတာ။ ဆိုင်ကယ်ငှားပြီးလုတာ ကောင်လေးကခုခံပြီးထွက် ပြေးလာလို့ လွတ်တာ။ ခံရတဲ့ကောင်လေးကဆင်းရဲတယ် မိန်းမကလဲကိုယ်ဝန်နဲ့ မိသားစုတွေမရှိကြဘူး လောလောဆယ် ဆိုယ်ကယ်ကယ်ရီ သမားတွေကအလှူခံပြီးဆေးရုံပို့ထားရတာ”ဟု ၎င်းကဆက်ပြောသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားအား မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားရကြောင်း သိရသည်။

Zawgyi Version:
ဘုရားသုံးဆူၿမိဳ႕တြင္ ဆိုင္ကယ္ကယ္ရီသမား(၃)ဦးထက္မနည္း လုယက္သတ္ျဖတ္ခံခဲ့ရ
သန႔္ဇင္(NP News)-ဇူလိုင္ ၃
ျမန္မာ-ထိုင္းနယ္စပ္၊ ကရင္ျပည္နယ္၊ ဘုရားသုံးဆူၿမိဳ႕တြင္ ဆိုင္ကယ္ကယ္ရီသမား(၃)ဦးထက္မနည္း လုယက္သတ္ျဖတ္ခံခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ဆိုင္ကယ္ကယ္ရီသမားမ်ား လုယက္သတ္ျဖတ္ခံရမႈမ်ားသည္ ယခုေနာက္ပိုင္းကာလ၌ ဘုရားသုံးဆူၿမိဳ႕တြင္ မၾကာခဏျဖစ္ပြးလွ်က္ ရွိေၾကာင္း ေဒသခံမ်ားက ဆိုသည္။
“ဆိုင္ကယ္ကယ္ရီသမားေတြလုယယက္သတ္ျဖတ္ခံရတာ3ေယာက္ထက္မနည္းရွိေနၿပီ။ တရားဥပေဒစိုးမိုးေရးကေတာ့ ေမးခြန္းထုတ္ စရာကိုမလိုတာ။ ရွိကိုမရွိေတာ့တာ”ဟု ေဒသခံတစ္ဦးက NP Newsကိုေျပာသည္။
ၿပီးခဲ့သည့္ ဇြန္လ ၂၄ရက္၊ နံနက္ ၁၀နာရီဝန္းက်င္ကလည္း ဆိုင္ကယ္ကယ္ရီသမားတစ္ဦးကို လက္နက္ကိုင္အဖြဲ႕ဝင္တစ္ဦးက လည္ပင္း ဓားျဖင့္လွီးကာ လုယက္ခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“လည္ပင္းလွီးၿပီးဆိုင္ကယ္လုတဲ့ျဖစ္စဥ္တစ္ခုျဖစ္ခဲ့တယ္ ကံေကာင္းလို႔အလုခံရတဲ့ေကာင္ေလးကမေသဘူး။ ျဖစ္တာက အမွတ္ (၂) ရပ္ကြက္ ဥေဒါင္းကန္ အေနာက္ဘက္ မွာျဖစ္တာ”ဟု ေဒသခံတစ္ဦးက ဆိုသည္။
အဆိုပါျဖစ္စဥ္ႏွင့္အပတ္သက္၍ ေဒသခံမ်ား၏ေျပာျပခ်က္အရ လုယက္မႈက်ဴးလြန္သူမွာ DKBAအဖြဲ႕ဝင္တစ္ဦးျဖစ္ၿပီး လက္ရွိတြင္ ထြက္ေျပးလႊတ္ေျမာက္ေနဆဲျဖစ္ေၾကာင္း သိရသည္။
“DKBA ကခုထိမမိေသးဘူးလို႔ဆိုတယ္။ ၿမိဳ႕က်ဥ္းေလးမွာ တကယ္ဖမ္းရင္မမိ စရာမရွိဘူး။ အဖြဲ႕ကလုပ္တာလူေတြလက္ေတြ႕သိကုန္ေတာ့ ေရွာင္ခိုင္းလိုက္တာေနမယ္ ေဆးေၾကာင္ေနတယ္လို႔လဲသတင္းလႊင့္တယ္ ေဆးေၾကာင္ေနတဲ့ေကာင္ကိုေသနတ္ပါေပးထားစရာလား။ ျဖစ္မွေဆးေၾကာင္ေနတယ္ထလုပ္တာ။ အရင္ႏွစ္ကလူသတ္ဆိုင္ကယ္လုတာလဲသူတို႔ေတြပဲ ခုသတင္းလဲလိုင္းေပၚမေရာက္ဘူး။ ဖုံးထားၾကတယ္ အလုခံရတဲ့ေကာင္ေလးကဆိုင္ကယ္ ကယ္ရီဆြဲတာ။ ဆိုင္ကယ္ငွားၿပီးလုတာ ေကာင္ေလးကခုခံၿပီးထြက္ ေျပးလာလို႔ လြတ္တာ။ ခံရတဲ့ေကာင္ေလးကဆင္းရဲတယ္ မိန္းမကလဲကိုယ္ဝန္နဲ႔ မိသားစုေတြမရွိၾကဘူး ေလာေလာဆယ္ ဆိုယ္ကယ္ကယ္ရီ သမားေတြကအလႉခံၿပီးေဆး႐ုံပို႔ထားရတာ”ဟု ၎ကဆက္ေျပာသည္။
လက္ရွိတြင္ ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသားအား ေမာ္လၿမိဳင္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးထားရေၾကာင္း သိရသည္။