ယူကရိန်းကို အမေရိကန်ဒေါ်လာသန်း(၃၀ဝ)တန်ဖိုးရှိ လက်နက်များ ပေးပို့သွားမည်ဟု ဒေါ်နယ်ထရမ့် အတည်ပြု

88

Pika (NP News) - ဇူလိုင် ၁၃
အမေရိကန်က အမေရိကန် ဒေါ်လာသန်း (၃၀ဝ) တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများကို ယူကရိန်းသို့ ပေးပို့သွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့သည်။ မြေပြင်မှ ဝေဟင်ပစ် ပက်ထရီယော့ ဒုံးကျည်စနစ်များမှာ အလွန်ဈေးကြီးကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် အဆိုပါအတည်ပြုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
မြေပြင်မှဝေဟင်ပစ် ပက်ထရီယော့ဒုံး ကျည်စနစ်များ ကူညီထောက်ပံ့ပေးရန် ယူကရိန်း ဘက်က တောင်းဆိုမှုများရှိနေချိန်တွင် ဒေါ်နယ်ထရမ့်က ပက်ထရီယော့ဒုံးကျည်များ၏ ဈေးနှုန်းအကြောင်းကို ထုတ်ပြန် ပြောခဲ့ခြင်းဖြစ်သည်။ ယူကရိန်းသို့ပေးပို့မည့် အမေရိကန်ဒေါ်လာသန်း (၃၀ဝ) တန်ဖိုး ရှိ စစ်လက်နက်ပစ္စည်းများ တွင် မြေပြင်မှဝေဟင်ပစ် ပက်ထရီယော့ဒုံးကျည်များအပြင် တာလတ်ပစ်ဒုံးကျည်များလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အမေရိကန် စစ်လက်နက်ပစ္စည်းထုတ်လုပ် သည့်ကုမ္ပဏီ Raytheon ၏ ပြောရေးဆို ခွင့်ရှိသူတစ်ဦးက ၎င်းတို့သည် မကြုံစဖူး ဝယ်လိုအားများကြောင့် (၂၀၂၈) ခုနှစ်တွင် ပက်ထရီယော့ဒုံးကျည်စနစ်များ၏ လစဉ် ထုတ်လုပ်မှုကို (၁၅၀)ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရန် ရည်ရွယ်ထားကြောင်းပြောကြားခဲ့သည်။ တရားဝင် ထုတ်ပြန်ထားသော သတင်းအချက်အလက်များအရ ပက်ထရီယော့ဒုံးကျည် တစ်စင်းအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ (၄) သန်းခန့်ရှိကြောင်းလည်းသိရသည်။
ယူကရိန်းကတောင်းဆိုထားသည့် ပက်ထရီယော့ ဒုံးကျည်စနစ်များကို ကူညီထောက်ပံ့ပေးရန် နှင့် ပတ်သက်ပြီး စဉ်းစားနေကြောင်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယူကရိန်း သို့ အမေရိကန်၏ စစ်လက်နက်ပစ္စည်းပေးပို့မှုအသစ်အတွက် အတည်ပြုချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

Zawgyi Version:
ယူကရိန္းကို အေမရိကန္ေဒၚလာသန္း(၃၀ဝ)တန္ဖိုးရွိ လက္နက္မ်ား ေပးပို႔သြားမည္ဟု ေဒၚနယ္ထရမ့္ အတည္ျပဳ
Pika (NP News) - ဇူလိုင္ ၁၃
အေမရိကန္က အေမရိကန္ ေဒၚလာသန္း (၃၀ဝ) တန္ဖိုးရွိ စစ္လက္နက္ပစၥည္းမ်ားကို ယူကရိန္းသို႔ ေပးပို႔သြားမည္ ျဖစ္ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ ေျမျပင္မွ ေဝဟင္ပစ္ ပက္ထရီေယာ့ ဒုံးက်ည္စနစ္မ်ားမွာ အလြန္ေဈးႀကီးေၾကာင္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာတြင္ အဆိုပါအတည္ျပဳခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ေျမျပင္မွေဝဟင္ပစ္ ပက္ထရီေယာ့ဒုံး က်ည္စနစ္မ်ား ကူညီေထာက္ပံ့ေပးရန္ ယူကရိန္း ဘက္က ေတာင္းဆိုမႈမ်ားရွိေနခ်ိန္တြင္ ေဒၚနယ္ထရမ့္က ပက္ထရီေယာ့ဒုံးက်ည္မ်ား၏ ေဈးႏႈန္းအေၾကာင္းကို ထုတ္ျပန္ ေျပာခဲ့ျခင္းျဖစ္သည္။ ယူကရိန္းသို႔ေပးပို႔မည့္ အေမရိကန္ေဒၚလာသန္း (၃၀ဝ) တန္ဖိုး ရွိ စစ္လက္နက္ပစၥည္းမ်ား တြင္ ေျမျပင္မွေဝဟင္ပစ္ ပက္ထရီေယာ့ဒုံးက်ည္မ်ားအျပင္ တာလတ္ပစ္ဒုံးက်ည္မ်ားလည္း ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အေမရိကန္ စစ္လက္နက္ပစၥည္းထုတ္လုပ္ သည့္ကုမၸဏီ Raytheon ၏ ေျပာေရးဆို ခြင့္ရွိသူတစ္ဦးက ၎တို႔သည္ မႀကဳံစဖူး ဝယ္လိုအားမ်ားေၾကာင့္ (၂၀၂၈) ခုႏွစ္တြင္ ပက္ထရီေယာ့ဒုံးက်ည္စနစ္မ်ား၏ လစဥ္ ထုတ္လုပ္မႈကို (၁၅၀)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သြားရန္ ရည္႐ြယ္ထားေၾကာင္းေျပာၾကားခဲ့သည္။ တရားဝင္ ထုတ္ျပန္ထားေသာ သတင္းအခ်က္အလက္မ်ားအရ ပက္ထရီေယာ့ဒုံးက်ည္ တစ္စင္းအတြက္ ကုန္က်စရိတ္မွာ အေမရိကန္ေဒၚလာ (၄) သန္းခန႔္ရွိေၾကာင္းလည္းသိရသည္။
ယူကရိန္းကေတာင္းဆိုထားသည့္ ပက္ထရီေယာ့ ဒုံးက်ည္စနစ္မ်ားကို ကူညီေထာက္ပံ့ေပးရန္ ႏွင့္ ပတ္သက္ၿပီး စဥ္းစားေနေၾကာင္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ တစ္ရက္အၾကာတြင္ ယူကရိန္း သို႔ အေမရိကန္၏ စစ္လက္နက္ပစၥည္းေပးပို႔မႈအသစ္အတြက္ အတည္ျပဳခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။