သိုင်းရွိုက်ကင်ဆာရောဂါ ခံစားခဲ့ရဖူးကြောင်း ဖွင့်ဟပြောလာတဲ့ တောင်ကိုရီးယားသရုပ်ဆောင် ဂျောင်ဂန်ဆော့ခ်

 278

ရောင်နီ (NP News) - ဇူလိုင် ၁၆
တောင်ကိုရီးယားသရုပ်ဆောင် ဂျောင်ဂန်ဆော့ခ်ဟာ တစ်ချိန်က သိုင်းရွိုက်ကင်ဆာရောဂါ ရင်ဆိုင်ခဲ့ရဖူးကြောင်း ဇူလိုင်လ ၁၆ ရက်က KST မှာ ထုတ်လွှင့်မယ့် MBC Variety show 'Radio Star' မှာ မျှဝေခဲ့ပါတယ်။
အချိန်အတော်ကြာ အနုပညာအလုပ်တွေ ရပ်နားပြီး အနားယူခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပရိသတ်ရှေ့ ပြန်ရောက်လာခဲ့ပြီး show အတွင်း သူ့ရဲ့ရောဂါအကြောင်းကို ပြန်လည်ဖောက်သည် ချခဲ့ပါတယ်။ “ခွဲစိတ်ဖို့ ၁ဝ လ လောက် စောင့်ခဲ့ရပါတယ်။ မိသားစုကိုတောင် မပြောနိုင်ခဲ့ဘူး” လို့ သူက ဖွင့်ဟခဲ့ပါတယ်။
ဒီရောဂါကိုကျော်လွှားပြီးတဲ့နောက် အလေးထားရတဲ့ပရိသတ်တွေရဲ့ရှေ့မှာ ပြန်လည်ရပ်တည်လိုတဲ့ ဆန္ဒဖြစ်ပေါ်ခဲ့ တယ်လို့ ၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒါအပြင်သူက ဂျပန်မှာလည်း busking, EDM performances နဲ့ concept-heavy musical stages စတဲ့ အနုပညာလှုပ်ရှားမှုတွေ ပြန်လည်စတင်မယ်လို့ ဆိုပါတယ်။
ဂျောင်ဂန်ဆော့ခ်ဟာ "အိန်ဂျယ်ချစ်သူ - You're beautiful" ဇာတ်ကားနဲ့ လူသိများခဲ့တဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ သိုင်းရွိုက်ကင်ဆာရောဂါကြောင့် ပရိသတ်ရှေ့ နှစ်အတော်ကြာ ပျောက်ကွယ်နေခဲ့သူလည်း ဖြစ်ပါတယ်။

Zawgyi Version:
သိုင္း႐ြိဳက္ကင္ဆာေရာဂါ ခံစားခဲ့ရဖူးေၾကာင္း ဖြင့္ဟေျပာလာတဲ့ ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ေဂ်ာင္ဂန္ေဆာ့ခ္
ေရာင္နီ (NP News) - ဇူလိုင္ ၁၆
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ေဂ်ာင္ဂန္ေဆာ့ခ္ဟာ တစ္ခ်ိန္က သိုင္း႐ြိဳက္ကင္ဆာေရာဂါ ရင္ဆိုင္ခဲ့ရဖူးေၾကာင္း ဇူလိုင္လ ၁၆ ရက္က KST မွာ ထုတ္လႊင့္မယ့္ MBC Variety show 'Radio Star' မွာ မွ်ေဝခဲ့ပါတယ္။
အခ်ိန္အေတာ္ၾကာ အႏုပညာအလုပ္ေတြ ရပ္နားၿပီး အနားယူခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္အျဖစ္ ပရိသတ္ေရွ႕ ျပန္ေရာက္လာခဲ့ၿပီး show အတြင္း သူ႔ရဲ႕ေရာဂါအေၾကာင္းကို ျပန္လည္ေဖာက္သည္ ခ်ခဲ့ပါတယ္။ “ခြဲစိတ္ဖို႔ ၁ဝ လ ေလာက္ ေစာင့္ခဲ့ရပါတယ္။ မိသားစုကိုေတာင္ မေျပာႏိုင္ခဲ့ဘူး” လို႔ သူက ဖြင့္ဟခဲ့ပါတယ္။
ဒီေရာဂါကိုေက်ာ္လႊားၿပီးတဲ့ေနာက္ အေလးထားရတဲ့ပရိသတ္ေတြရဲ႕ေရွ႕မွာ ျပန္လည္ရပ္တည္လိုတဲ့ ဆႏၵျဖစ္ေပၚခဲ့ တယ္လို႔ ၎က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ ဒါအျပင္သူက ဂ်ပန္မွာလည္း busking, EDM performances နဲ႔ concept-heavy musical stages စတဲ့ အႏုပညာလႈပ္ရွားမႈေတြ ျပန္လည္စတင္မယ္လို႔ ဆိုပါတယ္။
ေဂ်ာင္ဂန္ေဆာ့ခ္ဟာ "အိန္ဂ်ယ္ခ်စ္သူ - You're beautiful" ဇာတ္ကားနဲ႔ လူသိမ်ားခဲ့တဲ့ မင္းသားတစ္လက္ ျဖစ္ပါတယ္။ သိုင္း႐ြိဳက္ကင္ဆာေရာဂါေၾကာင့္ ပရိသတ္ေရွ႕ ႏွစ္အေတာ္ၾကာ ေပ်ာက္ကြယ္ေနခဲ့သူလည္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.