မောက်မယ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ တစ်ဦးပစ်သတ်ခံရ

 271

ခတ္တာဦး(NP News)- ဇူလိုင်၁၃

ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ်၌ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဉက္ကဋ္ဌတစ်ဦးပစ်သတ်ခံရ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ(၁၁)ရက်၊ နံနက်(၉)နာရီခန့်တွင် မောက်မယ်မြို့နယ်၊ ဈေးတန်းရပ်ကွက်တွင်နေထိုင်သော မြို့နယ်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုင်းငေါင်းဆိုင်ဟိန်း(၅၅)နှစ်သည် ၎င်းနေအိမ်မှပုံလော(ပုန်းလောင်း)ကျေးရွာအနီးရှိ ၎င်းပိုင်တောင်ယာတဲသို့ တစ်ဦးတည်းသွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ လုပ်ကိုင်နေစဉ် အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါဖြစ်စဉ်ကိုသိရှိသူ မောက်မယ်ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ထိုပစ်ခတ်မှုသည် မောက်မယ် (RCSS) အဖွဲ့ဝင်များကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေ‌ကြောင်းလည်း သိရသည်။

လက်ရှိတွင်ကျူးလွန်သူများကို တာဝန်ရှိသူများနှင့် ဖော်ထုတ်ဖမ်းဆီး၍ ဉပဒေနှင့်အညီ အရေးယူနိုင်ရေးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်ထားသည်။

၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလမှစ၍ လက်ရှိအချိန်ထိ ပြည်ခိုင်ဖြိုးပါတီဝင်၊ ထောက်ခံသူ နှင့် အားပေးသူ (၃၀၀၀)ဝန်းကျင်ခန့် သည် ခေါင်းစဉ်အမျိုးမျိုးအောက်တွင် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းခံထားရကြောင်း သိရသည်။
ထို့ပြင်အဆိုပါလုပ်ကြံသတ်ဖြတ်ခံရသူ ဦးစိုင်းငေါင်းဆိုင်ဟိန်း(၅၅)နှစ်သည် (၂၀၁၀၊၂၀၁၅၊၂၀၂၀)ခုနှစ် ရွေးကောက်ပွဲရလဒ်အရ မောက်မယ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်သုံးကြိမ်ဆက်တိုင်ရွေးချယ်ခြင်းခံခဲ့ရသူတစ်ဦးဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေမာက္မယ္ၿမိဳ႕နယ္ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ တစ္ဦးပစ္သတ္ခံရ
ခတၱာဦး(NP News)- ဇူလိုင္၁၃

ရွမ္းျပည္နယ္၊ ေမာက္မယ္ၿမိဳ႕နယ္၌ ၿမိဳ႕နယ္ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဉကၠ႒တစ္ဦးပစ္သတ္ခံရ ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ ဇူလိုင္လ(၁၁)ရက္၊ နံနက္(၉)နာရီခန႔္တြင္ ေမာက္မယ္ၿမိဳ႕နယ္၊ ေဈးတန္းရပ္ကြက္တြင္ေနထိုင္ေသာ ၿမိဳ႕နယ္ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးစိုင္းေငါင္းဆိုင္ဟိန္း(၅၅)ႏွစ္သည္ ၎ေနအိမ္မွပုံေလာ(ပုန္းေလာင္း)ေက်း႐ြာအနီးရွိ ၎ပိုင္ေတာင္ယာတဲသို႔ တစ္ဦးတည္းသြားေရာက္ အလုပ္လုပ္ကိုင္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ လုပ္ကိုင္ေနစဥ္ အၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕က ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ပစ္ခတ္သတ္ျဖတ္သြားျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ထုတ္ျပန္ခ်က္အရသိရသည္။

အဆိုပါျဖစ္စဥ္ကိုသိရွိသူ ေမာက္မယ္ေဒသခံတစ္ဦး၏ ေျပာၾကားခ်က္အရ ထိုပစ္ခတ္မႈသည္ ေမာက္မယ္ (RCSS) အဖြဲ႕ဝင္မ်ားက်ဴးလြန္ခဲ့ျခင္းျဖစ္သည္ဟု သတင္းမ်ားထြက္ေပၚေန‌ေၾကာင္းလည္း သိရသည္။

လက္ရွိတြင္က်ဴးလြန္သူမ်ားကို တာဝန္ရွိသူမ်ားႏွင့္ ေဖာ္ထုတ္ဖမ္းဆီး၍ ဉပေဒႏွင့္အညီ အေရးယူႏိုင္ေရးကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ထုတ္ျပန္ခ်က္ထားသည္။

၂၀၂၁ ခုႏွစ္ ၊ ေဖေဖာ္ဝါရီလမွစ၍ လက္ရွိအခ်ိန္ထိ ျပည္ခိုင္ၿဖိဳးပါတီဝင္၊ ေထာက္ခံသူ ႏွင့္ အားေပးသူ (၃၀၀၀)ဝန္းက်င္ခန႔္ သည္ ေခါင္းစဥ္အမ်ိဳးမ်ိဳးေအာက္တြင္ အၾကမ္းဖက္လုပ္ႀကံသတ္ျဖတ္ျခင္းခံထားရေၾကာင္း သိရသည္။
ထို႔ျပင္အဆိုပါလုပ္ႀကံသတ္ျဖတ္ခံရသူ ဦးစိုင္းေငါင္းဆိုင္ဟိန္း(၅၅)ႏွစ္သည္ (၂၀၁၀၊၂၀၁၅၊၂၀၂၀)ခုႏွစ္ ေ႐ြးေကာက္ပြဲရလဒ္အရ ေမာက္မယ္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ အျဖစ္သုံးႀကိမ္ဆက္တိုင္ေ႐ြးခ်ယ္ျခင္းခံခဲ့ရသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.