ဂိတ်ကြေးကောက်စားနေသော ဗိုလ်လင်းမြွေ ဆိုသူ ဦးဆောင်သည့် PDF အဖွဲ့ က ကျောက်စိမ်းများကို ဓားပြတိုက်

 631

Pearl (NP News)-ဇူလိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် ဂိတ်ဖွင့်ကာ ဖြတ်သန်းခ ကောက်ခံနေသည့် ဗိုလ်လင်းမြွေ ဆိုသော ဦးဆောင်သော PDF အဖွဲ့က ကျပ်သိန်း ၇,၀၀၀ ခန့် တန်ဖိုးရှိ ကျောက်စိမ်းများကို ဓားပြတိုက်လုယက် သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၈)ရက်က ခရီးသည်တင် ကားတစ်စီးသည် ကျောက်စိမ်းပိဿာချိန် (၁,၁၀၀) ခန့် ကို လူမဲ့တန်ဆာအဖြစ် ကချင်ပြည်နယ်၊ ဖားကန့်မှ မန္တလေးတိုင်းဒေသကြီးသို့ မောင်းနှင်သယ်ဆောင်လာစဉ် ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာအနီး၊ ရွှေဘို-မန္တလေးလမ်းပိုင်းရှိ ဇရပ်ဂိတ်သို့ အရောက်တွင် ဗိုလ်လင်းမြွေ ဦးဆောင်သည့် PDF ဂိတ်တစ်ခုက ဓားပြတိုက်လုယက်ခြင်းကိုခံခဲ့ရကြောင်း သိရသည်။
ဗိုလ်လင်းမြွေ ဦးဆောင်သည့် PDF အဖွဲ့ဝင် (၆)ဦးက ယာဥ်မောင်း (၂) ဦးနှင့် ယာဥ်နောက်လိုက် (၂) ဦးတို့ကို အဝတ်များဖြင့် မျက်လုံးများစည်းကာ ဝက်လက်မြို့နယ်အတွင်းရှိ အခြားနေရာသို့ ခေါ်ဆောင်၍ ကျောက်စိမ်းထုပ်များကို ယူဆောင်သွားခဲ့ပြီးနောက် ရွှေဘို-မန္တလေးလမ်းပေါ်ပြန်ပို့၍ ကားကိုဆက်လက်မောင်းနှင်ခိုင်းခဲ့ကြောင်း သိရသည်။
ထိုသို့ လုယက်ခံရသည့် ကျောက်စိမ်းများသည် CDM ဝန်ထမ်းတစ်ဦးနှင့် ထောက်ပို့တစ်ဦးအပါအဝင် ပိုင်ရှင် ၁၉ ဦးတို့ ၏ ကျောက်စိမ်းဖြတ်စအတုံးများနှင့် လက်ကောက်ကွင်းအကြမ်းထည်များဖြစ်ပြီး ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၇,၀၀၀ ခန့်ရှိကြောင်းသိရသည်။
အဆိုပါ ပိုင်ရှင်များက KIA ထံအခွန်ငွေပေး၍ တူးဖော်ရရှိသည့် ကျောက်စိမ်းများကို မန္တလေးသို့ ပို့ဆောင်စဉ် PDF အဖွဲ့အများအပြားကို ဆက်ကြေးပေးကာ သယ်ဆောင်ခဲ့ပြီး နောက်တဖန် ယခုကဲ့သို့ ဓားပြတိုက်လုယက်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်လင်းမြွေ ဆိုသူမှာ ပကဖ ယောင်ယောင် အသွင်ယူထားသော အဖွဲ့ ဖြစ်ပြီး တိုက်ပွဲ မဖော်သည့် အပြင် ဖြတ်သန်းခ အဖြစ် ဂိတ်ကြေး အဆမတန် တောင်းသူ ဖြစ်ကြောင်း ပြည်ပရောက် မီဒီယာ တစ်ခုတွင် ရေးသားထားသည်။
ပြီးခဲ့သည့် ဇွန်လ (၁၃)ရက်ကလည်း ဝက်လက်မြို့နယ်အပါအဝင် ယင်းဒေသတစ်ဝိုက်သည် PDF ဂိတ်များက ငွေသိန်းချီတောင်းခံမှုများပြုလုပ်နေသည့်အတွက် လမ်းပေါ် ၌ကားများရပ်ကာ ပြည်သူအများအပြား ဆန္ဒထုတ်ဖော်ခဲ့ကြဖူးသည်။

Zawgyi Version:
ဂိတ္ေၾကးေကာက္စားေနေသာ ဗိုလ္လင္းေႁမြ ဆိုသူ ဦးေဆာင္သည့္ PDF အဖြဲ႕ က ေက်ာက္စိမ္းမ်ားကို ဓားျပတိုက္
Pearl (NP News)-ဇူလိုင္ ၁၃
စစ္ကိုင္းတိုင္းေဒသႀကီး၊ ဝက္လက္ၿမိဳ႕နယ္တြင္ ဂိတ္ဖြင့္ကာ ျဖတ္သန္းခ ေကာက္ခံေနသည့္ ဗိုလ္လင္းေႁမြ ဆိုေသာ ဦးေဆာင္ေသာ PDF အဖြဲ႕က က်ပ္သိန္း ၇,၀၀၀ ခန္႔ တန္ဖိုးရွိ ေက်ာက္စိမ္းမ်ားကို ဓားျပတိုက္လုယက္ သြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ၿပီးခဲ့သည့္ ဇြန္လ (၁၈)ရက္က ခရီးသည္တင္ ကားတစ္စီးသည္ ေက်ာက္စိမ္းပိႆာခ်ိန္ (၁,၁၀၀) ခန္႔ ကို လူမဲ့တန္ဆာအျဖစ္ ကခ်င္ျပည္နယ္၊ ဖားကန႔္မွ မႏၲေလးတိုင္းေဒသႀကီးသို႔ ေမာင္းႏွင္သယ္ေဆာင္လာစဥ္ ဝက္လက္ၿမိဳ႕နယ္၊ ႐ြာသာႀကီးေက်း႐ြာအနီး၊ ေ႐ႊဘို-မႏၲေလးလမ္းပိုင္းရွိ ဇရပ္ဂိတ္သို႔ အေရာက္တြင္ ဗိုလ္လင္းေႁမြ ဦးေဆာင္သည့္ PDF ဂိတ္တစ္ခုက ဓားျပတိုက္လုယက္ျခင္းကိုခံခဲ့ရေၾကာင္း သိရသည္။
ဗိုလ္လင္းေႁမြ ဦးေဆာင္သည့္ PDF အဖြဲ႕ဝင္ (၆)ဦးက ယာဥ္ေမာင္း (၂) ဦးႏွင့္ ယာဥ္ေနာက္လိုက္ (၂) ဦးတို႔ကို အဝတ္မ်ားျဖင့္ မ်က္လုံးမ်ားစည္းကာ ဝက္လက္ၿမိဳ႕နယ္အတြင္းရွိ အျခားေနရာသို႔ ေခၚေဆာင္၍ ေက်ာက္စိမ္းထုပ္မ်ားကို ယူေဆာင္သြားခဲ့ၿပီးေနာက္ ေ႐ႊဘို-မႏၲေလးလမ္းေပၚျပန္ပို႔၍ ကားကိုဆက္လက္ေမာင္းႏွင္ခိုင္းခဲ့ေၾကာင္း သိရသည္။
ထိုသို႔ လုယက္ခံရသည့္ ေက်ာက္စိမ္းမ်ားသည္ CDM ဝန္ထမ္းတစ္ဦးႏွင့္ ေထာက္ပို႔တစ္ဦးအပါအဝင္ ပိုင္ရွင္ ၁၉ ဦးတို႔ ၏ ေက်ာက္စိမ္းျဖတ္စအတုံးမ်ားႏွင့္ လက္ေကာက္ကြင္းအၾကမ္းထည္မ်ားျဖစ္ၿပီး ကာလတန္ဖိုး က်ပ္သိန္းေပါင္း ၇,၀၀၀ ခန္႔ရွိေၾကာင္းသိရသည္။
အဆိုပါ ပိုင္ရွင္မ်ားက KIA ထံအခြန္ေငြေပး၍ တူးေဖာ္ရရွိသည့္ ေက်ာက္စိမ္းမ်ားကို မႏၲေလးသို႔ ပို႔ေဆာင္စဥ္ PDF အဖြဲ႕အမ်ားအျပားကို ဆက္ေၾကးေပးကာ သယ္ေဆာင္ခဲ့ၿပီး ေနာက္တဖန္ ယခုကဲ့သို႔ ဓားျပတိုက္လုယက္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။
ဗိုလ္လင္းေႁမြ ဆိုသူမွာ ပကဖ ေယာင္ေယာင္ အသြင္ယူထားေသာ အဖြဲ႕ ျဖစ္ၿပီး တိုက္ပြဲ မေဖာ္သည့္ အျပင္ ျဖတ္သန္းခ အျဖစ္ ဂိတ္ေၾကး အဆမတန္ ေတာင္းသူ ျဖစ္ေၾကာင္း ျပည္ပေရာက္ မီဒီယာ တစ္ခုတြင္ ေရးသားထားသည္။
ၿပီးခဲ့သည့္ ဇြန္လ (၁၃)ရက္ကလည္း ဝက္လက္ၿမိဳ႕နယ္အပါအဝင္ ယင္းေဒသတစ္ဝိုက္သည္ PDF ဂိတ္မ်ားက ေငြသိန္းခ်ီေတာင္းခံမႈမ်ားျပဳလုပ္ေနသည့္အတြက္ လမ္းေပၚ ၌ကားမ်ားရပ္ကာ ျပည္သူအမ်ားအျပား ဆႏၵထုတ္ေဖာ္ခဲ့ၾကဖူးသည္။

Related news

© 2021. All rights reserved.