" ကျွန်တော်နှင့် ငြိမ်းချမ်းရေးဖိုရမ်"

 272

မင်းနိုင်(အတွင်းရေးမှူး - NSPNC) -(NP News) - ဇူလိုင်လ ၁၅
ငြိမ်းချမ်းရေးဖိုရမ် Peace Forum - 2025 မစတင်မီ ရက်သတ္တပတ်ခန့်အလိုတွင် မိမိထံ မီဒီယာတစ်ခုမှ မေးခွန်းလေးတွေ ရောက်လာပါ တယ်။ မေးခွန်းတော်တော်များများကို ပြန်ဖြေ နိုင်ခဲ့ပေမယ့် အဲဒီအချိန်တုန်းကမဖြေနိုင်တဲ့ မေးခွန်း လေးတစ်ခု ကျန်ခဲ့ပါတယ်။ ဒီမေးခွန်းလေးကတော့ Peace Forum - 2025 အပြီး သက်ဆိုင်သူတွေအကြား နားလည်မှုရာခိုင်နှုန်း ဘယ်လောက်တက်လာမယ်လို့ မှန်းထားပါသလဲဆိုတဲ့ မေးခွန်းလေးပဲ ဖြစ်ပါတယ်။ ဒီနေ့ဆိုရင် ဖိုရမ်ပွဲကြီးပြီးစီးခဲ့တာ (၇)ရက် ပြည့်ခဲ့ ပေမယ့် လူမှုကွန်ရက် (Social Media) ပေါ်မှာတော့ ဖိုရမ်နဲ့ပတ်သက်တဲ့အသံတွေ ဆူညံစွာတက်လာနေ ဆဲပါပဲ။
Peace Forum ကြီးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ဖို့ စတင်စဉ်းစား၊ ပြင်ဆင်၊ စီမံ၊ တင်ပြ အားလုံးဝိုင်းဝန်းပူးပေါင်းကြိုးပမ်းမှုတွေနဲ့အတူ ထွက်ပေါ်လာတဲ့အကြံပြုချက်တွေ၊ အနှစ်ချုပ်လိုက် တဲ့ ရလဒ်စုစည်းချက်တွေဟာ မျှော်လင့်ထားတာထက် ပိုမိုအောင်မြင်ခဲ့တယ်လို့ပြောရင် ပိုပြောတယ်လို့ တော့ မသတ်မှတ်စေချင်ပါဘူး။ အဓိကကတော့ ဒီရလဒ်တွေအပေါ် ဆက်လက်အကောင်အထည် ဖော်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နိုင်မှုတွေဟာအပေါ် ကမဖြေနိုင်ခဲ့တဲ့မေးခွန်းအတွက် ထိရောက်တဲ့အဖြေ ဖြစ်လာပါလိမ့်မယ်။
ဖွင့်ပွဲနေ့ (၂၅-၆-၂၀၂၅) မှာ နိုင်ငံ အတွင်းမှာရှိတဲ့ ပြည်ပသံရုံးတွေထဲက သံရုံး (၁၇) ရုံးက သံအမတ်ကြီး (၁၄) ဦး ၊ Chargé d’affaires (၃) ဦးနဲ့ သံရုံးအကြီးအကဲဝန်ထမ်း (၁၅) ဦး၊ စုစုပေါင်း (၃၂)ဦး ပါဝင်တက်ရောက်ခဲ့တာဟာ Peace Forum ရဲ့ ဖွင့်ပွဲနေ့အခင်းအကျင်းကို အလှ အပဆုံးပုံရိပ်ဖြစ်စေခဲ့ပါတယ်။
နိုင်ငံတော်အကြီးအကဲရဲ့ အဖွင့်မိန့်ခွန်း ထဲမှာပါတဲ့ " နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အ ကြမ်းဖက်သောင်းကျန်းသူအဖွဲ့တွေ၊ အကြမ်းဖက် PDF အဖွဲ့တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်တဲ့လမ်းစဉ်ကိုစွန့်လွှတ်ပြီး ပါတီနိုင်ငံရေး လမ်းကြောင်းနဲ့ ရွေးကောက်ပွဲလမ်းကြောင်းတွေ ကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်နိုင်ဖို့ အကြိမ်ကြိမ် ဖိတ်ခေါ်ကမ်း လှမ်းထားပြီးဖြစ်ပါတယ်။ နိုင်ငံရေးနည်းလမ်းကို စား ပွဲဝိုင်းပေါ်မှာတွေ့ဆုံဆွေးနွေးခြင်းနဲ့သာ အဖြေရှာ နိုင်မှာဖြစ်တာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အမြဲတမ်း ကြိုဆိုလမ်းဖွင့်ထားကြောင်း ဒီဖိုရမ်ကနေ ထပ်မံအသိပေးပြောကြားလိုပါတယ် " ဆိုတဲ့ PDF တွေအတွက် ငြိမ်းချမ်းရေးကမ်းလှမ်းမှုစကားရပ် လေးဟာလည်း တက်ရောက်လာသူသံတမန်တွေရဲ့ စိတ်ဝင်စားမှု၊ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူ တွေရဲ့ အမြင့်ဆုံးစိတ်ဝင်စားမှုတစ်ခုဖြစ်တယ်လို့ ပြန်လည်သိရှိခဲ့ရပါတယ်။
ပြည်ပ(၆)နိုင်ငံက ဖိတ်ကြားထားတဲ့ အသိ ပညာရှင်၊ အတတ်ပညာရှင် (၁၂)ဦး (Virtual ၂ ဦး) ထဲမှ (၃) ဦးရဲ့ Key Note Speech တွေ ၊ (၉) ဦးရဲ့ Session (၂) ခု သတ်မှတ်ခေါင်းစဉ်တွေအပေါ် ထိထိရောက်ရောက် ဖော်ထုတ်ဆွေးနွေးနိုင်ခဲ့တာ ဟာလည်း နိုင်ငံရဲ့ပုံရိပ်အတွက် အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ပြည့်ပြည့်ဝဝရရှိခဲ့တယ်လို့ ခံစားမိပါ တယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီများပေးခြင်းသည် တွေ့ဆုံဆွေးနွေးရေးလမ်း ကြောင်းတွင် အဓိကအရေးပါမှု၊ အရေးကြီးမှုတစ်ခု ဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းသည်International comm­unity ရဲ့ Peace Process နှင့် ပံ့ပိုးကူညီနိုင်မှုယူတဲ့ အခါမှာ ၎င်းတို့၏ လွှမ်းမိုးမှုမဖြစ်ပေါ်စေရေးအတွက် သတိပြုဖို့လိုအပ်ပါတယ်။ ပဋိပက္ခအလွန်လက်နက် ကိုင်အစုအဖွဲ့တွေရဲ့ ပြောင်းလဲရေးဖြစ်စဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်သင့်ကြောင်း၊ မီဒီ ယာကဏ္ဍက သတင်းတွေကို ကျင့်ဝတ်နဲ့အညီတင်ပြ ဖို့လိုအပ်ပြီး ပွင့်လင်းမြင်သာပြီးရပ်တည်ချက် ကောင်းဖို့လိုပါတယ်။
မြန်မာ့နည်း၊ မြန်မာ့ဟန် (Myanmar-Owned, Myanmar-Led) ဆိုတဲ့ ဆွေးနွေးချက် စကားစုလေးဟာ တက်ရောက်လာသူရဲ့ရင်ထဲကို ထိထိမိမိ ရောက်ရှိခဲ့ပါတယ်။ Peace Process ကို ဆောင်ရွက်တဲ့အခါမှာ မိမိတို့နိုင်ငံနဲ့လိုက် လျောညီထွေရှိဖို့ လိုအပ်ပါတယ်။
ဒုတိယနေ့နဲ့ တတိယနေ့ဆွေးနွေးပွဲတွေ မှာတော့ Session နှစ်ခုခွဲပြီး ပြည်တွင်းအလွှာ အသီးသီးက တက်ရောက်သူ (၂၄၀)ကျော်နဲ့ ခေါင်း စဉ် (၅)ခုကို ဆွေးနွေးကြရာမှာ တက်ရောက်လာ ကြသူအားလုံး မျှော်လင့်မထားတဲ့ လွတ်လပ်ပွင့်လင်း မြင်သာစွာ ဆွေးနွေးမေးမြန်းမှုတွေဟာလည်း Peace Forum 2025 ရဲ့ထင်ရှားတဲ့ ပုံရိပ်တစ်ခုဖြစ်စေပါတယ်။
Moderator ၊ Speaker နဲ့ Partic­ipant တွေရဲ့ အပြန်အလှန်ဆွေးနွေးမှုတွေနဲ့ မီဒီယာတွေရဲ့ အင်တာဗျူးတွေဟာလည်း Peace Forum 2025 ရဲ့ ပွင့်လင်းမြင်သာမှုကို ပုံဖော်နိုင်ခဲ့ ပါတယ်။ Peace Forum 2025 ရဲ့ ထူးခြားတဲ့ အခင်းအကျင်းတစ်ခုကတော့ ပြည်တွင်း နိုင်ငံပိုင်မီဒီယာ (၂)ခု၊ ပုဂ္ဂလိက ပိုင်(၈)ခုနှင့် ပြည်တွင်းအခြေစိုက် ပြည်ပမီဒီယာ (၃) ခုဖြစ်တဲ့ Xinhua ၊ Asahi Shimbun၊ BBCတို့ကို ဖိတ်ကြားတက်ရောက်စေခဲ့ပြီး လွတ်လပ်စွာသတင်းရယူခွင့်၊ မေးမြန်းမှုတွေ ပြုခဲ့ခြင်းဟာလည်း ထူးခြားတဲ့ Peace Forum 2025 ရဲ့ အခင်းအကျင်းတစ်ရပ်လို့ ပြည်တွင်းပြည်ပ လေ့လာသူတွေက ထောက်ပြကြပါတယ်။
အများစုမထင်မှတ်တဲ့ လူပုဂ္ဂိုလ်တချို့ ဖိုရမ်မှာ တက်ရောက်ဆွေးနွေးမှုတွေဟာလည်း နိုင်ငံ တကာရဲ့ စိတ်ဝင်စားမှုနဲ့ ပြည်တွင်းမှာ ဂယက်ရိုက် ခတ်မှုတွေရှိပြီး ဒီနေ့ထိ လူမှုကွန်ရက်မှာ တွေ့မြင် နေရဆဲဖြစ်ပါတယ်။ မန္တလေးငလျင်ကြောင့် ရုံးအ ဆောက်အအုံနဲ့ဟိုတယ်ကြီးတွေပျက်စီးပြီး လတ်တလောပြုပြင်နေဆဲ အခြေအနေတွေ၊ အခန်းနေရာရ ရှိမှု အကျယ်အဝန်းကန့်သတ်ချက်တွေကြောင့် တက် ရောက်လာသူတွေအတွက် လိုအပ်ချက်၊ အားနည်း ချက်တွေ ဖြစ်စေနိုင်ခဲ့တာကိုလည်း နားလည်ခံစားမိ ပါတယ်။ နောက်တစ်ပွဲကတော့ ဒီထက်ပို လူတွေ များပြားလာနိုင်တာမို့ နေထိုင်ရေး၊ စားသောက်ရေးနဲ့ အုပ်ချုပ်ရေးအားနည်းချက်တွေကို ကုစားနိုင်ဖို့ ကြို တင်စဉ်းစားနေမိပါတယ်။ Peace Forum 2025 ပွဲကြီးလည်း ပြီးသွားပြီဆိုတော့ အဓိကအရေးပါဆုံး ဖြစ်တဲ့ အကြံပြုတင်ပြချက်တွေကို စုစည်း၊ ကဏ္ဍတွေခွဲပြီး ကျစ်ကျစ်လျစ်လျစ်နဲ့ အကြီးအကဲကို တင်ပြ နိုင်ဖို့က ဦးစားပေးပထမ၊ အဲဒီတင်ပြချက်တွေကတစ် ဆင့် အကြီးအကဲဆီကနေ Implementation အပိုင်းအတွက် ဆက်လက်ဆောင်ရွက်ခွင့်၊ ဆက်လက် ဆောင်ရွက်သွားဖို့က Peace Forum 2025 ရဲ့ အနှစ်သာရပဲဖြစ်မယ်လို့ နားလည်ယုံကြည်မိပါတယ်။
အဲဒီတော့ ပြန်ပြီးချုပ်ကြည့်လိုက်ရင် စတင်မေးမြန်းစဉ်က မဖြေဖြစ်ခဲ့တဲ့ မေးခွန်းလေး ဖြစ်တဲ့ သက်ဆိုင်သူများအကြား နားလည်မှုရာခိုင်နှုန်း ဘယ်လောက်ထိ မြင့်တက်လာမလဲဆိုတဲ့အပေါ် ကျွန် တော့်စိတ်အထင်တော့ နောက်တစ်ပွဲမတိုင်မီ Peace Forum 2025 ရဲ့ ရလဒ်တွေအပေါ် Impleme­ntation လုပ်တဲ့အပိုင်းက အဓိကအကျဆုံးပဲလို့ သုံးသပ်မိပါတယ်။ လတ်တလောအနေအထား အရတော့ အောင်မှတ်ရမယ်လို့ထင်တာပါပဲ။ (၅၁)ရာခိုင်နှုန်းလောက်တော့ ကိုယ့်ဘာသာပဲပေး လိုက်မိပါတော့တယ်။
နောက်တစ်ကြိမ်ပွဲကြီးတစ်ပွဲအတွက် စတင် စဉ်းစား၊ တွေးတော၊ ပြင်ဆင်နေရင်း တစ်ဖက် ကလည်း Peace Forum 2025 ရဲ့ Impleme­ntation အတွက် အချက်အလက်တွေ စုဆောင်း၊ စီမံချက်တွေ၊ ရေးဆွဲမှုတွေ လုပ်ဆောင်နေပါပြီ။

Zawgyi Version:
" ကြၽန္ေတာ္ႏွင့္ ၿငိမ္းခ်မ္းေရးဖိုရမ္"
မင္းႏိုင္(အတြင္းေရးမႉး - NSPNC) -(NP News) - ဇူလိုင္လ ၁၅
ၿငိမ္းခ်မ္းေရးဖိုရမ္ Peace Forum - 2025 မစတင္မီ ရက္သတၱပတ္ခန႔္အလိုတြင္ မိမိထံ မီဒီယာတစ္ခုမွ ေမးခြန္းေလးေတြ ေရာက္လာပါ တယ္။ ေမးခြန္းေတာ္ေတာ္မ်ားမ်ားကို ျပန္ေျဖ ႏိုင္ခဲ့ေပမယ့္ အဲဒီအခ်ိန္တုန္းကမေျဖႏိုင္တဲ့ ေမးခြန္း ေလးတစ္ခု က်န္ခဲ့ပါတယ္။ ဒီေမးခြန္းေလးကေတာ့ Peace Forum - 2025 အၿပီး သက္ဆိုင္သူေတြအၾကား နားလည္မႈရာခိုင္ႏႈန္း ဘယ္ေလာက္တက္လာမယ္လို႔ မွန္းထားပါသလဲဆိုတဲ့ ေမးခြန္းေလးပဲ ျဖစ္ပါတယ္။ ဒီေန႔ဆိုရင္ ဖိုရမ္ပြဲႀကီးၿပီးစီးခဲ့တာ (၇)ရက္ ျပည့္ခဲ့ ေပမယ့္ လူမႈကြန္ရက္ (Social Media) ေပၚမွာေတာ့ ဖိုရမ္နဲ႔ပတ္သက္တဲ့အသံေတြ ဆူညံစြာတက္လာေန ဆဲပါပဲ။
Peace Forum ႀကီးကို ေအာင္ျမင္စြာ ေဆာင္႐ြက္ႏိုင္ဖို႔ စတင္စဥ္းစား၊ ျပင္ဆင္၊ စီမံ၊ တင္ျပ အားလုံးဝိုင္းဝန္းပူးေပါင္းႀကိဳးပမ္းမႈေတြနဲ႔အတူ ထြက္ေပၚလာတဲ့အႀကံျပဳခ်က္ေတြ၊ အႏွစ္ခ်ဳပ္လိုက္ တဲ့ ရလဒ္စုစည္းခ်က္ေတြဟာ ေမွ်ာ္လင့္ထားတာထက္ ပိုမိုေအာင္ျမင္ခဲ့တယ္လို႔ေျပာရင္ ပိုေျပာတယ္လို႔ ေတာ့ မသတ္မွတ္ေစခ်င္ပါဘူး။ အဓိကကေတာ့ ဒီရလဒ္ေတြအေပၚ ဆက္လက္အေကာင္အထည္ ေဖာ္ႏိုင္ဖို႔ ႀကိဳးပမ္းေဆာင္႐ြက္ႏိုင္မႈေတြဟာအေပၚ ကမေျဖႏိုင္ခဲ့တဲ့ေမးခြန္းအတြက္ ထိေရာက္တဲ့အေျဖ ျဖစ္လာပါလိမ့္မယ္။
ဖြင့္ပြဲေန႔ (၂၅-၆-၂၀၂၅) မွာ ႏိုင္ငံ အတြင္းမွာရွိတဲ့ ျပည္ပသံ႐ုံးေတြထဲက သံ႐ုံး (၁၇) ႐ုံးက သံအမတ္ႀကီး (၁၄) ဦး ၊ Chargé d’affaires (၃) ဦးနဲ႔ သံ႐ုံးအႀကီးအကဲဝန္ထမ္း (၁၅) ဦး၊ စုစုေပါင္း (၃၂)ဦး ပါဝင္တက္ေရာက္ခဲ့တာဟာ Peace Forum ရဲ႕ ဖြင့္ပြဲေန႔အခင္းအက်င္းကို အလွ အပဆုံးပုံရိပ္ျဖစ္ေစခဲ့ပါတယ္။
ႏိုင္ငံေတာ္အႀကီးအကဲရဲ႕ အဖြင့္မိန႔္ခြန္း ထဲမွာပါတဲ့ " ႏိုင္ငံေတာ္ကို ဆန႔္က်င္တိုက္ခိုက္ေနတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းေတြ၊ အ ၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ေတြ၊ အၾကမ္းဖက္ PDF အဖြဲ႕ေတြအေနနဲ႔ လက္နက္ကိုင္အၾကမ္းဖက္ တိုက္ခိုက္တဲ့လမ္းစဥ္ကိုစြန႔္လႊတ္ၿပီး ပါတီႏိုင္ငံေရး လမ္းေၾကာင္းနဲ႔ ေ႐ြးေကာက္ပြဲလမ္းေၾကာင္းေတြ ကတစ္ဆင့္ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းလမ္းနဲ႔ ေျဖရွင္းေဆာင္႐ြက္ႏိုင္ဖို႔ အႀကိမ္ႀကိမ္ ဖိတ္ေခၚကမ္း လွမ္းထားၿပီးျဖစ္ပါတယ္။ ႏိုင္ငံေရးနည္းလမ္းကို စား ပြဲဝိုင္းေပၚမွာေတြ႕ဆုံေဆြးေႏြးျခင္းနဲ႔သာ အေျဖရွာ ႏိုင္မွာျဖစ္တာေၾကာင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးမႈေတြကို အၿမဲတမ္း ႀကိဳဆိုလမ္းဖြင့္ထားေၾကာင္း ဒီဖိုရမ္ကေန ထပ္မံအသိေပးေျပာၾကားလိုပါတယ္ " ဆိုတဲ့ PDF ေတြအတြက္ ၿငိမ္းခ်မ္းေရးကမ္းလွမ္းမႈစကားရပ္ ေလးဟာလည္း တက္ေရာက္လာသူသံတမန္ေတြရဲ႕ စိတ္ဝင္စားမႈ၊ ႏိုင္ငံတကာက ေစာင့္ၾကည့္ေလ့လာသူ ေတြရဲ႕ အျမင့္ဆုံးစိတ္ဝင္စားမႈတစ္ခုျဖစ္တယ္လို႔ ျပန္လည္သိရွိခဲ့ရပါတယ္။
ျပည္ပ(၆)ႏိုင္ငံက ဖိတ္ၾကားထားတဲ့ အသိ ပညာရွင္၊ အတတ္ပညာရွင္ (၁၂)ဦး (Virtual ၂ ဦး) ထဲမွ (၃) ဦးရဲ႕ Key Note Speech ေတြ ၊ (၉) ဦးရဲ႕ Session (၂) ခု သတ္မွတ္ေခါင္းစဥ္ေတြအေပၚ ထိထိေရာက္ေရာက္ ေဖာ္ထုတ္ေဆြးေႏြးႏိုင္ခဲ့တာ ဟာလည္း ႏိုင္ငံရဲ႕ပုံရိပ္အတြက္ အသြင္သဏၭာန္ေရာ အႏွစ္သာရပါ ျပည့္ျပည့္ဝဝရရွိခဲ့တယ္လို႔ ခံစားမိပါ တယ္။ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူ အညီမ်ားေပးျခင္းသည္ ေတြ႕ဆုံေဆြးေႏြးေရးလမ္း ေၾကာင္းတြင္ အဓိကအေရးပါမႈ၊ အေရးႀကီးမႈတစ္ခု ျဖစ္ပါတယ္။ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးျခင္းသည္International comm­unity ရဲ႕ Peace Process ႏွင့္ ပံ့ပိုးကူညီႏိုင္မႈယူတဲ့ အခါမွာ ၎တို႔၏ လႊမ္းမိုးမႈမျဖစ္ေပၚေစေရးအတြက္ သတိျပဳဖို႔လိုအပ္ပါတယ္။ ပဋိပကၡအလြန္လက္နက္ ကိုင္အစုအဖြဲ႕ေတြရဲ႕ ေျပာင္းလဲေရးျဖစ္စဥ္အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြေဆာင္႐ြက္သင့္ေၾကာင္း၊ မီဒီ ယာက႑က သတင္းေတြကို က်င့္ဝတ္နဲ႔အညီတင္ျပ ဖို႔လိုအပ္ၿပီး ပြင့္လင္းျမင္သာၿပီးရပ္တည္ခ်က္ ေကာင္းဖို႔လိုပါတယ္။
ျမန္မာ့နည္း၊ ျမန္မာ့ဟန္ (Myanmar-Owned, Myanmar-Led) ဆိုတဲ့ ေဆြးေႏြးခ်က္ စကားစုေလးဟာ တက္ေရာက္လာသူရဲ႕ရင္ထဲကို ထိထိမိမိ ေရာက္ရွိခဲ့ပါတယ္။ Peace Process ကို ေဆာင္႐ြက္တဲ့အခါမွာ မိမိတို႔ႏိုင္ငံနဲ႔လိုက္ ေလ်ာညီေထြရွိဖို႔ လိုအပ္ပါတယ္။
ဒုတိယေန႔နဲ႔ တတိယေန႔ေဆြးေႏြးပြဲေတြ မွာေတာ့ Session ႏွစ္ခုခြဲၿပီး ျပည္တြင္းအလႊာ အသီးသီးက တက္ေရာက္သူ (၂၄၀)ေက်ာ္နဲ႔ ေခါင္း စဥ္ (၅)ခုကို ေဆြးေႏြးၾကရာမွာ တက္ေရာက္လာ ၾကသူအားလုံး ေမွ်ာ္လင့္မထားတဲ့ လြတ္လပ္ပြင့္လင္း ျမင္သာစြာ ေဆြးေႏြးေမးျမန္းမႈေတြဟာလည္း Peace Forum 2025 ရဲ႕ထင္ရွားတဲ့ ပုံရိပ္တစ္ခုျဖစ္ေစပါတယ္။
Moderator ၊ Speaker နဲ႔ Partic­ipant ေတြရဲ႕ အျပန္အလွန္ေဆြးေႏြးမႈေတြနဲ႔ မီဒီယာေတြရဲ႕ အင္တာဗ်ဴးေတြဟာလည္း Peace Forum 2025 ရဲ႕ ပြင့္လင္းျမင္သာမႈကို ပုံေဖာ္ႏိုင္ခဲ့ ပါတယ္။ Peace Forum 2025 ရဲ႕ ထူးျခားတဲ့ အခင္းအက်င္းတစ္ခုကေတာ့ ျပည္တြင္း ႏိုင္ငံပိုင္မီဒီယာ (၂)ခု၊ ပုဂၢလိက ပိုင္(၈)ခုႏွင့္ ျပည္တြင္းအေျခစိုက္ ျပည္ပမီဒီယာ (၃) ခုျဖစ္တဲ့ Xinhua ၊ Asahi Shimbun၊ BBCတို႔ကို ဖိတ္ၾကားတက္ေရာက္ေစခဲ့ၿပီး လြတ္လပ္စြာသတင္းရယူခြင့္၊ ေမးျမန္းမႈေတြ ျပဳခဲ့ျခင္းဟာလည္း ထူးျခားတဲ့ Peace Forum 2025 ရဲ႕ အခင္းအက်င္းတစ္ရပ္လို႔ ျပည္တြင္းျပည္ပ ေလ့လာသူေတြက ေထာက္ျပၾကပါတယ္။
အမ်ားစုမထင္မွတ္တဲ့ လူပုဂၢိဳလ္တခ်ိဳ႕ ဖိုရမ္မွာ တက္ေရာက္ေဆြးေႏြးမႈေတြဟာလည္း ႏိုင္ငံ တကာရဲ႕ စိတ္ဝင္စားမႈနဲ႔ ျပည္တြင္းမွာ ဂယက္႐ိုက္ ခတ္မႈေတြရွိၿပီး ဒီေန႔ထိ လူမႈကြန္ရက္မွာ ေတြ႕ျမင္ ေနရဆဲျဖစ္ပါတယ္။ မႏၲေလးငလ်င္ေၾကာင့္ ႐ုံးအ ေဆာက္အအုံနဲ႔ဟိုတယ္ႀကီးေတြပ်က္စီးၿပီး လတ္တေလာျပဳျပင္ေနဆဲ အေျခအေနေတြ၊ အခန္းေနရာရ ရွိမႈ အက်ယ္အဝန္းကန႔္သတ္ခ်က္ေတြေၾကာင့္ တက္ ေရာက္လာသူေတြအတြက္ လိုအပ္ခ်က္၊ အားနည္း ခ်က္ေတြ ျဖစ္ေစႏိုင္ခဲ့တာကိုလည္း နားလည္ခံစားမိ ပါတယ္။ ေနာက္တစ္ပြဲကေတာ့ ဒီထက္ပို လူေတြ မ်ားျပားလာႏိုင္တာမို႔ ေနထိုင္ေရး၊ စားေသာက္ေရးနဲ႔ အုပ္ခ်ဳပ္ေရးအားနည္းခ်က္ေတြကို ကုစားႏိုင္ဖို႔ ႀကိဳ တင္စဥ္းစားေနမိပါတယ္။ Peace Forum 2025 ပြဲႀကီးလည္း ၿပီးသြားၿပီဆိုေတာ့ အဓိကအေရးပါဆုံး ျဖစ္တဲ့ အႀကံျပဳတင္ျပခ်က္ေတြကို စုစည္း၊ က႑ေတြခြဲၿပီး က်စ္က်စ္လ်စ္လ်စ္နဲ႔ အႀကီးအကဲကို တင္ျပ ႏိုင္ဖို႔က ဦးစားေပးပထမ၊ အဲဒီတင္ျပခ်က္ေတြကတစ္ ဆင့္ အႀကီးအကဲဆီကေန Implementation အပိုင္းအတြက္ ဆက္လက္ေဆာင္႐ြက္ခြင့္၊ ဆက္လက္ ေဆာင္႐ြက္သြားဖို႔က Peace Forum 2025 ရဲ႕ အႏွစ္သာရပဲျဖစ္မယ္လို႔ နားလည္ယုံၾကည္မိပါတယ္။
အဲဒီေတာ့ ျပန္ၿပီးခ်ဳပ္ၾကည့္လိုက္ရင္ စတင္ေမးျမန္းစဥ္က မေျဖျဖစ္ခဲ့တဲ့ ေမးခြန္းေလး ျဖစ္တဲ့ သက္ဆိုင္သူမ်ားအၾကား နားလည္မႈရာခိုင္ႏႈန္း ဘယ္ေလာက္ထိ ျမင့္တက္လာမလဲဆိုတဲ့အေပၚ ကြၽန္ ေတာ့္စိတ္အထင္ေတာ့ ေနာက္တစ္ပြဲမတိုင္မီ Peace Forum 2025 ရဲ႕ ရလဒ္ေတြအေပၚ Impleme­ntation လုပ္တဲ့အပိုင္းက အဓိကအက်ဆုံးပဲလို႔ သုံးသပ္မိပါတယ္။ လတ္တေလာအေနအထား အရေတာ့ ေအာင္မွတ္ရမယ္လို႔ထင္တာပါပဲ။ (၅၁)ရာခိုင္ႏႈန္းေလာက္ေတာ့ ကိုယ့္ဘာသာပဲေပး လိုက္မိပါေတာ့တယ္။
ေနာက္တစ္ႀကိမ္ပြဲႀကီးတစ္ပြဲအတြက္ စတင္ စဥ္းစား၊ ေတြးေတာ၊ ျပင္ဆင္ေနရင္း တစ္ဖက္ ကလည္း Peace Forum 2025 ရဲ႕ Impleme­ntation အတြက္ အခ်က္အလက္ေတြ စုေဆာင္း၊ စီမံခ်က္ေတြ၊ ေရးဆြဲမႈေတြ လုပ္ေဆာင္ေနပါၿပီ။

Related news

© 2021. All rights reserved.