ဖားဆောင်းတွင် ပျက်ကျခဲ့သည့် တိုက်လေယာဉ်ကို KNDF အဖွဲ့ကပစ်ချခဲ့ခြင်း လုံးဝမဟုတ်

 2562

Pearl (NP News)-ဇူလိုင် ၅
ကယားပြည်နယ် ဖားဆောင်းမြို့နယ်တွင် ပျက်ကျခဲ့သော တပ်မတော် (လေ) မှ တိုက် လေယာဉ်သည် KNDF အဖွဲ့က ပစ်ချခဲ့ခြင်းလုံးဝ (လုံးဝ) မဖြစ်နိုင်ကြောင်း အငြိမ်းစား အရာရှိတစ်ဦးက NP News သို့ ပြောသည်။
တပ်မတော် (လေ) မှ တိုက်ခိုက်ရေး လေယာဉ်တစ်စင်းသည် ပြီးခဲ့သည့် ဇူလိုင်လ (၁) ရက်က ညအချိန် ခရီးဝေး လေ့ကျင့်ပျံသန်းစဉ် နေပြည်တော်၏ အရှေ့တောင်ဘက် (၁၃၀) ကီလို မီတာအကွာ၌ ရုတ်တရက် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်၍ ဆက်သွယ်မှုပြတ်တောက်သွားခဲ့ကြောင်း တပ်မတော် (လေ) က သတင်းထုတ်ပြန်ခဲ့သည်။
စစ်ဆေးချက်အရ စက်ချွတ်ယွင်းမှု (သို့မဟုတ်) ရုတ်တရက် ရာသီဥတုဆိုးရွားမှုများကြောင့် ဖြစ်နိုင်ကြောင်းနှင့် ရာသီဥတုဆိုးရွားလျက်ရှိနေသော်လည်း ဆက်သွယ်မှု ပြတ်တောက်ရာ နေရာတစ်ဝိုက် သို့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်ဆောင် ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာမှ စီမံဆောင်ရွက် နေကြောင်းလည်း သတင်းထုတ်ပြန် ခဲ့သည်။
ထို့နောက် ဇူလိုင်လ (၃) ရက်က တိုက်လေယာဉ်ဟုယူဆရသော လေယာဉ်အပျက်အစီး အပိုင်းအစများပါဝင် သည့် ဓာတ်ပုံအချို့နှင့် Video ဖိုင်တစ်ခုကို Maui Karenni အမည်ရှိဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်၊ KNDF အဖွဲ့၏ ဦးဆောင်သူဖြစ် သည့် မာဝီဆိုသူက ၎င်းတို့အဖွဲ့က ပစ်ချခဲ့သယောင် ရေးသားဖြန့်ဝေထားသည်ကိုတွေ့ရသည့်အပြင် KNDF ကိုယ်တိုင်ကလည်း အသိပေး ထုတ်ပြန်ခဲ့သည်။ ပျက်ကျခဲ့သည့် လေယာဉ်သည် FTC 2000G အမျိုးအစား ဂျက်ဖိုက်တာဖြစ်ပြီး KNDF အဖွဲ့က ပစ်ချခဲ့ခြင်းမဟုတ်ဘဲ ရာသီဥတုဆိုးရွားမှု (သို့မဟုတ်) စက်ချွတ်ယွင်းမှုကြောင့်သာ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်(လေ)တွင် တာဝန်ထမ်း ဆောင်ခဲ့ဖူးသူ အမှုထမ်းတစ်ဦးက ပြောသည်။
“FTC 2000G က တရုတ်လေယာဉ်လေ။ ပထမတစ်စင်းတုန်းကလည်း ပျက်ကျတာလေ။ ပစ်ချ တာမဟုတ်ဘူး။ အခုလည်း Night Fly ပျံရင်း ပျက် ကျတာ။ FTC 2000G က Night Fly မှာ အားနည်းတဲ့ သဘောတော့တွေ့ရတယ်။ အခုက ပစ်ချတာ လုံးဝ (လုံးဝ) မဟုတ်ဘူး။ သူ့ကို ပစ်တာ ညဘက်ဆို ပိုတောင် ဆိုးတာပေါ့။ ရမ်းသမ်း ပစ်ရမှာလေ။ ပစ်ချတာလည်း မဟုတ်ဘူး။ ဟိုကောင်တွေ ပစ်ချတယ်ပြောတော့ သိတဲ့လူတွေက မဟုတ်မှန်းသိတယ်” ဟု ယင်းက ဆိုသည်။ အလားတူ ပြီးခဲ့သည့် ဇွန်လ (၁၀) ရက်ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း တပ်မတော် (လေ) မှ တရုတ်နိုင်ငံထုတ် F – 7 လေယာဉ်တစ်စင်းပျက်ကျခဲ့ပြီး PLA အဖွဲ့က ပစ်ချခဲ့သယောင် ရေးသားဖြန့်ဝေခဲ့ကြဖူးသည်။

Zawgyi Version:
ဖားေဆာင္းတြင္ ပ်က္က်ခဲ့သည့္ တိုက္ေလယာဥ္ကို KNDF အဖြဲ႕က ပစ္ခ်ခဲ့ျခင္း လုံးဝမဟုတ္
Pearl (NP News)-ဇူလိုင္ ၅
ကယားျပည္နယ္ ဖားေဆာင္းၿမိဳ႕နယ္တြင္ ပ်က္က်ခဲ့ေသာ တပ္မေတာ္ (ေလ) မွ တိုက္ ေလယာဥ္သည္ KNDF အဖြဲ႕က ပစ္ခ်ခဲ့ျခင္းလုံးဝ (လုံးဝ) မျဖစ္ႏိုင္ေၾကာင္း အၿငိမ္းစား အရာရွိတစ္ဦးက NP News သို႔ ေျပာသည္။
တပ္မေတာ္ (ေလ) မွ တိုက္ခိုက္ေရး ေလယာဥ္တစ္စင္းသည္ ၿပီးခဲ့သည့္ ဇူလိုင္လ (၁) ရက္က ညအခ်ိန္ ခရီးေဝး ေလ့က်င့္ပ်ံသန္းစဥ္ ေနျပည္ေတာ္၏ အေရွ႕ေတာင္ဘက္ (၁၃၀) ကီလို မီတာအကြာ၌ ႐ုတ္တရက္ ေရဒါျမင္ကြင္းမွ ေပ်ာက္ကြယ္၍ ဆက္သြယ္မႈျပတ္ေတာက္သြားခဲ့ေၾကာင္း တပ္မေတာ္ (ေလ) က သတင္းထုတ္ျပန္ခဲ့သည္။
စစ္ေဆးခ်က္အရ စက္ခြၽတ္ယြင္းမႈ (သို႔မဟုတ္) ႐ုတ္တရက္ ရာသီဥတုဆိုး႐ြားမႈမ်ားေၾကာင့္ ျဖစ္ႏိုင္ေၾကာင္းႏွင့္ ရာသီဥတုဆိုး႐ြားလ်က္ရွိေနေသာ္လည္း ဆက္သြယ္မႈ ျပတ္ေတာက္ရာ ေနရာတစ္ဝိုက္ သို႔ ရွာေဖြကယ္ဆယ္ေရး အဖြဲ႕မ်ား ေစလႊတ္ေဆာင္ ႐ြက္ႏိုင္ေရးအတြက္ သက္ဆိုင္ရာမွ စီမံေဆာင္႐ြက္ ေနေၾကာင္းလည္း သတင္းထုတ္ျပန္ ခဲ့သည္။
ထို႔ေနာက္ ဇူလိုင္လ (၃) ရက္က တိုက္ေလယာဥ္ဟုယူဆရေသာ ေလယာဥ္အပ်က္အစီး အပိုင္းအစမ်ားပါဝင္ သည့္ ဓာတ္ပုံအခ်ိဳ႕ႏွင့္ Video ဖိုင္တစ္ခုကို Maui Karenni အမည္ရွိေဖ့စ္ဘြတ္ခ္ အေကာင့္ပိုင္ရွင္၊ KNDF အဖြဲ႕၏ ဦးေဆာင္သူျဖစ္ သည့္ မာဝီဆိုသူက ၎တို႔အဖြဲ႕က ပစ္ခ်ခဲ့သေယာင္ ေရးသားျဖန႔္ေဝထားသည္ကိုေတြ႕ရသည့္အျပင္ KNDF ကိုယ္တိုင္ကလည္း အသိေပး ထုတ္ျပန္ခဲ့သည္။ ပ်က္က်ခဲ့သည့္ ေလယာဥ္သည္ FTC 2000G အမ်ိဳးအစား ဂ်က္ဖိုက္တာျဖစ္ၿပီး KNDF အဖြဲ႕က ပစ္ခ်ခဲ့ျခင္းမဟုတ္ဘဲ ရာသီဥတုဆိုး႐ြားမႈ (သို႔မဟုတ္) စက္ခြၽတ္ယြင္းမႈေၾကာင့္သာ ပ်က္က်ခဲ့ျခင္း ျဖစ္ေၾကာင္း တပ္မေတာ္(ေလ)တြင္ တာဝန္ထမ္း ေဆာင္ခဲ့ဖူးသူ အမႈထမ္းတစ္ဦးက ေျပာသည္။
“FTC 2000G က တ႐ုတ္ေလယာဥ္ေလ။ ပထမတစ္စင္းတုန္းကလည္း ပ်က္က်တာေလ။ ပစ္ခ် တာမဟုတ္ဘူး။ အခုလည္း Night Fly ပ်ံရင္း ပ်က္ က်တာ။ FTC 2000G က Night Fly မွာ အားနည္းတဲ့ သေဘာေတာ့ေတြ႕ရတယ္။ အခုက ပစ္ခ်တာ လုံးဝ (လုံးဝ) မဟုတ္ဘူး။ သူ႔ကို ပစ္တာ ညဘက္ဆို ပိုေတာင္ ဆိုးတာေပါ့။ ရမ္းသမ္း ပစ္ရမွာေလ။ ပစ္ခ်တာလည္း မဟုတ္ဘူး။ ဟိုေကာင္ေတြ ပစ္ခ်တယ္ေျပာေတာ့ သိတဲ့လူေတြက မဟုတ္မွန္းသိတယ္” ဟု ယင္းက ဆိုသည္။ အလားတူ ၿပီးခဲ့သည့္ ဇြန္လ (၁၀) ရက္ကလည္း စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္အတြင္း တပ္မေတာ္ (ေလ) မွ တ႐ုတ္ႏိုင္ငံထုတ္ F – 7 ေလယာဥ္တစ္စင္းပ်က္က်ခဲ့ၿပီး PLA အဖြဲ႕က ပစ္ခ်ခဲ့သေယာင္ ေရးသားျဖန႔္ေဝခဲ့ၾကဖူးသည္။

Picture

Aung Aung

06/07/2025 14:14

ဝဋ်ကြွေးဆိုတာ သံသရာပါ ☝️

Related news

© 2021. All rights reserved.