ဖလမ်းတွင် PDF(၃)ဦး သယ်ဆောင်လာသော မူးယစ်ဆေးဝါးအများအပြားကို CDF က ဖမ်းမိ

874

သန့်ဇင် (NP News) - ဇူလိုင် ၁ဝ
ချမ်းပြည်နယ်နယ်၊ ဖလမ်းမြို့နယ်တွင် ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူးထောက်ခံစာဖြင့် PDF(၃)ဦး သယ်ဆောင်လာသော မူးယစ်ဆေးဝါးအများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း Chinland Defense Force – Hakha (CDF-ဟားခါး) အဖွဲ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည် ဇူလိုင်လ ၈ ရက်က ဖလမ်းမြို့နယ်၊ ဗားရ်တံတားအနီးတွင် အဆိုပါမူးယစ်ဆေးဝါးများ သယ်ဆောင် လာသော PDF အဖွဲ့ဝင်(၃)ဦး အပါအဝင် ကားသမား နှင့် ယာဉ်နောက်လိုက်တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော PDF အဖွဲ့ဝင်(၃)ဦးမှာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တပ်ရင်း-၁၄နှင့် ပခုက္ကူခရိုင်အမှတ် (၁) စစ်ဒေသ တပ်ရင်း(၁၀)က ဖြစ်ပြီး ယင်းမာပင်ခရိုင်အမှတ်(၁၅)တပ်ရင်းမှူ၏ ထောက်ခံစာ ဖြင့် စိတ်ကြံရူးသွပ်ဆေးပြား(၃)သန်းခန့် နှင့် ဘိန်းဖြူ(၁၁၀)ကီလိုဂရမ်ကို သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့နှင့်အတူ မောင်းပြန်သေနတ်(၂)လက်၊ Mini Starlink(၂)တို့ကို ဖမ်းဆီးရမိခဲ့ကြောင်းလည်း CDF-ဟားခါးက ထုတ်ပြန်ထားသည်။
ယင်းနောက် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို ယမန်နေ့(ဇူလိုင်လ ၉ ရက်) က မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးရမိ ထားသော PDF(၃)ဦး အပါအဝင် (၅)ဦးကို အရေးယူထားကြောင်းလည်း CDF-ဟားခါးက ထုတ်ပြန်ထားသည်။

Zawgyi Version:
ဖလမ္းတြင္ PDF(၃)ဦး သယ္ေဆာင္လာေသာ မူးယစ္ေဆးဝါးအမ်ားအျပားကို CDF က ဖမ္းမိ
သန႔္ဇင္ (NP News) - ဇူလိုင္ ၁ဝ
ခ်မ္းျပည္နယ္နယ္၊ ဖလမ္းၿမိဳ႕နယ္တြင္ ယင္းမာပင္ခ႐ိုင္အမွတ္(၁၅)တပ္ရင္းမႉးေထာက္ခံစာျဖင့္ PDF(၃)ဦး သယ္ေဆာင္လာေသာ မူးယစ္ေဆးဝါးအမ်ားအျပားကို ဖမ္းဆီးရမိခဲ့ေၾကာင္း Chinland Defense Force – Hakha (CDF-ဟားခါး) အဖြဲ႕က ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည္ ဇူလိုင္လ ၈ ရက္က ဖလမ္းၿမိဳ႕နယ္၊ ဗားရ္တံတားအနီးတြင္ အဆိုပါမူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ လာေသာ PDF အဖြဲ႕ဝင္(၃)ဦး အပါအဝင္ ကားသမား ႏွင့္ ယာဥ္ေနာက္လိုက္တို႔ကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္လာေသာ PDF အဖြဲ႕ဝင္(၃)ဦးမွာ စစ္ကိုင္းတိုင္း၊ ယင္းမာပင္ခ႐ိုင္တပ္ရင္း-၁၄ႏွင့္ ပခုကၠဴခ႐ိုင္အမွတ္ (၁) စစ္ေဒသ တပ္ရင္း(၁၀)က ျဖစ္ၿပီး ယင္းမာပင္ခ႐ိုင္အမွတ္(၁၅)တပ္ရင္းမႉ၏ ေထာက္ခံစာ ျဖင့္ စိတ္ႀကံ႐ူးသြပ္ေဆးျပား(၃)သန္းခန႔္ ႏွင့္ ဘိန္းျဖဴ(၁၁၀)ကီလိုဂရမ္ကို သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ၎တို႔ႏွင့္အတူ ေမာင္းျပန္ေသနတ္(၂)လက္၊ Mini Starlink(၂)တို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္းလည္း CDF-ဟားခါးက ထုတ္ျပန္ထားသည္။
ယင္းေနာက္ ဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ားကို ယမန္ေန႔(ဇူလိုင္လ ၉ ရက္) က မီးရႈိ႕ဖ်က္ဆီးခဲ့ၿပီး ဖမ္းဆီးရမိ ထားေသာ PDF(၃)ဦး အပါအဝင္ (၅)ဦးကို အေရးယူထားေၾကာင္းလည္း CDF-ဟားခါးက ထုတ္ျပန္ထားသည္။