မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဥ်း၍ မီဒီယာများသို့ ရှင်းလင်းပြသ

284

သန့်ဇင် / Pearl (NP News) - ဇူလိုင် ၄
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီတို့ပူးပေါင်းကာ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဥ်း၍ မီဒီယာများသို့ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ မဲပေးခြင်းကို ယနေ့ (ဇူလိုင်လ ၄ရက်) က ရန်ကုန်တိုင်းဒေသကြီး ၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (ရွှေဥဒေါင်းခန်းမ) ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) အဖွဲ့ဝင် ဦးအောင်လွင်ဦးက မြန်မာအီလက်ထရောနစ်မဲပေးစက် အကြောင်း ရှင်းလင်းပြောကြားပြီး UEC မှ ဒုညွှန်ကြားရေးမှုးချုပ် ဦးညီညီလွင်က မဲပေးစက်ကို သရုပ်ပြရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကို အသုံးပြုခြင်းဖြင့် ပယ်မဲရှိမည်မဟုတ်ကြောင်းနှင့် အချိန်တိုအတွင်းမဲရလဒ်များ ရရှိနိုင်ကြောင်းလည်း သိရသည်။
“ ဥပမာ ပြည်သူ့ လွှတ်တော် မဲစရေမယ်။ ၄နာရီ ၅မိနစ်မှာ၄နာရီ ၅မိနစ် မဲရေရင် ၄စက္ကန့်မှာ ရလဒ်ထွက်ပါမယ်။ ဥပမာ ရန်ကုန် ပါတီ (၂၁)ပါတီ ရှိတယ်။ သူလည်း (၄) စက္ကန့်ပဲ ။ ကြိုက်သလောက် မဲပေးလိုက် (၂၀၀၀)ပဲ ပေးပေး၊ (၃၀၀၀) ပဲ ပေးပေး။ ၄စက္ကန့်ပါပဲ။ အဲဒီထက်လျော့ဖို့ပဲရှိတယ်။ အဲဒီတော့ တစ်ပါတီချင်းစီ တစ်ယောက်ချင်းစီ ရတဲ့မဲတွေကို ရေတွက်ပြီးသားဖြစ်ပါတယ်” ဟု ဦးညီညီလွင် က ပြောသည်။
ထို့ပြင် တိကျသော မဲရလဒ်များရရှိနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း ၊ ရွေးကောက်ပွဲ ရလဒ်များကို လျှင်မြန်စွာ ကြေညာနိုင်မည့်အပြင် ရွေးကောက်ပွဲများတွင် သာမက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၊ စည်ပင်သာယာရွေးကောက်ပွဲများတွင်ပါ အသုံးပြုနိုင်ပါသည်။
လာမည့်ရွေးကောက်ပွဲတွင် မဲပေးရာတွင် အသုံးပြုမည့် မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) သည် မြန်မာနိုင်ငံ ရွေးကောက်ပွဲသမိုင်းတွင် ပထမဆုံးအသုံးပြုမည့် မဲပေးစက်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာအီလက္ထေရာနစ္မဲေပးစက္ႏွင့္ စပ္လ်ဥ္း၍ မီဒီယာမ်ားသို႔ ရွင္းလင္းျပသ
သန႔္ဇင္ / Pearl (NP News) - ဇူလိုင္ ၄
ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ႏွင့္ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီတို႔ပူးေပါင္းကာ ျမန္မာအီလက္ထေရာနစ္မဲေပးစက္ႏွင့္ စပ္လ်ဥ္း၍ မီဒီယာမ်ားသို႔ ရွင္းလင္းျပသျခင္းႏွင့္ လက္ေတြ႕သ႐ုပ္ျပ မဲေပးျခင္းကို ယေန႔ (ဇူလိုင္လ ၄ရက္) က ရန္ကုန္တိုင္းေဒသႀကီး ၊ သတင္းႏွင့္ စာနယ္ဇင္းလုပ္ငန္း (ေ႐ႊဥေဒါင္းခန္းမ) ၌ ျပဳလုပ္ခဲ့သည္။
အဆိုပါ အခမ္းအနားတြင္ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီဥကၠ႒ ေဒါက္တာတင္ထြန္းဦးက ႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ (UEC) အဖြဲ႕ဝင္ ဦးေအာင္လြင္ဦးက ျမန္မာအီလက္ထေရာနစ္မဲေပးစက္ အေၾကာင္း ရွင္းလင္းေျပာၾကားၿပီး UEC မွ ဒုၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးညီညီလြင္က မဲေပးစက္ကို သ႐ုပ္ျပရွင္းလင္းေျပာၾကားခဲ့သည္။
အဆိုပါ ျမန္မာအီလက္ထေရာနစ္မဲေပးစက္ (MEVM) ကို အသုံးျပဳျခင္းျဖင့္ ပယ္မဲရွိမည္မဟုတ္ေၾကာင္းႏွင့္ အခ်ိန္တိုအတြင္းမဲရလဒ္မ်ား ရရွိႏိုင္ေၾကာင္းလည္း သိရသည္။
“ ဥပမာ ျပည္သူ႔ လႊတ္ေတာ္ မဲစေရမယ္။ ၄နာရီ ၅မိနစ္မွာ၄နာရီ ၅မိနစ္ မဲေရရင္ ၄စကၠန႔္မွာ ရလဒ္ထြက္ပါမယ္။ ဥပမာ ရန္ကုန္ ပါတီ (၂၁)ပါတီ ရွိတယ္။ သူလည္း (၄) စကၠန႔္ပဲ ။ ႀကိဳက္သေလာက္ မဲေပးလိုက္ (၂၀၀၀)ပဲ ေပးေပး၊ (၃၀၀၀) ပဲ ေပးေပး။ ၄စကၠန႔္ပါပဲ။ အဲဒီထက္ေလ်ာ့ဖို႔ပဲရွိတယ္။ အဲဒီေတာ့ တစ္ပါတီခ်င္းစီ တစ္ေယာက္ခ်င္းစီ ရတဲ့မဲေတြကို ေရတြက္ၿပီးသားျဖစ္ပါတယ္” ဟု ဦးညီညီလြင္ က ေျပာသည္။
ထို႔ျပင္ တိက်ေသာ မဲရလဒ္မ်ားရရွိႏိုင္ျခင္း၊ ပြင့္လင္းျမင္သာမႈရွိျခင္း ၊ ေ႐ြးေကာက္ပြဲ ရလဒ္မ်ားကို လွ်င္ျမန္စြာ ေၾကညာႏိုင္မည့္အျပင္ ေ႐ြးေကာက္ပြဲမ်ားတြင္ သာမက ျပည္လုံးကြၽတ္ဆႏၵခံယူပြဲ၊ စည္ပင္သာယာေ႐ြးေကာက္ပြဲမ်ားတြင္ပါ အသုံးျပဳႏိုင္ပါသည္။
လာမည့္ေ႐ြးေကာက္ပြဲတြင္ မဲေပးရာတြင္ အသုံးျပဳမည့္ ျမန္မာ အီလက္ထေရာနစ္မဲေပးစက္ (MEVM) သည္ ျမန္မာႏိုင္ငံ ေ႐ြးေကာက္ပြဲသမိုင္းတြင္ ပထမဆုံးအသုံးျပဳမည့္ မဲေပးစက္ျဖစ္ေၾကာင္း သိရသည္။