ဖားကန့်တွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရ

485

Pearl (NP News) - ဇူလိုင် ၁၀
ဖားကန့်တွင် KIA နှင့် PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် (၁)ဦးသေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၈ ရက် ည ၉ နာရီ ၅၅ မိနစ်တွင် ကချင်ပြည်နယ် ဖားကန့်မြို့ငှက်ပျောတောရပ်ကွက်သို့ KIA နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ရာ အဆိုပါရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရုံးဝင်းအတွင်းရှိ သွပ်မိုး/ပျဉ်ကာ ၆ ခန်းတွဲ နေအိမ်လိုင်းခန်းပေါ်သို့ လက်နက်ကြီးဗုံးသီး တစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ်လိုင်းခန်းအတွင်း နေထိုင်သော ဒေါ်မေရီဇင်အောင် (၃၄) နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါရုံးမှ ယာဉ်မောင်းဖြစ်သူ ဦးသန်းထိုက်စိုး (၃၃) နှစ် နှင့် ဒေါ်အေးအေးခိုင် (၄၇) နှစ်၊ ဒေါ်နွဲ့ကြည်(၆၂)နှစ်တို့ သုံးဦးတွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာ များအသီးသီးရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထု နှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ဖားကန႔္တြင္ KIA ႏွင့္ PDF ပူးေပါင္းအဖြဲ႕က လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ (၁)ဦးေသဆုံးကာ (၃)ဦး ဒဏ္ရာရ
Pearl (NP News) - ဇူလိုင္ ၁၀
ဖားကန႔္တြင္ KIA ႏွင့္ PDF ပူးေပါင္းအဖြဲ႕က လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ (၁)ဦးေသဆုံးကာ (၃)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္ ၈ ရက္ ည ၉ နာရီ ၅၅ မိနစ္တြင္ ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕ငွက္ေပ်ာေတာရပ္ကြက္သို႔ KIA ႏွင့္ PDF အၾကမ္းဖက္သမားမ်ားပူးေပါင္းအဖြဲ႕က လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ပစ္ခတ္ရာ အဆိုပါရပ္ကြက္ရွိ ၿမိဳ႕နယ္စည္ပင္သာယာ႐ုံးဝင္းအတြင္းရွိ သြပ္မိုး/ပ်ဥ္ကာ ၆ ခန္းတြဲ ေနအိမ္လိုင္းခန္းေပၚသို႔ လက္နက္ႀကီးဗုံးသီး တစ္လုံးက်ေရာက္ေပါက္ကြဲခဲ့မႈေၾကာင့္ ေနအိမ္လိုင္းခန္းအတြင္း ေနထိုင္ေသာ ေဒၚေမရီဇင္ေအာင္ (၃၄) ႏွစ္တြင္ ဗုံးသီးေပါက္ကြဲစ ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ အဆိုပါ႐ုံးမွ ယာဥ္ေမာင္းျဖစ္သူ ဦးသန္းထိုက္စိုး (၃၃) ႏွစ္ ႏွင့္ ေဒၚေအးေအးခိုင္ (၄၇) ႏွစ္၊ ေဒၚႏြဲ႕ၾကည္(၆၂)ႏွစ္တို႔ သုံးဦးတြင္ ဗုံးသီးေပါက္ကြဲစထိမွန္ဒဏ္ရာ မ်ားအသီးသီးရရွိခဲ့၍ ေသဆုံး/ဒဏ္ရာရရွိသူမ်ားအား ဖားကန႔္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာ လုံၿခဳံေရးလုပ္ငန္းမ်ားကို ျပည္သူလူထု ႏွင့္ပူးေပါင္းကာ တိုးျမႇင့္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။