ကလေးမြို့နယ်၌ ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ

 231

Pearl (NP News) - ဇူလိုင် ၁၃
ကလေးမြို့နယ်၌ ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ဘိန်းဖြူများကို ပြီးခဲ့သည့် ဇွန် ၂၈ ရက် ညနေ ၅ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် အေးသာယာကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ အေးသာယာ‌ေကျးရွာအနီးတွင် မန္တလေးမှကလေးသို့ နိုင်လင်းအောင် (ခ) မွှေးနီ မောင်းနှင်ပြီး ဇော်မျိုးနိုင် (ခ) သားငယ်လိုက်ပါလာသည့် MDY-14 8I/xxxxI ZONE အမျိုးအစား ၁၂ ဘီး ယာဉ်ပေါ်သို့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်‌ဆေးရာ ဘိန်းဖြူ ၂၆ ဒသမ ၄ ကီလို (၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၃၂ ဘီလျံ) အား သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူများကို မန္တလေးတိုင်းဒေသကြီးမှ ကလေးမြို့သို့ သယ်ဆောင်ခိုင်းသူမှာ ပြည်ကြီးတံခွန်မြို့နယ်နေ ငြိမ်းချမ်းအောင် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ကေလးၿမိဳ႕နယ္၌ ေငြက်ပ္ ၁ ဘီလ်ံေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ား သိမ္းဆည္းရမိ
Pearl (NP News) - ဇူလိုင္ ၁၃
ကေလးၿမိဳ႕နယ္၌ ေငြက်ပ္ ၁ ဘီလ်ံေက်ာ္တန္ဖိုးရွိ ဘိန္းျဖဴမ်ား သိမ္းဆည္းရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ထံမွ သိရသည္။
အဆိုပါ ဘိန္းျဖဴမ်ားကို ၿပီးခဲ့သည့္ ဇြန္ ၂၈ ရက္ ညေန ၅ နာရီတြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္ ေအးသာယာေက်း႐ြာအနီးတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ သတင္းအရ ေအးသာယာ‌ေက်း႐ြာအနီးတြင္ မႏၲေလးမွကေလးသို႔ ႏိုင္လင္းေအာင္ (ခ) ေမႊးနီ ေမာင္းႏွင္ၿပီး ေဇာ္မ်ိဳးႏိုင္ (ခ) သားငယ္လိုက္ပါလာသည့္ MDY-14 8I/xxxxI ZONE အမ်ိဳးအစား ၁၂ ဘီး ယာဥ္ေပၚသို႔စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔ စစ္‌ေဆးရာ ဘိန္းျဖဴ ၂၆ ဒသမ ၄ ကီလို (၎ေဒသကာလတန္ဖိုး ေငြက်ပ္ ၁ ဒသမ ၃၂ ဘီလ်ံ) အား သိမ္းဆည္းရမိခဲ့ၿပီး ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ သိမ္းဆည္းရမိဘိန္းျဖဴမ်ားကို မႏၲေလးတိုင္းေဒသႀကီးမွ ကေလးၿမိဳ႕သို႔ သယ္ေဆာင္ခိုင္းသူမွာ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ေန ၿငိမ္းခ်မ္းေအာင္ ျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ၎တို႔အား ဥပေဒအရအေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကို ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.