တိုင်း၊ ပြည်နယ် (၅) ခုမှ (၂)ရက်အတွင်း (၂)ဘီလျံကျော် တရားမဝင်ပစ္စည်းများ ဖမ်းမိ

213

ချယ်ရီ (NP News) - ဇူလိုင် ၁၄
ရန်ကုန်တိုင်းဒေသကြီးအပါဝင် တိုင်းနှင့်ပြည်နယ် (၅)ခုတွင် ပြီးခဲ့သည့် ဇူလိုင်လ (၁၁၊ ၁၂ ) ရက်အတွင်း (၂)ဘီလျံကျော် တန်ဖိုးရှိ သစ်အပါဝင် တရားမဝင်ကုန်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်ဇူလိုင်လ (၁၁)ရက်၌ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် အေးရှားဝေါလ်ဆိပ်ကမ်း၌ ကုန်သေတ္တာ (၈၁) လုံးအတွင်းမှ ငွေကျပ် သိန်း (၂,၅၇၁,၈၅၄,၅၇၈)တန်ဖိုးရှိ လုပ်ငန်းသုံးပစ္စည်း (၃)မျိုးနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (ကုန်လှောင်ရုံ)မှ ငွေကျပ် သိန်း (၁၁,၂၈၁,၂၀၀)တန်ဖိုးရှိ လူသုံးကုန်ပစ္စည်း (၁၈) မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း (၂,၅၈၃,၁၃၅,၇၇၈) ကို ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ငွေကျပ် သိန်း(၂,၃၄၀,၀၀၀)တန်ဖိုးရှိ တရုတ်နိုင်ငံထုတ် စားသောက်ကုန်ပစ္စည်း (၂)မျိုးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်း၌ ငွေကျပ် သိန်း(၃,၆၀၇,၆၂၄)တန်ဖိုးရှိ တရားမဝင် ကျွန်းသစ် (၃ ဒသမ ၁၈၀) တန်၊ သစ်မာ (၁ ဒသမ ၁၈၉) တန်ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ဇူလိုင် (၁၂) ရက်က မန္တလေးတိုင်းဒေသကြီး၊ ရတနာပုံတံတား (မန္တလေး) စစ်ဆေးရေးဂိတ်၌ စစ်ကိုင်းမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၂)စီးနှင့် ရွှေဘိုမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၂)စီးတို့ပေါ်မှ ငွေကျပ် သိန်း (၃၀,၈၅၁,၅၀၀)တန်ဖိုးရှိ စားသောက်ကုန် ပစ္စည်း(၆)မျိုး၊ လူသုံးကုန်ပစ္စည်း(၁)မျိုး နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ငွေကျပ် သိန်း (၁၁၆,၀၀၀,၀၀၀) Toyota Toyoace Light Truck (၁)စီး၊ Mitsubishi Canter Truck (၁)စီး၊ Foton Light Truck (၁)စီး၊ စက်မှုဇုန်ထုတ် KO Light Truck (၁)စီးကိုလည်းကောင်း စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း(၁၄၆,၈၅၁,၅၀၀) ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၆) ရပ်ကွက်၊ ဘိုကလေး (၄) လမ်း၌ စုပုံထားသော အကောက်ခွန်မဲ့လုပ်ငန်းသုံးပစ္စည်း (၄)မျိုး စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း(၄၁,၆၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဇူလိုင်လ (၁၁)ရက်နှင့် (၁၂) ရက်တို့တွင် ဖမ်းဆီးရမိမှု အမှုတွဲ (၁၉) မှုမှ ငွေကျပ် သိန်း (၂,၇၇၇,၅၃၄,၉၀၂) ကို ဖမ်းဆီးရမိခဲ့ပြီး ယင်းကဲ့သို့ တရားမဝင် တင်သွင်းမှုများကို ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ ထုတ်ပြန်ထားသည်။
အလားတူ ဇူလိုင်(၈)ရက်မှ (၁၀) ရက်အတွင်း တရားမဝင်ကုန်သွယ်မှုများမှ ငွေကျပ် (၂) ဘီလီယံကျော်တန်ဖိုးရှိ တရားမဝင် ကုန်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ခြင်းများလည်း ရှိခဲ့သည်။
အဆိုပါ တရားမဝင်ကုန်ပစ္စည်းများတွင် လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များနှင့် တရားမဝင်ကုန်ပစ္စည်းတင်ဆောင်လာသည့် မော်တော်ယာဉ်များ ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
တိုင္း၊ ျပည္နယ္ (၅) ခုမွ (၂)ရက္အတြင္း (၂)ဘီလ်ံေက်ာ္ တရားမဝင္ပစၥည္းမ်ား ဖမ္းမိ
ခ်ယ္ရီ (NP News) - ဇူလိုင္ ၁၄
ရန္ကုန္တိုင္းေဒသႀကီးအပါဝင္ တိုင္းႏွင့္ျပည္နယ္ (၅)ခုတြင္ ၿပီးခဲ့သည့္ ဇူလိုင္လ (၁၁၊ ၁၂ ) ရက္အတြင္း (၂)ဘီလ်ံေက်ာ္ တန္ဖိုးရွိ သစ္အပါဝင္ တရားမဝင္ကုန္ပစၥည္းမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ဇူလိုင္လ (၁၁)ရက္၌ အေကာက္ခြန္ဦးစီးဌာန၏ စီမံခန႔္ခြဲမႈျဖင့္ တာဝန္က်ပူးေပါင္းအဖြဲ႕မ်ားက စစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ တရားဝင္စာ႐ြက္စာတမ္းအေထာက္အထား တင္ျပႏိုင္ျခင္းမရွိသည့္ ေအးရွားေဝါလ္ဆိပ္ကမ္း၌ ကုန္ေသတၱာ (၈၁) လုံးအတြင္းမွ ေငြက်ပ္ သိန္း (၂,၅၇၁,၈၅၄,၅၇၈)တန္ဖိုးရွိ လုပ္ငန္းသုံးပစၥည္း (၃)မ်ိဳးႏွင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ (ကုန္ေလွာင္႐ုံ)မွ ေငြက်ပ္ သိန္း (၁၁,၂၈၁,၂၀၀)တန္ဖိုးရွိ လူသုံးကုန္ပစၥည္း (၁၈) မ်ိဳး စုစုေပါင္းတန္ဖိုး ေငြက်ပ္ သိန္း (၂,၅၈၃,၁၃၅,၇၇၈) ကို ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။
ထို႔ျပင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕၊ ရတနာပုံတံတား ပူးေပါင္းစစ္ေဆးေရးဂိတ္၌ တရားဝင္စာ႐ြက္စာတမ္းအေထာက္အထား တင္ျပႏိုင္ျခင္းမရွိသည့္ ေငြက်ပ္ သိန္း(၂,၃၄၀,၀၀၀)တန္ဖိုးရွိ တ႐ုတ္ႏိုင္ငံထုတ္ စားေသာက္ကုန္ပစၥည္း (၂)မ်ိဳးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
အလားတူ ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူခ႐ိုင္အတြင္း၌ ေငြက်ပ္ သိန္း(၃,၆၀၇,၆၂၄)တန္ဖိုးရွိ တရားမဝင္ ကြၽန္းသစ္ (၃ ဒသမ ၁၈၀) တန္၊ သစ္မာ (၁ ဒသမ ၁၈၉) တန္ကို ဖမ္းဆီးရမိခဲ့ၿပီး သစ္ေတာဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ထို႔ေနာက္ ဇူလိုင္ (၁၂) ရက္က မႏၲေလးတိုင္းေဒသႀကီး၊ ရတနာပုံတံတား (မႏၲေလး) စစ္ေဆးေရးဂိတ္၌ စစ္ကိုင္းၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္(၂)စီးႏွင့္ ေ႐ႊဘိုၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္(၂)စီးတို႔ေပၚမွ ေငြက်ပ္ သိန္း (၃၀,၈၅၁,၅၀၀)တန္ဖိုးရွိ စားေသာက္ကုန္ ပစၥည္း(၆)မ်ိဳး၊ လူသုံးကုန္ပစၥည္း(၁)မ်ိဳး ႏွင့္ အဆိုပါပစၥည္းမ်ား တင္ေဆာင္လာသည့္ ေငြက်ပ္ သိန္း (၁၁၆,၀၀၀,၀၀၀) Toyota Toyoace Light Truck (၁)စီး၊ Mitsubishi Canter Truck (၁)စီး၊ Foton Light Truck (၁)စီး၊ စက္မႈဇုန္ထုတ္ KO Light Truck (၁)စီးကိုလည္းေကာင္း စုစုေပါင္းတန္ဖိုး ေငြက်ပ္ သိန္း(၁၄၆,၈၅၁,၅၀၀) ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕၊ အမွတ္ (၆) ရပ္ကြက္၊ ဘိုကေလး (၄) လမ္း၌ စုပုံထားေသာ အေကာက္ခြန္မဲ့လုပ္ငန္းသုံးပစၥည္း (၄)မ်ိဳး စုစုေပါင္းတန္ဖိုး ေငြက်ပ္ သိန္း(၄၁,၆၀၀,၀၀၀) ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဇူလိုင္လ (၁၁)ရက္ႏွင့္ (၁၂) ရက္တို႔တြင္ ဖမ္းဆီးရမိမႈ အမႈတြဲ (၁၉) မႈမွ ေငြက်ပ္ သိန္း (၂,၇၇၇,၅၃၄,၉၀၂) ကို ဖမ္းဆီးရမိခဲ့ၿပီး ယင္းကဲ့သို႔ တရားမဝင္ တင္သြင္းမႈမ်ားကို ယခုထက္ပိုမို၍ တားဆီးစစ္ေဆးၾကပ္မတ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီမွ ထုတ္ျပန္ထားသည္။
အလားတူ ဇူလိုင္(၈)ရက္မွ (၁၀) ရက္အတြင္း တရားမဝင္ကုန္သြယ္မႈမ်ားမွ ေငြက်ပ္ (၂) ဘီလီယံေက်ာ္တန္ဖိုးရွိ တရားမဝင္ ကုန္ပစၥည္းမ်ားအား ဖမ္းဆီးရမိခဲ့ျခင္းမ်ားလည္း ရွိခဲ့သည္။
အဆိုပါ တရားမဝင္ကုန္ပစၥည္းမ်ားတြင္ လုပ္ငန္းသုံးပစၥည္းမ်ား၊ လူသုံးကုန္ပစၥည္းမ်ား၊ စားေသာက္ကုန္ပစၥည္းမ်ား၊ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ား၊ လိုင္စင္မဲ့ေမာ္ေတာ္ဆိုင္ကယ္မ်ားႏွင့္ တရားမဝင္ကုန္ပစၥည္းတင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္မ်ား ပါဝင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။