ပြင်သစ်မှာ သမိုင်းမတင်မီခေတ်က ကျန်ရစ်ခဲ့တဲ့ ကာနက် မီဂါလစ်သစ်ဧရိယာ ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်

200

ရောင်နီ (NP News) - ဇူလိုင် ၁၄
ကုလသမဂ္ဂ ယဉ်ကျေးမှုအဖွဲ့အစည်း ယူနက်စကိုဟာ ဇူလိုင် ၁၂ ရက်မှာ ပြင်သစ်နိုင်ငံအနောက်ပိုင်းရှိ ထင်ရှားကျော်ကြားတဲ့ ကာနက် မီဂါလစ်သစ်နဲ့ မိုဘီဟန် ကမ်းရိုးတန်းကို ကမ္ဘာ့အမွေအနှစ် စာရင်းမှာ ထည့်သွင်း ခဲ့ပါတယ်။
ကာနက်ဧရိယာဟာ နီယိုလက်သစ် ခေတ်က အကြွင်းအကျန်ဖြစ်ပြီး ဧရိယာ စတုရန်းကီလိုမီတာ ၁,၀၀၀ ကျယ်ဝန်းကာ အရွယ်အစားအမျိုးမျိုးနဲ့ ရှည်လျားဖြောင့်စင်းတဲ့ ကာနက် အထိမ်းအမှတ် ကျောက်တုံးပေါင်း ၅၅၀ ကျော်ရှိပါတယ်။ ဒါပေမယ့် အရွယ်အစား ကြီးမားတဲ့ကျောက်တုံးကြီးတွေကို ညီညီညာညာ ချထားတဲ့ မူလအစ ရည်ရွယ်ချက်ကတော့ ပဟေဠိဖြစ်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီ ရှေးဟောင်းနေရာကို နှစ်စဉ် လူပေါင်း ၃၀၀,၀၀၀ နီးပါး လာရောက်လည်ပတ်ကြလေ့ ရှိပါတယ်။
"ဒါဟာ နီရိုလက်သစ် အသိုင်းအဝိုင်းရဲ့နည်းပညာဆိုင်ရာ ဆန်းပြားမှုနဲ့ ကျွမ်းကျင်မှုအတွက် ထူးခြားတဲ့ သက်သေခံချက်တစ်ရပ်ဖြစ်ပါတယ်။ ကျောက်တုံးကြီးတွေကို ထုတ်ယူ၊ သယ်ယူပို့ဆောင်ပြီး နေရာချကာ ရှုပ်ထွေးတဲ့ သင်္ကေတ ဖန်တီးခဲ့တယ်" လို့ ယူနက်စကိုက ပြောကြားပါတယ်။
ပြင်သစ်နိုင်ငံရဲ့ ဒီ ကာနက် ရှေးဟောင်းအမွေအနှစ်ဆိုက်ဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းမှာ နံပါတ် ၅၄ နေရာ ချိတ်ဆွဲခဲ့ပါတယ်။ ယူနက်စကို အမွေအနှစ် စာရင်းမှာ ပါဝင်ခြင်းဟာ ခရီးသွားလုပ်ငန်းမှာ အကျိုးအမြတ်များစေပြီး ဆိုက်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်လည်း ရန်ပုံငွေကို ရရှိစေဖို့ လမ်းဖွင့်ပေးနိုင်ပါတယ်။

Zawgyi Version:
ျပင္သစ္မွာ သမိုင္းမတင္မီေခတ္က က်န္ရစ္ခဲ့တဲ့ ကာနက္ မီဂါလစ္သစ္ဧရိယာ ယူနက္စကို ကမာၻ႔အေမြအႏွစ္ စာရင္းဝင္ေရာက္
ေရာင္နီ (NP News) - ဇူလိုင္ ၁၄
ကုလသမဂၢ ယဥ္ေက်းမႈအဖြဲ႕အစည္း ယူနက္စကိုဟာ ဇူလိုင္ ၁၂ ရက္မွာ ျပင္သစ္ႏိုင္ငံအေနာက္ပိုင္းရွိ ထင္ရွားေက်ာ္ၾကားတဲ့ ကာနက္ မီဂါလစ္သစ္နဲ႔ မိုဘီဟန္ ကမ္း႐ိုးတန္းကို ကမာၻ႔အေမြအႏွစ္ စာရင္းမွာ ထည့္သြင္း ခဲ့ပါတယ္။
ကာနက္ဧရိယာဟာ နီယိုလက္သစ္ ေခတ္က အႂကြင္းအက်န္ျဖစ္ၿပီး ဧရိယာ စတုရန္းကီလိုမီတာ ၁,၀၀၀ က်ယ္ဝန္းကာ အ႐ြယ္အစားအမ်ိဳးမ်ိဳးနဲ႔ ရွည္လ်ားေျဖာင့္စင္းတဲ့ ကာနက္ အထိမ္းအမွတ္ ေက်ာက္တုံးေပါင္း ၅၅၀ ေက်ာ္ရွိပါတယ္။ ဒါေပမယ့္ အ႐ြယ္အစား ႀကီးမားတဲ့ေက်ာက္တုံးႀကီးေတြကို ညီညီညာညာ ခ်ထားတဲ့ မူလအစ ရည္႐ြယ္ခ်က္ကေတာ့ ပေဟဠိျဖစ္ေနဆဲ ျဖစ္တယ္လို႔ ဆိုပါတယ္။ အဲဒီ ေရွးေဟာင္းေနရာကို ႏွစ္စဥ္ လူေပါင္း ၃၀၀,၀၀၀ နီးပါး လာေရာက္လည္ပတ္ၾကေလ့ ရွိပါတယ္။
"ဒါဟာ နီ႐ိုလက္သစ္ အသိုင္းအဝိုင္းရဲ႕နည္းပညာဆိုင္ရာ ဆန္းျပားမႈနဲ႔ ကြၽမ္းက်င္မႈအတြက္ ထူးျခားတဲ့ သက္ေသခံခ်က္တစ္ရပ္ျဖစ္ပါတယ္။ ေက်ာက္တုံးႀကီးေတြကို ထုတ္ယူ၊ သယ္ယူပို႔ေဆာင္ၿပီး ေနရာခ်ကာ ရႈပ္ေထြးတဲ့ သေကၤတ ဖန္တီးခဲ့တယ္" လို႔ ယူနက္စကိုက ေျပာၾကားပါတယ္။
ျပင္သစ္ႏိုင္ငံရဲ႕ ဒီ ကာနက္ ေရွးေဟာင္းအေမြအႏွစ္ဆိုက္ဟာ ယူနက္စကို ကမာၻ႔အေမြအႏွစ္ စာရင္းမွာ နံပါတ္ ၅၄ ေနရာ ခ်ိတ္ဆြဲခဲ့ပါတယ္။ ယူနက္စကို အေမြအႏွစ္ စာရင္းမွာ ပါဝင္ျခင္းဟာ ခရီးသြားလုပ္ငန္းမွာ အက်ိဳးအျမတ္မ်ားေစၿပီး ဆိုက္ေတြကို ထိန္းသိမ္းေစာင့္ေရွာက္ဖို႔အတြက္လည္း ရန္ပုံေငြကို ရရွိေစဖို႔ လမ္းဖြင့္ေပးႏိုင္ပါတယ္။