မူးယစ်ဆေးသယ်သော PDF များ အမှုအတွက်ပြန်လည်ဖြေရှင်းသော်လည်း ယုတ္တိမရှိသောကြောင့် ဝေဖန်ခံရ

 742

သုတကျော် (NP News) - ဇူလိုင် ၁၂
မူးယစ်ဆေးသယ်သော PDF သုံးဦးနှင့် ကားသမားတို့ကို ချင်းလက်နက်ကိုင် အဖွဲ့က ဖမ်းဆီး ခဲ့ရာ ယင်းအမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ PDF အဖွဲ့က စာထုတ်ပြီးပြန်လည်ဖြေရှင်းသော်လည်း ယုတ္တိမရှိသော ကြောင့် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ဝေဖန်ခံနေရကြောင်း တွေ့မြင် ရသည်။
ယင်းမာပင်ခရိုင် အမှတ်(၁၅)တပ်ရင်းမှူး ထောက်ခံစာဖြင့် ဖလမ်းမြို့နယ် ဗားရ်တံတားသို့ Hilux အမျိုးအစား ကား နှင့် Forland အမျိုးအစား ကားတို့ဖြင့် သယ်ယူပို့ဆောင်သော စိတ်ကြွဆေးပြား (၃)သန်းခန့်၊ No. (4) ဘိန်းဖြူ (၁၁၀)ကီလိုဂရမ်ခန့်၊ မောင်း ပြန်သေနတ်(၂)လက်၊mini starlink (၂)ခုတို့နှင့် အတူ PDF (၃) ဦး၊ ယာဉ်မောင်း (၁)ဦးနှင့် စပယ်ယာ (၁)ဦးတို့ကို ဟားခါးမြို့နယ်အတွင်း ဖမ်းမိ ခဲ့ပြီး သယ်ယူပို့ဆောင်ရေး တာဝန်ခံဖြစ်သော မောင် ဇော်လတ် အမည်ရင်း ဦးဝင်းမော်နှင့် ကိုပုတီး အမည် ရင်း ဦးကျော်မင်းဇော်တို့ ထွက်ပြေးသွားကြောင်း ချင်း လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။
ထို့ပြင် စစ်ဆေးမေးမြန်းနေသော ဗီဒီယိုဖိုင်ကိုလည်း ထုတ်ပြန်ခဲ့ရာ ယင်းဗီဒီယိုအတွင်း PDF အဖွဲ့ဝင်က ၎င်းတို့ ကျူးလွန်သမျှကို ဝန်ခံထွက်ဆိုခဲ့သည်။
" (ယင်းမာပင် PDF ) တပ်ရင်း(၁၄)ကပါ။ တပ်ရင်း(၁၄)မှာ စာရင်းဝင်ထားတာပါ။ ဘယ်လို ဖြစ်ပြီး (၁၅)ရောက်လာလဲဆိုတာ့ (၁၄)နဲ့ (၁၅)ပေါင်းထားတာပါ။ ကိုပုတီးခိုင်းလို့။ တပ်ခွဲမှူးပါ။ (၁၄)တပ်ရင်းမှူးက ကိုဖိုးစည်ဗျ။ (၁၅)တပ်ရင်းမှူးက ကိုဖိုးသောင်း။ အခုက (၄)ခေါက် မြောက်ပါ" ဟု အဆိုပါ PDF အဖွဲ့ဝင်က ဆိုသည်။
ယင်းနောက် မကြာမီတွင် ယင်းမာပင် PDF က ထုတ် ပြန်ခဲ့ရာ အဆိုပါလမ်းကြောင်းအတွက် ထောက်ခံစာ ပေးသည်မှာ မှန်ကြောင်း နှင့် ဖောက်ခွဲရေး ယမ်းများ သယ်ရန်အတွက်သာဖြစ်သည်ဟု ဖော်ပြထားကာ မူးယစ်ဆေးဝါးသယ်ဆောင်ခဲ့ကြသည်မှာ ပုဂ္ဂလိက လုပ်ရပ်သာဖြစ်ကြောင်း ဖော်ပြထားသည်။
" ကျွန်တော်သိသလောက်ဆိုရင် ဒါက ချင်းဘက်ကို တက်တဲ့ကားမှာ မိတာပါ။ ဆားလင်းကြီး ဘက်က တက်လာခဲ့တာ။ လမ်းမှာလည်း PDF ဂိတ်တွေ ဖြတ်ရတယ်လေ။ ဖောက်ခွဲရေးပစ္စည်း သယ်ဖို့ဆိုရင် ဖာတွေကပါစရာမှမလိုတာကိုနော်။ ပြီးတော့ သဘောတရား ပြောပြမယ်နော်။ ဖောက်ခွဲ ရေးပစ္စည်းကားနှစ်စီးတိုက်တောင် မလိုဘူး။ ဆယ့် တစ်ဖာ၊ ဆယ့်နှစ်ဖာ လောက်ဆို စိတ်ကြိုက်သုံးပါ လေ့ဗျာ။ အခုက သူတို့နဲ့မဆိုင်ဘူးဆိုပြီး ထုတ်ပြန် လာတာက တော်တော်လေးကို ယုတ္တိမရှိဘူး" ဟု ဆားလင်းကြီးမြို့နယ် ဒေသခံတစ်ဦးက NP News သို့ ပြောသည်။
အဆိုပါ ပစ္စည်းများကိုသယ်ယူရာတွင် ယင်းသို့ ကားများစွာသုံးရန် မလိုသောကြောင့် မူးယစ် ဆေး သယ်ရန် ရည်ရွယ်ချက် ရှိရှိဖြင့် ဆောင်ရွက်ခြင်း သာလျှင် ဖြစ်ကြောင်းလည်း လူမှုကွန်ရက်ဖေ့စ် ဘွတ်ခ် စာမျက်နှာထက်တွင် ဝေဖန်မှုများစွာ ရှိနေ သည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အကြမ်းဖက် အားပေးအချို့ကမူ ယင်းမူးယစ်ဆေးဝါး သယ်ယူရေး လုပ်ငန်းကိုပင် ထောက်ခံမှတ်ချက်အချို့ကို လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသား နေကြေကြောင်း တွေ့မြင်ရသည်။
" ကျွန်တော်တို့တော်လှန်ရေးသမားတွေကိုယ်ကျိုးအတွက်မဟုတ်ဘူးဆိုရင် ငွေကိုဘယ်လို နည်းနဲ့ရှာရှာ အဓိက ကိုယ်လိုချင်တဲ့ပစ္စည်းဝယ်ဖို့ ငွေက အဓိကလိုတာပဲ" ဟု အကြမ်းဖက်အားပေးသူ တစ်ဦးက မှတ်ချက်ပြု ရေးသားထားသည်။
တစ်ဖက်တွင်လည်း အညာဒေသမှ PDF များအတွင်း လူတန်စားကွဲပြားမှုများစွာ ဖြစ်ပေါ်နေ ကြောင်း NP News က စုံစမ်းသိရှိ ရပြီးအရာရှိဟုဆိုသူများမှာ ငွေသုံးဖြုန်းနိုင်၊ သိန်း ဆယ်ချီ လောင်းကစားလုပ်နိုင်သော်လည်း အောက် ခြေ PDF များစွာတို့မှာ ဆင်းရဲချို့တဲ့နေကြောင်း သိရသည်။

Zawgyi Version:
မူးယစ္ေဆးသယ္ေသာ PDF မ်ား အမႈအတြက္ျပန္လည္ေျဖရွင္းေသာ္လည္း ယုတၱိမရွိေသာေၾကာင့္ ေဝဖန္ခံရ
သုတေက်ာ္ (NP News) - ဇူလိုင္ ၁၂
မူးယစ္ေဆးသယ္ေသာ PDF သုံးဦးႏွင့္ ကားသမားတို႔ကို ခ်င္းလက္နက္ကိုင္ အဖြဲ႕က ဖမ္းဆီး ခဲ့ရာ ယင္းအမႈႏွင့္ပတ္သက္၍ သက္ဆိုင္ရာ PDF အဖြဲ႕က စာထုတ္ၿပီးျပန္လည္ေျဖရွင္းေသာ္လည္း ယုတၱိမရွိေသာ ေၾကာင့္ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေဝဖန္ခံေနရေၾကာင္း ေတြ႕ျမင္ ရသည္။
ယင္းမာပင္ခ႐ိုင္ အမွတ္(၁၅)တပ္ရင္းမႉး ေထာက္ခံစာျဖင့္ ဖလမ္းၿမိဳ႕နယ္ ဗားရ္တံတားသို႔ Hilux အမ်ိဳးအစား ကား ႏွင့္ Forland အမ်ိဳးအစား ကားတို႔ျဖင့္ သယ္ယူပို႔ေဆာင္ေသာ စိတ္ႂကြေဆးျပား (၃)သန္းခန႔္၊ No. (4) ဘိန္းျဖဴ (၁၁၀)ကီလိုဂရမ္ခန႔္၊ ေမာင္း ျပန္ေသနတ္(၂)လက္၊mini starlink (၂)ခုတို႔ႏွင့္ အတူ PDF (၃) ဦး၊ ယာဥ္ေမာင္း (၁)ဦးႏွင့္ စပယ္ယာ (၁)ဦးတို႔ကို ဟားခါးၿမိဳ႕နယ္အတြင္း ဖမ္းမိ ခဲ့ၿပီး သယ္ယူပို႔ေဆာင္ေရး တာဝန္ခံျဖစ္ေသာ ေမာင္ ေဇာ္လတ္ အမည္ရင္း ဦးဝင္းေမာ္ႏွင့္ ကိုပုတီး အမည္ ရင္း ဦးေက်ာ္မင္းေဇာ္တို႔ ထြက္ေျပးသြားေၾကာင္း ခ်င္း လက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ထားျခင္းျဖစ္သည္။
ထို႔ျပင္ စစ္ေဆးေမးျမန္းေနေသာ ဗီဒီယိုဖိုင္ကိုလည္း ထုတ္ျပန္ခဲ့ရာ ယင္းဗီဒီယိုအတြင္း PDF အဖြဲ႕ဝင္က ၎တို႔ က်ဴးလြန္သမွ်ကို ဝန္ခံထြက္ဆိုခဲ့သည္။
" (ယင္းမာပင္ PDF ) တပ္ရင္း(၁၄)ကပါ။ တပ္ရင္း(၁၄)မွာ စာရင္းဝင္ထားတာပါ။ ဘယ္လို ျဖစ္ၿပီး (၁၅)ေရာက္လာလဲဆိုတာ့ (၁၄)နဲ႔ (၁၅)ေပါင္းထားတာပါ။ ကိုပုတီးခိုင္းလို႔။ တပ္ခြဲမႉးပါ။ (၁၄)တပ္ရင္းမႉးက ကိုဖိုးစည္ဗ်။ (၁၅)တပ္ရင္းမႉးက ကိုဖိုးေသာင္း။ အခုက (၄)ေခါက္ ေျမာက္ပါ" ဟု အဆိုပါ PDF အဖြဲ႕ဝင္က ဆိုသည္။
ယင္းေနာက္ မၾကာမီတြင္ ယင္းမာပင္ PDF က ထုတ္ ျပန္ခဲ့ရာ အဆိုပါလမ္းေၾကာင္းအတြက္ ေထာက္ခံစာ ေပးသည္မွာ မွန္ေၾကာင္း ႏွင့္ ေဖာက္ခြဲေရး ယမ္းမ်ား သယ္ရန္အတြက္သာျဖစ္သည္ဟု ေဖာ္ျပထားကာ မူးယစ္ေဆးဝါးသယ္ေဆာင္ခဲ့ၾကသည္မွာ ပုဂၢလိက လုပ္ရပ္သာျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
" ကြၽန္ေတာ္သိသေလာက္ဆိုရင္ ဒါက ခ်င္းဘက္ကို တက္တဲ့ကားမွာ မိတာပါ။ ဆားလင္းႀကီး ဘက္က တက္လာခဲ့တာ။ လမ္းမွာလည္း PDF ဂိတ္ေတြ ျဖတ္ရတယ္ေလ။ ေဖာက္ခြဲေရးပစၥည္း သယ္ဖို႔ဆိုရင္ ဖာေတြကပါစရာမွမလိုတာကိုေနာ္။ ၿပီးေတာ့ သေဘာတရား ေျပာျပမယ္ေနာ္။ ေဖာက္ခြဲ ေရးပစၥည္းကားႏွစ္စီးတိုက္ေတာင္ မလိုဘူး။ ဆယ့္ တစ္ဖာ၊ ဆယ့္ႏွစ္ဖာ ေလာက္ဆို စိတ္ႀကိဳက္သုံးပါ ေလ့ဗ်ာ။ အခုက သူတို႔နဲ႔မဆိုင္ဘူးဆိုၿပီး ထုတ္ျပန္ လာတာက ေတာ္ေတာ္ေလးကို ယုတၱိမရွိဘူး" ဟု ဆားလင္းႀကီးၿမိဳ႕နယ္ ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။
အဆိုပါ ပစၥည္းမ်ားကိုသယ္ယူရာတြင္ ယင္းသို႔ ကားမ်ားစြာသုံးရန္ မလိုေသာေၾကာင့္ မူးယစ္ ေဆး သယ္ရန္ ရည္႐ြယ္ခ်က္ ရွိရွိျဖင့္ ေဆာင္႐ြက္ျခင္း သာလွ်င္ ျဖစ္ေၾကာင္းလည္း လူမႈကြန္ရက္ေဖ့စ္ ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေဝဖန္မႈမ်ားစြာ ရွိေန သည္။
အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ အၾကမ္းဖက္ အားေပးအခ်ိဳ႕ကမူ ယင္းမူးယစ္ေဆးဝါး သယ္ယူေရး လုပ္ငန္းကိုပင္ ေထာက္ခံမွတ္ခ်က္အခ်ိဳ႕ကို လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေရးသား ေနေၾကေၾကာင္း ေတြ႕ျမင္ရသည္။
" ကြၽန္ေတာ္တို႔ေတာ္လွန္ေရးသမားေတြကိုယ္က်ိဳးအတြက္မဟုတ္ဘူးဆိုရင္ ေငြကိုဘယ္လို နည္းနဲ႔ရွာရွာ အဓိက ကိုယ္လိုခ်င္တဲ့ပစၥည္းဝယ္ဖို႔ ေငြက အဓိကလိုတာပဲ" ဟု အၾကမ္းဖက္အားေပးသူ တစ္ဦးက မွတ္ခ်က္ျပဳ ေရးသားထားသည္။
တစ္ဖက္တြင္လည္း အညာေဒသမွ PDF မ်ားအတြင္း လူတန္စားကြဲျပားမႈမ်ားစြာ ျဖစ္ေပၚေန ေၾကာင္း NP News က စုံစမ္းသိရွိ ရၿပီးအရာရွိဟုဆိုသူမ်ားမွာ ေငြသုံးျဖဳန္းႏိုင္၊ သိန္း ဆယ္ခ်ီ ေလာင္းကစားလုပ္ႏိုင္ေသာ္လည္း ေအာက္ ေျခ PDF မ်ားစြာတို႔မွာ ဆင္းရဲခ်ိဳ႕တဲ့ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.