ရန်ကုန်သို့ ပို့ဆောင်မည့် ကျပ် (၂) ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများ သာစည်မြို့နယ်တွင် ဖမ်းမိ

 2460

ချယ်ရီ (NP News) - ဇူလိုင် ၁၁
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ရန်ကုန်သို့ ပို့ဆောင်မည့် ငွေကျပ် (၂) ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၂၆) ရက်၊ ညနေ (၆) နာရီခွဲအချိန်ခန့်က သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမြို့မှ ရန်ကုန်မြို့သို့ ဇင်ကိုဦး မောင်းနှင်ပြီး အောင်မင်းသူ လိုက်ပါလာသော NISSAN (၁၂) ဘီး မော်တော်ယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် သံပိုက်လုံးများအတွင်းမှ ငွေကျပ် (၂ ဒသမ ၀၇ ဘီလျံ) တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၃ ဒသမ ၈) သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအား တင်ဆောင်ပေးသူ စိန်ကျော်ဝင်းကို ပြီးခဲ့သည့် ဇွန်လ (၂၇) ရက်၊ ည (၁၀) နာရီအချိန်ခန့်က တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၄)ရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်စစ်ဆေး ဖော်ထုတ်ချက်အရ အဆိုပါမူးယစ်ဆေးဝါးများကို ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာတွင်နေထိုင်သူ ကုလားအမျိုးသားတစ်ဦးမှ ရန်ကုန်သို့ ပို့ဆောင်ပေးရန် လာရောက်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း နစကမှ သည်။

Zawgyi Version:
ရန္ကုန္သို႔ ပို႔ေဆာင္မည့္ က်ပ္ (၂) ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြမူးယစ္ေဆးဝါးမ်ား သာစည္ၿမိဳ႕နယ္တြင္ ဖမ္းမိ
ခ်ယ္ရီ (NP News) - ဇူလိုင္ ၁၁
မႏၲေလးတိုင္းေဒသႀကီး၊ သာစည္ၿမိဳ႕နယ္တြင္ ရန္ကုန္သို႔ ပို႔ေဆာင္မည့္ ေငြက်ပ္ (၂) ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြမူးယစ္ေဆးဝါးမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇြန္လ (၂၆) ရက္၊ ညေန (၆) နာရီခြဲအခ်ိန္ခန႔္က သာစည္ၿမိဳ႕နယ္၊ ကြၽဲတပ္ဆုံေက်း႐ြာအနီး၌ ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္သည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ ပူးေပါင္းအဖြဲ႕သည္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေအးသာယာၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ဇင္ကိုဦး ေမာင္းႏွင္ၿပီး ေအာင္မင္းသူ လိုက္ပါလာေသာ NISSAN (၁၂) ဘီး ေမာ္ေတာ္ယာဥ္ေပၚတြင္ သယ္ေဆာင္လာသည့္ သံပိုက္လုံးမ်ားအတြင္းမွ ေငြက်ပ္ (၂ ဒသမ ၀၇ ဘီလ်ံ) တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁၃ ဒသမ ၈) သိန္းကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားအား တင္ေဆာင္ေပးသူ စိန္ေက်ာ္ဝင္းကို ၿပီးခဲ့သည့္ ဇြန္လ (၂၇) ရက္၊ ည (၁၀) နာရီအခ်ိန္ခန႔္က ေတာင္ႀကီးၿမိဳ႕နယ္၊ ေအးသာယာၿမိဳ႕၊ ရပ္ကြက္(၄)ရွိ ေနအိမ္တြင္ ဖမ္းဆီးရမိခဲ့ၿပီး ဆက္လက္စစ္ေဆး ေဖာ္ထုတ္ခ်က္အရ အဆိုပါမူးယစ္ေဆးဝါးမ်ားကို ဆီဆိုင္ၿမိဳ႕နယ္၊ ဆိုက္ေခါင္ေက်း႐ြာတြင္ေနထိုင္သူ ကုလားအမ်ိဳးသားတစ္ဦးမွ ရန္ကုန္သို႔ ပို႔ေဆာင္ေပးရန္ လာေရာက္အပ္ႏွံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔ကို ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကို ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း နစကမွ သည္။

Related news

© 2021. All rights reserved.