ပြည်ပနိုင်ငံတွင် မွေးဖွားသော ကလေးများအတွက် မွေးဖွားကြောင်းမှတ်ပုံတင်ရာတွင် မိဘနှစ်ပါးသည် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများဖြစ်ရန် လိုအပ်

599

စော(NP News)- ဇူလိုင် ၁၁
ပြည်ပနိုင်ငံတွင် မွေးဖွားသော ကလေးများအတွက် မွေးဖွားကြောင်း မှတ်ပုံတင်ရာတွင် မြန်မာနိုင်ငံသားမိဘနှစ်ပါးစလုံးသည် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများဖြစ်ရန် လိုအပ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါမြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကောင်စစ်ဆိုင်ရာကိစ္စရပ်များအနက် မြန်မာနိုင်ငံသား မိဘများမှ နိုင်ငံတော်ပြင်ပတွင် မွေးဖွားသော ကလေးများအတွက် မွေးဖွားကြောင်းမှတ်ပုံတင်ခြင်းကို မြန်မာနိုင်ငံသားဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့်အညီ မွေးဖွားပြီး တစ်နှစ်အတွင်း မြန်မာသံရုံးမှတစ်ဆင့် မှတ်ပုံတင်ခြင်းကို ဦးစွာ လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ မှတ်ပုံတင်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသား မိဘနှစ်ပါးသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများဖြစ်ရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် မိဘများသည် အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား ကိုင်ဆောင်သူများဖြစ်ပါက နိုင်ငံသား စိစစ်ရေးကတ်ပြားသို့ ဥပဒေနှင့်အညီ လဲလှယ်ကိုင်ဆောင်ပြီးမှသာ ကလေးမွေးဖွားမှု မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် နိုင်ငံတော်ပြင်ပတွင် ကလေးမွေးဖွားကြောင်းကို မြန်မာသံရုံးမှတစ်ဆင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၌ မှတ်ပုံတင်ပြီးမှသာ ကလေးများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအား ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းလည်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။

Zawgyi Version:
ျပည္ပႏိုင္ငံတြင္ ေမြးဖြားေသာ ကေလးမ်ားအတြက္ ေမြးဖြားေၾကာင္းမွတ္ပုံတင္ရာတြင္ မိဘႏွစ္ပါးသည္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားကိုင္ေဆာင္သူမ်ားျဖစ္ရန္ လိုအပ္
ေစာ(NP News)- ဇူလိုင္ ၁၁
ျပည္ပႏိုင္ငံတြင္ ေမြးဖြားေသာ ကေလးမ်ားအတြက္ ေမြးဖြားေၾကာင္း မွတ္ပုံတင္ရာတြင္ ျမန္မာႏိုင္ငံသားမိဘႏွစ္ပါးစလုံးသည္ ႏိုင္ငံသားစိစစ္ေရးကတ္ျပားကိုင္ေဆာင္သူမ်ားျဖစ္ရန္ လိုအပ္ေၾကာင္း ဂ်ပန္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါျမန္မာသံ႐ုံးအေနျဖင့္ ဂ်ပန္ႏိုင္ငံတြင္ ေရာက္ရွိေနထိုင္ အလုပ္လုပ္ကိုင္လ်က္ရွိၾကသည့္ ျမန္မာႏိုင္ငံသားမ်ား၏ အက်ိဳးစီးပြားႏွင့္ ေကာင္စစ္ဆိုင္ရာကိစၥရပ္မ်ားကို ဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ား ႏွင့္အညီ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ ေကာင္စစ္ဆိုင္ရာကိစၥရပ္မ်ားအနက္ ျမန္မာႏိုင္ငံသား မိဘမ်ားမွ ႏိုင္ငံေတာ္ျပင္ပတြင္ ေမြးဖြားေသာ ကေလးမ်ားအတြက္ ေမြးဖြားေၾကာင္းမွတ္ပုံတင္ျခင္းကို ျမန္မာႏိုင္ငံသားဆိုင္ရာ လုပ္ထုံး လုပ္နည္းမ်ားႏွင့္အညီ ေမြးဖြားၿပီး တစ္ႏွစ္အတြင္း ျမန္မာသံ႐ုံးမွတစ္ဆင့္ မွတ္ပုံတင္ျခင္းကို ဦးစြာ ေလွ်ာက္ထားေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထိုသို႔ မွတ္ပုံတင္ေဆာင္႐ြက္ရာတြင္ ျမန္မာႏိုင္ငံသား မိဘႏွစ္ပါးသည္ ႏိုင္ငံသားစိစစ္ေရးကတ္ျပား ကိုင္ေဆာင္သူမ်ားျဖစ္ရန္လိုအပ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ မိဘမ်ားသည္ အမ်ိဳးသားမွတ္ပုံတင္သက္ေသခံကတ္ျပား ကိုင္ေဆာင္သူမ်ားျဖစ္ပါက ႏိုင္ငံသား စိစစ္ေရးကတ္ျပားသို႔ ဥပေဒႏွင့္အညီ လဲလွယ္ကိုင္ေဆာင္ၿပီးမွသာ ကေလးေမြးဖြားမႈ မွတ္ပုံတင္ျခင္းကို ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ႏိုင္ငံေတာ္ျပင္ပတြင္ ကေလးေမြးဖြားေၾကာင္းကို ျမန္မာသံ႐ုံးမွတစ္ဆင့္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာန၌ မွတ္ပုံတင္ၿပီးမွသာ ကေလးမ်ားအတြက္ ႏိုင္ငံကူးလက္မွတ္ေလွ်ာက္ထားျခင္းအား ဆက္လက္ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္းလည္း ဂ်ပန္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက အသိေပးထားသည္။