တိကျမှုမရှိသောအချက်အလက်များကြောင့် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ နာမည်ဖျက်ခံနေရဟုဆို

 1859

သက်ပိုင်(NP News)-ဇူလိုင် ၅
တိကျခိုင်မာမှုမရှိသော အချက်အလက်များဖြင့် သုံးသပ်ထားသည့် သုံးသပ်ချက်များကြောင့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် နာမည်ဖျက် ခံနေရကြောင်း သေင်္ဂနမဟာဗျူဟာ လေ့လာရေး အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက NP News သို့ပြောသည်။
(၂၀၂၄) ခုနှစ်အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွင်ပါရှိသော အချက်များနှင့်ပတ်သက်၍ ၎င်းကထိုသို့ပြောဆို လိုက်ခြင်း ဖြစ်သည်။
“နိုင်ငံတိုင်းမှာက သူ့ပြဿနာနဲ့သူရှိကြတယ်။ ဒါကိုလည်း သူ့ဟာနဲ့ ဖြေရှင်းနေကြတယ်။ ဒါကိုမှ အခြေအနေပေါ်မူ တည်ပြီးတော့ ဖြေရှင်းပုံ ကတော့အမျိုးမျိုးရှိနိုင်တာပေါ့။ ဒါကို တိကျတဲ့ အချက်လက်တွေနဲ့ သုံးသပ်တယ်ဆိုရင် အဖြေက တစ်မျိုးထွက်မယ်။ ဒါမှမဟုတ်ဘဲ ရှိသမျှအချက် တွေကိုမစိစစ်ပဲ ရောပြွန်းပြီးသုံးသပ်တာမျိုးကတော့ ကမ္ဘာ့အလယ်မှာ နိုင်ငံကို အပုပ်ချသလိုမျိုး၊ ဒါမှမဟုတ် သိက္ခာချတာမျိုးဖြစ်တာပေါ့။ အဓိကကတော့ မတိကျမသေချာတဲ့ သတင်းအချက်အလက် တွေကြောင့် ကမ္ဘာ့အလယ်မှာ နာမည်ပျက်ရတာပေါ့ ဗျာ”ဟု ဦးသိန်းထွန်းဦးက ရှင်းပြသည်။
ထိုသို့ မခိုင်လုံသည့် အချက်အလက် များဖြင့် မမှန်ကန်သည့် စွပ်စွဲမှုများ ပြုလုပ်ခြင်းကြောင့် ကမ္ဘာ့ရေးရာကိစ္စရပ်များတွင် ရှုပ်ထွေးခက်ခဲမှုများ ပိုဖြစ်လာနိုင်ကြောင်းနှင့် ယခုကဲ့သို့ လက်လှမ်းမီရာ အချက်အလက်များဖြင့်သာ လုပ်ဆောင်နေခြင်း ကြောင့် ကုလသမဂ္ဂ၏ ဦးဆောင်နိုင်စွမ်းအပေါ် အ လေးထားမှုများ လျော့ပါးလာနိုင်ကြောင်း ၎က ထောက်ပြပြောဆိုသည်။
“ကမ္ဘာကြီးမှာ ဒီလောက် သတင်းအချက် အလက်တွေ မြန်မြန်ဆန်ဆန်စီးဆင်းနေချိန်မှာ ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုး က သတင်းအချက် အလက်တွေကို သေချာမစိစစ်ဘဲ လက်လှမ်းမီရာ အချက်အလက်တွေလောက်နဲ့ ထုတ်ပြန်ချက်တစ် ခုကို လွယ်လွယ်ကူကူနဲ့ ထုတ်နေသရွှေ့တော့မ ကောင်းဘူးပေါ့ဗျာ။ ပြောရရင် ကြီးကြီးကျယ်ကျယ်တွေ ပြောပြီးတော့ ခေါင်းစဉ်အမျိုး မျိုး အောက်ကနေ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေဟာ လွယ်လွယ် ကူ ကူရော ယုံရပါမလားဆိုတာတွေ ဖြစ်စေတာပေါ့။ ဒီလိုမျိုးပဲ သွားနေရင် နောင်မှာ ဒီအဖွဲ့အစည်းကြီးကို လိုပါဦးမလားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာမှာပေါ့”ဟု ဦးသိန်းထွန်းဦးက သုံးသပ်ပြောဆိုသည်။
(၂၀၂၄)ခုနှစ်အတွက် ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွင်ပါရှိသော အခြေအမြစ်မရှိသည့် စွပ်စွဲချက်များနှင့် မြေပြင်အခြေအနေ မှန်များကို ထင်ဟပ်မှုမရှိသည့် မှားယွင်း သော ကိန်းဂဏန်းအရေအတွက် ဖော်ပြချက်ကို ကန့်ကွက်ပယ်ချကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန် ထားသည်။
မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များ နှင့်ပတ်သက်၍ နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ ဆောင်ရွက်လျက်ရှိ သော်လည်း ကုလသမဂ္ဂ၏ ယခု နှစ်အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ စွပ်စွဲချက်များသည် စနစ်တကျစိစစ်ထားခြင်း မရှိ သည့် ကိန်းဂဏန်းအချက်အလက်များ လွဲမှားစွာ ဖော်ပြထားကြောင်းနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ အထူးကိုယ်စားလှယ်၏ မေတ္တာ ရပ်ခံချက်အရ မြန်မာနိုင်ငံက တရားဝင်ပေးပို့ထားသည့် သက်သေ အထောက်အထား အချက်အလက်အမှန်များနှင့် တိုက်ဆိုင် စစ်ဆေး အတည်ပြုထားခြင်းမျိုးလည်းမရှိ ကြောင်း သိရသည်။
ကုလသမဂ္ဂအနေဖြင့် တစ်နိုင်ငံတည်း အပေါ်ပစ်မှတ်ထားသည့် ဘက်လိုက်သော အစီရင်ခံစာများပြုစုခြင်းနှင့် နိုင်ငံရေး အရ ဖိအားပေးမှုများ ပြုလုပ်နေခြင်းသည် အဖွဲ့ဝင်နိုင်ငံကို ကူညီရာမ ရောက်ဘဲ ကုလသမဂ္ဂ၏ သမာသမတ်ကျမှုနှင့် အချက်အလက်စုဆောင်းသည့်ပုံစံ (ာနအ့သိသူသါပ) အပေါ်မေးခွန်းထုတ်စရာဖြစ်ကြောင်း တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အတွက် အစီရင်ခံစာတွင်ပါဝင်သည့် အခြေအမြစ်မရှိသော စွပ်စွဲချက်များနှင့် မြေပြင်အခြေအနေမှန်များကို ထင်ဟပ်မှုမရှိသည့် မှားယွင်းသော ကိန်းဂဏန်းအရေအတွက် ဖော်ပြချက်ကို ကန့်ကွက် ပယ်ချကြောင်းနှင့် မြန်မာနိုင်ငံသည် ကလေးသူငယ်များ၏ လုံခြုံရေးနှင့် အခွင့်အရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကုလသမဂ္ဂအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအပေါ် အပြု သဘောဆောင်သော ချဉ်းကပ်မှုဖြင့် မျှတမှုရှိပြီး ယုံကြည်လက်ခံနိုင်သော အစီရင်ခံစာများကို ထုတ် ပြန်ရန် ပြင်းထန်စွာတောင်းဆိုကြောင်း ထုတ်ပြန် ထားသည်။

Zawgyi Version:
တိက်မႈမရွိေသာအခ်က္အလက္မ်ားေၾကာင့္ ကမာၻ႔အလယ္တြင္ ျမန္မာႏိုင္ငံ နာမည္ဖ်က္ခံေနရဟုဆို
သက္ပိုင္(NP News)-ဇူလိုင္ ၅
တိက်ခိုင္မာမႈမရွိေသာ အခ်က္အလက္မ်ားျဖင့္ သုံးသပ္ထားသည့္ သုံးသပ္ခ်က္မ်ားေၾကာင့္ ျမန္မာႏိုင္ငံအေနျဖင့္ ကမာၻ႔အလယ္တြင္ နာမည္ဖ်က္ ခံေနရေၾကာင္း ေသဂၤနမဟာဗ်ဴဟာ ေလ့လာေရး အဖြဲ႕၏ အမႈေဆာင္ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက NP News သို႔ေျပာသည္။
(၂၀၂၄) ခုႏွစ္အတြက္ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္၏ ကေလးသူငယ္မ်ားႏွင့္ လက္နက္ကိုင္ ပဋိပကၡဆိုင္ရာ အစီရင္ခံစာတြင္ပါရွိေသာ အခ်က္မ်ားႏွင့္ပတ္သက္၍ ၎ကထိုသို႔ေျပာဆို လိုက္ျခင္း ျဖစ္သည္။
“ႏိုင္ငံတိုင္းမွာက သူ႔ျပႆနာနဲ႔သူရွိၾကတယ္။ ဒါကိုလည္း သူ႔ဟာနဲ႔ ေျဖရွင္းေနၾကတယ္။ ဒါကိုမွ အေျခအေနေပၚမူ တည္ၿပီးေတာ့ ေျဖရွင္းပုံ ကေတာ့အမ်ိဳးမ်ိဳးရွိႏိုင္တာေပါ့။ ဒါကို တိက်တဲ့ အခ်က္လက္ေတြနဲ႔ သုံးသပ္တယ္ဆိုရင္ အေျဖက တစ္မ်ိဳးထြက္မယ္။ ဒါမွမဟုတ္ဘဲ ရွိသမွ်အခ်က္ ေတြကိုမစိစစ္ပဲ ေရာႁပြန္းၿပီးသုံးသပ္တာမ်ိဳးကေတာ့ ကမာၻ႔အလယ္မွာ ႏိုင္ငံကို အပုပ္ခ်သလိုမ်ိဳး၊ ဒါမွမဟုတ္ သိကၡာခ်တာမ်ိဳးျဖစ္တာေပါ့။ အဓိကကေတာ့ မတိက်မေသခ်ာတဲ့ သတင္းအခ်က္အလက္ ေတြေၾကာင့္ ကမာၻ႔အလယ္မွာ နာမည္ပ်က္ရတာေပါ့ ဗ်ာ”ဟု ဦးသိန္းထြန္းဦးက ရွင္းျပသည္။
ထိုသို႔ မခိုင္လုံသည့္ အခ်က္အလက္ မ်ားျဖင့္ မမွန္ကန္သည့္ စြပ္စြဲမႈမ်ား ျပဳလုပ္ျခင္းေၾကာင့္ ကမာၻ႔ေရးရာကိစၥရပ္မ်ားတြင္ ရႈပ္ေထြးခက္ခဲမႈမ်ား ပိုျဖစ္လာႏိုင္ေၾကာင္းႏွင့္ ယခုကဲ့သို႔ လက္လွမ္းမီရာ အခ်က္အလက္မ်ားျဖင့္သာ လုပ္ေဆာင္ေနျခင္း ေၾကာင့္ ကုလသမဂၢ၏ ဦးေဆာင္ႏိုင္စြမ္းအေပၚ အ ေလးထားမႈမ်ား ေလ်ာ့ပါးလာႏိုင္ေၾကာင္း ၎က ေထာက္ျပေျပာဆိုသည္။
“ကမာၻႀကီးမွာ ဒီေလာက္ သတင္းအခ်က္ အလက္ေတြ ျမန္ျမန္ဆန္ဆန္စီးဆင္းေနခ်ိန္မွာ ကုလသမဂၢလို အဖြဲ႕အစည္းမ်ိဳး က သတင္းအခ်က္ အလက္ေတြကို ေသခ်ာမစိစစ္ဘဲ လက္လွမ္းမီရာ အခ်က္အလက္ေတြေလာက္နဲ႔ ထုတ္ျပန္ခ်က္တစ္ ခုကို လြယ္လြယ္ကူကူနဲ႔ ထုတ္ေနသေ႐ႊ႕ေတာ့မ ေကာင္းဘူးေပါ့ဗ်ာ။ ေျပာရရင္ ႀကီးႀကီးက်ယ္က်ယ္ေတြ ေျပာၿပီးေတာ့ ေခါင္းစဥ္အမ်ိဳး မ်ိဳး ေအာက္ကေန ထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္ေတြဟာ လြယ္လြယ္ ကူ ကူေရာ ယုံရပါမလားဆိုတာေတြ ျဖစ္ေစတာေပါ့။ ဒီလိုမ်ိဳးပဲ သြားေနရင္ ေနာင္မွာ ဒီအဖြဲ႕အစည္းႀကီးကို လိုပါဦးမလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္လာမွာေပါ့”ဟု ဦးသိန္းထြန္းဦးက သုံးသပ္ေျပာဆိုသည္။
(၂၀၂၄)ခုႏွစ္အတြက္ ကုလသမဂၢအတြင္း ေရးမႉးခ်ဳပ္၏ ကေလးသူငယ္မ်ားႏွင့္ လက္နက္ကိုင္ ပဋိပကၡဆိုင္ရာ အစီရင္ခံစာတြင္ပါရွိေသာ အေျခအျမစ္မရွိသည့္ စြပ္စြဲခ်က္မ်ားႏွင့္ ေျမျပင္အေျခအေန မွန္မ်ားကို ထင္ဟပ္မႈမရွိသည့္ မွားယြင္း ေသာ ကိန္းဂဏန္းအေရအတြက္ ေဖာ္ျပခ်က္ကို ကန႔္ကြက္ပယ္ခ်ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီက သတင္းထုတ္ျပန္ ထားသည္။
ျမန္မာႏိုင္ငံအေနျဖင့္ ကေလးသူငယ္မ်ား ႏွင့္ပတ္သက္၍ ႏိုင္ငံတကာစံခ်ိန္စံႏႈန္းမ်ားႏွင့္အညီ ေဆာင္႐ြက္လ်က္ရွိ ေသာ္လည္း ကုလသမဂၢ၏ ယခု ႏွစ္အစီရင္ခံစာတြင္ ျမန္မာႏိုင္ငံႏွင့္ပတ္သက္၍ ကေလးသူငယ္မ်ားႏွင့္ လက္နက္ကိုင္ပဋိပကၡ ဆိုင္ရာ စြပ္စြဲခ်က္မ်ားသည္ စနစ္တက်စိစစ္ထားျခင္း မရွိ သည့္ ကိန္းဂဏန္းအခ်က္အလက္မ်ား လြဲမွားစြာ ေဖာ္ျပထားေၾကာင္းႏွင့္ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္၏ ကေလးသူငယ္မ်ားႏွင့္ လက္နက္ကိုင္ပဋိပကၡ ဆိုင္ရာ အထူးကိုယ္စားလွယ္၏ ေမတၱာ ရပ္ခံခ်က္အရ ျမန္မာႏိုင္ငံက တရားဝင္ေပးပို႔ထားသည့္ သက္ေသ အေထာက္အထား အခ်က္အလက္အမွန္မ်ားႏွင့္ တိုက္ဆိုင္ စစ္ေဆး အတည္ျပဳထားျခင္းမ်ိဳးလည္းမရွိ ေၾကာင္း သိရသည္။
ကုလသမဂၢအေနျဖင့္ တစ္ႏိုင္ငံတည္း အေပၚပစ္မွတ္ထားသည့္ ဘက္လိုက္ေသာ အစီရင္ခံစာမ်ားျပဳစုျခင္းႏွင့္ ႏိုင္ငံေရး အရ ဖိအားေပးမႈမ်ား ျပဳလုပ္ေနျခင္းသည္ အဖြဲ႕ဝင္ႏိုင္ငံကို ကူညီရာမ ေရာက္ဘဲ ကုလသမဂၢ၏ သမာသမတ္က်မႈႏွင့္ အခ်က္အလက္စုေဆာင္းသည့္ပုံစံ (ာနအ့သိသူသါပ) အေပၚေမးခြန္းထုတ္စရာျဖစ္ေၾကာင္း ေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
ထို႔အတြက္ အစီရင္ခံစာတြင္ပါဝင္သည့္ အေျခအျမစ္မရွိေသာ စြပ္စြဲခ်က္မ်ားႏွင့္ ေျမျပင္အေျခအေနမွန္မ်ားကို ထင္ဟပ္မႈမရွိသည့္ မွားယြင္းေသာ ကိန္းဂဏန္းအေရအတြက္ ေဖာ္ျပခ်က္ကို ကန႔္ကြက္ ပယ္ခ်ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံသည္ ကေလးသူငယ္မ်ား၏ လုံၿခဳံေရးႏွင့္ အခြင့္အေရးအတြက္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ကုလသမဂၢအေနျဖင့္ အဖြဲ႕ဝင္ႏိုင္ငံမ်ားအေပၚ အျပဳ သေဘာေဆာင္ေသာ ခ်ဥ္းကပ္မႈျဖင့္ မွ်တမႈရွိၿပီး ယုံၾကည္လက္ခံႏိုင္ေသာ အစီရင္ခံစာမ်ားကို ထုတ္ ျပန္ရန္ ျပင္းထန္စြာေတာင္းဆိုေၾကာင္း ထုတ္ျပန္ ထားသည္။

Related news

© 2021. All rights reserved.